Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

မြေနေရာ၊ အိမ်ဆောက်ပစ္စည်းနှင့် အလုပ်အကိုင်အာမခံချက်ပေးမည့် DKBA နောက်သို့ ဖယ်ရှားခံ သမီးကလေးကျေးရွာသားများအပါအ၀င် အခြားကျေးရွာများမှ လူ ၃၀၀ နီးပါး ယနေ့လိုက်မည်

                            (အစားပြန်ပေးသော ၀ါးယားကုန်းကျေးရွာအနီးရှိ မြေကွက်တွင် ရေရရှိရန် တူးဖော်နေရမှုကို မတ် ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း))

တပ်မြေဧရိယာအတွင်း ပါဝင်သည်ဟုဆိုကာ အင်အားသုံးဖယ်ရှားခံရသည့် သမီးကလေးကျေးရွာသားများသည် အစားပြန်လည်ချပေးသော ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၀ ရှိ ၀ါးယားကုန်းကျေးရွာအတွင်းရှိ မြေကွက်များကို အမည်ပေါက်မပေးသဖြင့် ငြင်းပယ်ခဲ့ကြပြီး မြေနေရာ၊ အိမ်ဆောက်ပစ္စည်းနှင့် အလုပ်အကိုင်အာမခံချက်ပေးမည့် DKBA နောက်သို့ ယနေ့(ဧပြီ ၁ ရက်)တွင် လိုက်မည်ဖြစ်ကြောင်း သိရသည်။

မတ် ၂၇ ရက်က သမီးကလေးကျေးရွာမှ အိမ်ထောင်စု ၆၄ စုကို ပြည်ခိုင်ဖြိုးပါတီမှ ၀ါးယားကုန်းရွာအတွင်းရှိ မြေကွက်များတွင် အိမ်ထောင်စုတစ်စုလျှင် ပေ၂၀×ပေ ၅၀ တစ်ကွက်စီ ပေးအပ်ခဲ့ပြီး ဆောက်လုပ်ရန် အိမ်ဆောက်ပစ္စည်းချို့တဲ့မှုအပါအ၀င် ရေ၊ မီးစသော အခြေခံလိုအပ်ချက်အချို့မရှိမှုကြောင့် အိမ်ထောင်စုများသည် အဆိုပါနေရာသို့ ပြောင်းရွှေ့ပြီးမှ နေထိုင်ရန်ငြင်းပယ်ပြီး မူလခိုလှုံရာ အောင်သိဒ္ဓိဘုန်းကြီးကျောင်းတွင်သာ ပြန်လည်ခိုလှုံခဲ့သည်။



"အစားပြန်ပေးတဲ့မြေနေရာမှာ အမည်ပေါက်ပြန်မပေးတဲ့အပြင် ရေလည်းမရဘူး၊ အိမ်ဆောက်ဖို့ ၀ါးတွေ၊ ဓနိတွေကလည်း အခြေအနေတွေပျက်သွားလို့ မ၀ယ်နိုင်ဘူး။ အဲဒါကြောင့် နေရာ၊ အိမ်ဆောက်ပစ္စည်း အလုပ်အကိုင် အပြည့်အစုံပေးမယ့် DKBA နောက်ကိုပဲလိုက်ဖို့ ဆုံးဖြတ်လိုက်ကြတာပါ"ဟု သမီးကလေးကျေးရွာမှ အမျိုးသမီးတစ်ဦးကဆိုသည်။

DKBA ခေါ်ဆောင်ရာနောက်သို့ လိုက်ပါမည့်သူများမှာ သမီးကလေးကျေးရွာမှ ရွာသားများအပါအ၀င် အနီးအနားမှ အင်းမတီး၊ ထော်ကလီရွာများမှပါ လိုက်ပါမည်ဖြစ်ကာ စုစုပေါင်းလူဦးရေ ၂၉၂ ဦး၊ အိမ်ထောင်စု ၉၁ စုအထိရှိကြောင်း အောင်သိဒ္ဓိဘုန်းကြီးကျောင်း ဆရာတော် ဦးအဂ္ဂဓမ္မက The Daily Eleven သို့ မတ် ၃၁ ရက်တွင် မိန့်ကြားသည်။

"သမီးကလေးရွာအပါအ၀င် အနီးအနားရွာတွေကလည်း သူတို့ DKBA နောက်ကို လိုက်သွားကြမယ်လို့ စာရင်းပေးထားတယ်။ ဆရာတော်နှစ်ပါးတောင် ပါသေးတယ်။ မနက်ဖြန်ညနေလောက် DKBA က လာခေါ်လိမ့်မယ်။ နေရာထိုင်ခင်းအပြည့်အစုံ စီစဉ်ပေးပါ့မယ်လို့ DKBA က ဘုန်းကြီးကို အာမခံလျှောက်ထားပါတယ်" ဟု ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားသည်။

အဆိုပါ မိသားစုများသည် မြ၀တီမြို့ အရှေ့ဘက် ၁၅ မိုင်အကွာ ကျောက်ခင်းရွာ သောင်ရင်းမြစ်တစ်ဖက်ကမ်းသို့ ပြောင်းရွှေ့ရမည်ဖြစ်ပြီး တစ်အိမ်ထောင်လျှင် ပေ ၄၀×ပေ ၆၀ မြေကွက်တစ်ကွက်နှုန်းဖြင့် ၀ါး၊ ဓနိ စသော အိမ်ဆောက်ပစ္စည်းများကိုလည်း ဖန်တီးပေးမည်ဖြစ်ကာ ပြောင်းရွှေ့မည့်အိမ်ထောင်စုများမှာ အဆိုပါနေရာ၌ တောင်ယာလုပ်ငန်းနှင့် အခြားဒေသလုပ်ငန်းများကို လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဖယ်ရှားခံ သမီးကလေးရွာသားများကို ဖေဖော်ဝါရီ တတိယပတ်အတွင်းကတည်းက DKBA က ခေါ်ဆောင်ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က သမီးကလေးရွာသားများက သက်ဆိုင်ရာအစိုးရ၏ မိမိတို့အပေါ်တုံ့ပြန်မှုအား စောင့်ဆိုင်းမည်ဖြစ်ပြီး အကယ်၍ လက်ရှိနေရာမှ အတင်းဖယ်ခိုင်းပါက ၎င်းတို့အနေဖြင့် လိုက်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB