Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

မဟာသန္တိသုခကျောင်းအား ညပိုင်းဝင်သိမ်းမည်ကို စိုးရိမ်၍ ညလုံးပေါက်စောင့်


မဟာသန္တိသုခကျောင်းတော်ကြီးအား နိုင်ငံတော်သံဃမဟာနာယက(မဟန)အဖွဲ့ဆုံး ဖြတ်ချက်ဖြင့် မတ်လ ၃၁ရက်တွင် နောက်ဆုံးထားဖယ်ရှားပေးရန် ညွှန်ကြားထား၍ ယင်းညဥ့်သန်းခေါင်ယံတွင် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများဖြင့် ၀င်ရောက်ဖယ်ရှားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။

‘‘ညဘက်မှာ မ၀င်ရောက် လာဘူးလို့ ပြောမရဘူး။ မိကျောင်းကန်သပိတ်စခန်းကို ကြည့်ပါလား။ လူအများကြီးနဲ့ ၀င်ဖျက် သွားတာ။ ဒါကြောင့်ကျောင်း တော်နဲ့ ဆရာတော်ကို အကုန်လုံး ကာရံပေးထားတယ်’’ဟု အဆိုပါကျောင်းတွင် သီတင်းသုံးနေသော ဆရာတော်တစ်ပါးဖြစ်သည့် ဦး ပဏ္ဍ၀ံသကမိန့်ကြားသည်။

 ရန်ကုန်တွင် သီတင်းသုံးနေသော ဆရာတော်များ၊ လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများက အဆိုပါကျောင်းတော်ကြီးကို ညလုံးပေါက်စောင့်ရှောက်ရန် စီစဉ်ထားကြောင်း အထက်ပါဆရာတော်က မိန့်ကြားသည်။

 မဟာသန္တိသုခကျောင်းတော်ကြီးသည် နိုင်ငံတကာနှင့် မြန်မာနိုင်ငံမှ အလှူရှင်များစု ပေါင်းဆောက်လုပ်ပြီး ပီနန်ဆရာ  တော်ကြီးထံလှူဒါန်းထားသော ကြောင့် အဆိုပါသံဃာများထံမှ အဓမ္မသိမ်းပိုက်ခြင်းကို တာမွေရပ် ကွက်နေပြည်သူများက လုံးဝလက်မခံကြောင်း ဆိုင်းဘုတ်များ  ကို ကျောင်းတော်ကြီးမုခ်ဝများတွင် ချိတ်ဆွဲထားသည်ကိုတွေ့ရသည်။

‘‘သူတို့ ညဘက်ဝင်သိမ်းမယ်ဆိုရင်လည်း နိုင်ငံတော်ပုံရိပ်ထိ ခိုက်တယ်။ ဆူပှုမှုတွေနောက်တစ် ကြိမ်ဖြစ်လာနိုင်တယ်။ သိပ်တော့လည်း စိုးရိမ်ကြီးတော့မဟုတ်ဘူး ပေါ့’’ဟု ပီနန်ဆရာတော်ကြီးအား အနီးကပ်စောင့်ရှောက်သူဦးသန့်ကပြောသည်။

 ယင်းကိစ္စနှင့်ပတ်သက်၍ တာမွေရဲစခန်းက အထက်မှ ညွှန် ကြားချက်မရရှိထားကြောင်း၊ ညွှန် ကြားချက်ရှိလျှင်လည်း ၎င်းတို့အ နေဖြင့် မသိရှိကြောင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။

‘‘အထက်လူကြီးတွေပဲ ညှိ နှိုင်းပြီး လုပ်ကြတာ။ အောက်ခြေ  အနေနဲ့တော့ မသိပါဘူး။ ခုထက်ထိတော့ ကျွန်တော်တို့ဘာမှမသိသေးပါဘူး’’ဟု မတ်လ ၃၁ရက် ည ၇နာရီတွင် ယင်းကျောင်းတော်အား ၀င်ရောက်ဖယ်ရှားရန် ရှိ၊ မရှိ မေးမြန်းချက်ကို တာဝန်ခံရဲဝန်ထမ်းတစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။

မတ်လ ၂၅ရက်တွင် ပြုလုပ် ခဲ့သော သတင်းစာရှင်းလင်းပွဲ၌နိုင်ငံတစ်ဝန်းမှ သံဃာတော်အပါး လေးရာ၊ အနုပညာရှင်များ၊ နိုင်ငံ ရေးအင်အားစုများ၊ လူမှုရေးအဖွဲ့အစည်းများက ကျောင်းတော်ကို အတင်းအဓမ္မ၀င်ရောက်သိမ်းဆည်းပါက ၀ိုင်းဝန်းကန့်ကွက်ကြောင်းယင်းပွဲတွင် မြွတ်ဆိုပြောကြားခဲ့သည်။

7day daily

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB