ခွဲစိတ်ဖို့ လုပ်ထားတာ ကြာပါပြီ။ ဒါပေမဲ့
မခွဲစိတ်ချင်တာနဲ့ အချိန်ဆွဲထား တယ်။ ခုတော်တော် နာကျင်လာလို့ ခွဲ
စိတ်လိုက်တာပါ” ဟု ဇင်ဝိုင်းကပြော သည်။
”ခွဲစိတ်ထား တဲ့နေရာမှာ အဆစ် နှစ်ခုက ပြားပြီး တစ်ခုက ကျွံထွက်နေ တာကို ပြန်လုပ်တာ အခု အရမ်းနာကျင် ပါတယ်” ဟု ဇင်ဝိုင်းက ပြောသည်။
ဇင်ဝိုင်းက ၈၈ အရေးအခင်း စစ်ကြောရေး တွင်
ခါးဒဏ်ရာ ရရှိခဲ့ပြီး ခွဲစိတ်ရန် ဘန်ကောက်ကို အခါခါသွား သော်လည်း
မခွဲစိတ်ဖြစ်ဘဲ ၂ဝ၁၄ ခုနှစ် မှသာ ခွဲစိတ်ကြောင်း သိရသည်။
”နာကျင်တဲ့ဝေဒနာကို ဘယ်လိုမှ မခံစားနိုင်တော့လို့ ဘန်ကောက်မြို့ ဝေ့ ဌာနီဆေးရုံမှာ ခွဲစိတ်လိုက်တာပါ” ဟု ၄င်းကဆက်ပြောသည်။
မတ် ၁ ရက်နေ့မှာ ခွဲစိတ်မှု ပြု လုပ်ပြီး ခါးရိုး အဆစ်နေရာ ဖြစ်သည့် အတွက် လေးနာရီကြာ ခွဲစိတ်ရကြောင်း ၄င်းထံမှ သိရသည်။
”သက်သာလာပါတယ်။ ၄ ရက် နေ့မှာ ဆေးရုံက
ဆင်းရပြီး တစ်ပတ်ကြာ ရင် ချုပ်ရိုးတွေ ဘာတွေ ပြန်ပြပြီး ဓာတ် မှန်
ရိုက်ပြီး အခြေအနေကို အတိအကျ သိရမယ်” ဟု ၄င်းက ဆက်ပြောသည်။
ဇင်ဝိုင်းသည် အနုပညာလောက မှာ သင်္ကြန်မိုး ဇာတ်ကားနဲ့ နာမည်ရလာ သူ တစ်ဦးဖြစ်သည်။
popularmyanmar
No comments:
Post a Comment