Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

မုံရွာတွင် တက္ကသိုလ်နှစ်ခုမှ ကျောင်းသားများ ချိန်းဆိုရန်ပွဲဖြစ်

မုံရွာမြို့ ၀ိဇ္ဇာ/သိပ္ပံ တက္ကသိုလ်ကျောင်းသားများနှင့် နည်းပညာတက္ကသိုလ်မှ ကျောင်းသားများသည် ယခု လ ၁၀ ရက် နံနက် ၉နာရီအချိန်က အောင်သာကျေးရွာ နှင့် မိုးညှင်းသံမ္ဗုဒ္ဓေဘုရားသို့ ဆက်သွယ်ဖောက် လုပ်ထားသည့် ကားလမ်းဘေး ကန် တော်ဦးစေတီအနီးတွင် ချိန်းဆို၍ ရန်ပွဲ ဖြစ်ခဲ့သည်ဟု မုံရွာခရိုင် ဒုစရိုက်မှု အထူး နှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ရဲအုပ် လင်းထက်နိုင်က မတ် ၁၁ တွင် မဇ္ဈိမကိုပြောသည်။

ယခုလ ၁၀ ရက် နံနက် ၉ နာရီအချိန် က ၀ိဇ္ဇာ/သိပ္ပံကျောင်းသား မောင်စည်သူ အပါအ၀င် လူငယ် ၁၅ ဦး သည် ကားတစ်စီး၊ ဆိုင်ကယ်ခြောက်စီးဖြင့် မုံရွာနည်းပညာ တက္ကသိုလ်ကျောင်းမှ Civil (မြို့ပြ) ဒုတိယ နှစ်ကျောင်းသား မောင်ဇေယျာဦး၏ တယ်လီဖုန်းဖြင့် ချိန်းဆိုချက်အရ သွားရောက်ခဲ့သည်ဟု ရဲစခန်းတွင် ထွက်ဆို ထားသည်။


ထို့နောက် မုံရွာတက္ကသိုလ်ကျောင်းသား မောင်စည်သူ အပါအ၀င်လူငယ် ၁၅ ဦးနှင့် မုံရွာ နည်းပညာ တက္ကသိုလ်ကျောင်းသား မောင်ဇေယျာဦး အပါအ၀င် လူငယ် ၁၀ဦးတို့သည် အဆိုပါနေရာ၌ ရန်ပွဲဖြစ်ခဲ့ သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် ၀ိဇ္ဇာ/သိပ္ပံကျောင်းသား မောင်စည်သူ အသက်(၁၇)နှစ်၊ ဘူမိဗေဒ ပထမနှစ်ကျောင်းသားဆိုသူ မှာ ဦးခေါင်း ၀ဲဘက် ချိုစောင်းတွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် မုံရွာပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ် အတွင်းလူနာအဖြစ် ဆေးဝါး ကုသမှု ခံယူလိုက်ရသည်။

ထို့ပြင် မောင်စည်သူ၏ ကားမှာ ရှေ့နောက်မှန်များ ကွဲကြေပျက်စီးခဲ့သည်ဟု ရဲစခန်းသို့ တိုင်ကြားခဲ့သည် ဟု ရဲဌာနက ဆိုသည်။

ထို့ကြောင့် မုံရွာမြို့မရဲစခန်းမှူး ဒု-ရဲမှူး ကျော်ကျော်ညွန့်က မုံရွာတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် နည်းပညာ တက္ကသိုလ်ကျောင်းအုပ်ကြီးထံသို့ အဆိုပါဖြစ်စဉ်အား ဆက်သွယ် အကြောင်းကြားထားသည်ဟု ရဲဌာန က ဆိုသည်။

ကိုတိုးကြီး/Mizzima Burmese

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB