Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

April Fools Day နဲ့ အနုပညာရှင်တို့ ရင်ခုန်သံ


April Fools Day နေ့ကို ဧပြီလ ၁ရက်မှာ နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ ရှိပါ တယ်။ ဧပြီ ၁ ရက်နေ့က အမျိုး သားနေ့ မဟုတ်ပေမယ့် အဲဒီနေ့ ကို နိုင်ငံ အတော် များများက အသိ အမှတ်ပြုကြပြီး လက်ခံ ကျင်းပကြပါ တယ်။
April Fools Day နေ့ကို တစ်ဦး နဲ့ တစ်ဦး စနောက်ကြတဲ့ နေ့အဖြစ် သတ်မှတ် ထားပြီး ရယ်မောစရာ ကိစ္စ ရပ်တွေ ဖန်တီး ကာ နောက်ပြောင် ကြ ပါတယ်။ စာရေးဆရာ Chaucer ရဲ့ Conterbury ပုံပြင်မှ တစ်ဆင့် April Fools နေ့ဖြစ်လာတယ် လို့ အစော ပိုင်း မှတ်တမ်း များအရ သိရပါတယ်။ ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂ဝ ရာစုအစော ပိုင်းက အီတလီ၊ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံနိုင်ငံ က ကလေးတွေဟာ တစ်ယောက်ရဲ့ နောက်ကျောမှာ တစ်ယောက် ငါးရုပ် ကပ်ပြီး လှောင် ပြောင် ရယ်မောကြပါတယ်။ April Fools နေ့ ကို အနောက်နိုင်ငံတွေ မှာ ကျင်းပလေ့ ရှိပါ တယ်။ မြန် မာနိုင်ငံ မှာလည်း April Fools နဲ့ ပတ်သက် ပြီး အနုပညာရှင်တွေ အနေ နဲ့ ရင်ခုန် နောက်ပြောင် ကျီစားလေ့ ရှိပါတယ်။ ဒါကြောင့်လည်း ဒီနှစ် April Fools အစီအစဉ်တွေ နဲ့ ပတ်သက်ပြီး အနု ပညာရှင်တွေ ကိုမေးမြန်း တင်ဆက်လိုက်ပါတယ်။

ဖြိုးငွေစိုး-

“အစကတော့ April Fools Day နေ့မှာ မင်္ဂလာဆောင်မယ် ဆိုပြီး တစ် တိုင်းပြည်လုံးကို နောက်မယ် ဆိုပြီး စီစဉ်ထားတာ။ ဒါပေမဲ့ ပြီးတော့ ရက်ရွေးနေ ရင်းနဲ့ပဲ ကျွန်တော်က April လကိုကြိုက်တယ်။ အဲဒါနဲ့ April တစ်ရက်နေ့မှာဆောင်ဖို့ စိတ်ကူးရသွား တယ်။ ကျွန်တော် တစ်ခါမှလည်း April Fool နေ့မှာ မနောက် ဖူးပါဘူး။ အဲဒီ နေ့လေးမှာ အမှတ်တရဖြစ်ပြီး အားလုံး ပျော်ရအောင်ဆောင်ဖြစ်တာပါ”

ဟိန်းဝေယံ

“ဧပြီ ၁ရက်နေ့ ဧပရယ်ဖူးလ် နေ့ကိုတော့ တစ်ခါမှတော့ ဘယ်သူ ကိုမှ မနောက်ဖူးဘူး။ ကိုယ်တိုင် လည်း အနောက် မခံဖူးဘူး။ ဒီနှစ်မှာ လည်း အဲဒီနေ့မှာ အနောက်မခံရ အောင်နေမှာပါ။ ဘာဖြစ်လို့လဲ ဆို တော့ ဧပရယ်ဖူးလ် ဆိုတာ သိနေပြီ လေ။ အဲဒီနေ့ကို သတိမထားဘဲ မေ့ နေတဲ့သူတွေကို နောက်တာက ပိုကောင်း တယ်လို့ ထင်ပါတယ်”

ကျော်ထွဋ်ဆွေ

- “April Fools Dayဆိုတာက တော့ အရူးထတာပေါ့ဗျာ။ ကျွန်တော် တို့ဆိုလည်း သူငယ်ချင်းတွေ တစ်ယောက် နဲ့တစ်ယောက်စတာမျိုး ရှိပါတယ်။ April Fool Day မှာချစ်သူ ခင်သူတွေ တစ်ယောက်နဲ့တစ် ယောက် အချစ်စမ်းတဲ့ အနေနဲ့ပျော်ပျော် ရွှင် ရွှင်စနိုင်ပါစေ။ အရူးထနိုင်ပါစေဗျာ”

နီနီခင်ဇော်

“အမှတ်တရတော့ မရှိဘူး။ ဒီနှစ် တော့ သူငယ်ချင်းတွေကို နောက်ဖို့ စဉ်းစားထားတယ်။ နီနီ ၁ဝတန်းလောက် အထိ April Fools Day က ဘယ်နေ့မှန်း မသိဘူး။ တက္ကသိုလ် ရောက်တော့မှ April Fools Day က ဘယ်နေ့ဆိုတာ သိတာ။ စသိတဲ့ အချိန်မှာ တစ်ယောက် နဲ့တစ် ယောက်စကြတယ်။ နီနီ ကိုလည်း စကြ တယ်။ ဖုန်းထဲကို မက်ဆေ့ခ်ျတွေ ဝင်လာတယ်။ ကိုယ်က အဟုတ်ထင် နေတာ။ နောက်တော့မှ အဲဒါ April တဲ့ အဲဒါလေးတွေတော့ ရှိပါတယ်”

Popular Journal 

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB