Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

အစိုးရ ဦးဆောင်ဖွဲ့စည်းထားသော MPC ကို အယုံအကြည်မရှိကြောင်း တိုင်းရင်းသား အဖွဲ့များဖြစ်သည့် NCCT နှင့် NBF အဖွဲ့များပြောကြား


(NCCT မှခေါင်းဆောင်များနှင့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) မှခေါင်းဆောင်များ ရန်ကုန်မြို့၌ မတ် ၁၁ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-ဇင်ဘိုလွင်))

Eleven Media Group
အစိုးရ ဦးဆောင်ဖွဲ့စည်းထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းများကို ကြားခံဆောင်ရွက်နေသည့် ရန်ကုန်မြို့ရှိ Myanmar Peace Center အပေါ် အယုံအကြည် မရှိကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များပါဝင်သည့် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) နှင့် တိုင်းရင်းသားပါတီ ၂၀ ဖြင့် ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) အဖွဲ့တို့က ပြောကြားသည်။

အဆိုပါ အဖွဲ့နှစ်ဖွဲ့သည် မတ် ၁၁ ရက်က ရန်ကုန်မြို့ရှိ NBF ရုံးခန်း၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး NBF ခေါင်းဆောင်အချို့အား MPC တာဝန်ရှိသူများက ခေါ်ယူတွေ့ဆုံမှုများနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ယင်းကဲ့သို့ အပြန်အလှန် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

NBF ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် ဦးဇိုဇမ်ကို MPC က တစ်လတစ်ကြိမ် ခေါ်ယူတွေ့ဆုံမှုရှိပြီး နောက်ထပ်ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သူ ဦးစိုင်းစောသန်းမြင့်ကို ပြီးခဲ့သည့် သုံးလခန့်ကတစ်ကြိမ် ခေါ်ယူတွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်း ၎င်းတို့၏ ပြောကြားချက်အရ သိရသည်။

“MPC က နံပါတ်တစ် ကိုယ့်လူမဟုတ်ဘူး။ သူများလူ။ သူ့တာဝန်က ကိုယ့်ဘက်က အခြေတွေယိုင်ဖို့ သူ့တာဝန်ရှိတယ်။ ကျွန်တော်တို့ အကြိမ်ကြိမ်သွားတယ်။ ကျွန်တော်တို့ တပ်ပေါင်းစုနဲ့ သွားတွေ့တယ်။ ဖျက်ချင်တယ်။ UNA နဲ့ တွေ့တယ်။ ဖျက်ချင်တယ်။ ဗမာပါတီတွေနဲ့ဖြစ်ဖြစ် ရရှိတဲ့ ညီညွတ်ရေးကို ဖျက်ချင်တယ်။ သူ့ဘက်ကနေပြီးတော့ ထိုးဖောက်ဖို့ ခိုင်းထားတဲ့ သူတွေပဲ။ ဒါကြောင့် ကျွန်တော်သတိပေးချင်တာက သူတို့တစ်လတစ်ကြိမ် ခေါ်တွေ့တယ်ဆိုတာက Brainwash လုပ်တာပဲ။ သူတို့လုပ်နည်း နှစ်နည်းရှိတယ်။ အဓိက ဘာလဲဆိုတော့ သူတို့ဆီမှာ လူရိုသေ၊ ရှင်ရိုသေ ဘွဲ့တွေရှိတယ်။ ဒေါက်တာတို့၊ နိုင်ငံခြားပြန်တို့ ဟိုပညာရှင်တို့၊ ဒီပညာရှင်တို့၊ သမ္မတအကြံပေးတို့ဆိုတဲ့ ဆိုင်းဘုတ်တွေ သုံးပြီးတော့ ကျွန်တော်တို့လူတွေကိုခေါ်ပြီး ဘာလုပ်လဲဆိုတော့ ဖက်ဒရယ်ပြည်ထောင်စုလို့ ကျွန်တော်တို့က ပြောနေပြီးတော့ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ပုံစံကို ဆွေးနွေးဖို့ မရောက်ခင်မှာ လက်ဦးမှုယူပြီးတော့ ဖက်ဒရယ်ဆိုသည်မှာ ဆင်တစ်ကောင်ကိုင်သလိုပေါ့။ ဒါကတော့ မြွေပဲ၊ ဒါကတော့ လှံပဲ။ ဒါကတော့ နံရံပဲ၊ ဒါကတော့ ကြိုးပဲ၊ ဒါကတော့ သစ်ပင်ပဲဆိုတာမျိုး ဇဝေဇ၀ါဖြစ်အောင် တမင်တကာ လုပ်နေတယ်လို့ပဲ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဆီက ဆွေးနွေးချက်တွေဟာ ဥပမာ ၂၀၀၈ ထဲမှာ ဖက်ဒရယ်မူတွေ ပါနေတာပဲဆိုပြီးတော့ ပညာရှင်နော်။ နိုင်ငံခြားကလူတွေ ခေါ်ပြီးတော့ တစ်ဖက်လှည့်နဲ့ခိုင်းတာ။ သူတို့ကိုယ်တိုင်တောင် မပြောဘူး။ သုံးဖွဲ့ရှိတယ်။ အဲဒီပညာရှင်။ ကျွန်တော်စာရင်းလုပ်ထားတာ။ အဲဒီပညာရှင်တွေ ပြပြပြီးတော့ ကျွန်တော်တို့အမှန်တကယ် စစ်မှန်တဲ့၊ တကယ်လိုချင်တဲ့ ဖက်ဒရယ်ကို ရွေ့လျားအောင် လုပ်နေတာ။ ၂၀၀၈ ကိုပြင်ရင် ဖက်ဒရယ်ရမယ်ဆိုတဲ့ အယူအဆ။ နံပါတ်တစ်။ နံပါတ်နှစ် ဖက်ဒရယ်ဆိုတာ တခြားမဟုတ်ဘူး။ Power Sharing ရယ်။ Resource Sharing ပဲ။ အဲဒီ အယူအဆကို သွတ်သွင်းတယ်။ နံပါတ်သုံး။ အခုရှိနေတဲ့ ၂၀၀၈ ထဲက ဇယား(၁) ကို ဇယား(၂)ထဲ ရွှေ့လိုက်။ အဲဒါဖက်ဒရယ်ဖြစ်ပြီ။ နံပါတ်လေး။ အခုရှိနေတဲ့ ပြည်နယ်က ဘာလိုချင်လဲ။ ပြည်နယ်အစိုးရ အားနည်းနေတယ်။ ပြည်နယ်လွှတ်တော် အာဏာသိပ်မရှိဘူး။ နည်းနည်းတိုးပေးလိုက်။ ဖက်ဒရယ်ဖြစ်ပြီဆိုပြီး အားလုံးပရမ်းပတာ အယူအဆတွေ ရိုက်သွင်းနေဖို့ အမြဲတမ်း အပတ်စဉ် ခေါ်ဆွေးနွေးတာ။ အဲဒါကို ကျွန်တော်တို့ တန်ပြန်ရိုက်ချိုးဖို့ လိုတယ်” ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

ယင်းအပေါ် ဦးဇိုဇမ်က ၎င်းအနေဖြင့် Brainwash အလုပ်ခံရန် သွားခြင်းမဟုတ်ဘဲ သွားရောက်ငြင်းခုံခြင်းမျိုးသာ ဖြစ်ကြောင်း၊ ၎င်းအနေဖြင့်လည်း MPC အပေါ် အယုံအကြည် မရှိဘဲ တိုင်းရင်းသားများအတွက် Ethnic Peace Center မျိုးသာ ပေါ်ပေါက်စေချင်ကြောင်း ပြောကြားသည်။

“ပြီးခဲ့တဲ့ သုံးလလောက်က ကျွန်တော့်ကို ထူးထူးခြားခြားဖိတ်တဲ့ MPC က ပြောချင်တာပြောပါဆိုပြီး စည်းဝေးဖြစ်တယ်။ အဲတော့ ကျွန်တော်ပြောလိုက်တယ်။ ခင်ဗျားတို့ MPC ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ရရင် အစိုးရ သို့မဟုတ် သမ္မတရဲ့ အကြံပေးပုဂ္ဂိုလ်တွေ ဖြစ်တယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ လုံးဝအယုံအကြည် မရှိဘူး။ ဒီနေ့လည်း မယုံဘူး။ နောက်ကိုတော့ ခင်ဗျားတို့ လုပ်ဆောင်ချက်တွေကို ကြည့်မယ်။ ဒါ ကျွန်တော်ပထမဆုံး MPC သီးသန့် တံခါးပိတ်အစည်းအဝေးမှာ တက်ခဲ့တယ်။ အဲဒီမှာ ကျွန်တော်ပြတ်ပြတ်သားသား ပြောခဲ့တယ်။ MPC ဟာ အစိုးရနဲ့ သမ္မတရဲ့ အကျိုးဆောင်ပဲ ဖြစ်တယ်။ တိုင်းရင်းသားအကျိုး လုံးဝမပါတဲ့အတွက် ခင်ဗျားတို့ကို ကျွန်တော်လုံးဝ အယုံအကြည် မရှိဘူး။ ပွင့်ပွင့်လင်းလင်း ပြောပါဆိုတော့ ကျွန်တော်တိုင်းရင်းသား ရင်ထဲကနေ ပြောပါတယ်။ အဲတော့ ခင်ဗျားတို့ ကျွန်တော်တို့ကို ယုံကြည်စေဖို့ အနည်းငယ် လုပ်မယ်ဆိုရင် ခင်ဗျားတို့ရဲ့လမ်းကို မှန်မှန်လျှောက်ပေးပါ။ တကယ်တမ်း ကျွန်တော်တို့ တိုင်းရင်းသားပြည်သူ အားလုံးအပေါ်မှာ စေတနာမေတ္တာမှန်မှန်နဲ့ လုပ်ပေးပါ။ ဒီနေ့အထိတော့ ကျွန်တော်လုံးဝ အယုံအကြည် မရှိဘူး။ ဒါပေမဲ့ ရှေ့ဆက်ပြီးတော့ ယုံကြည်စေချင်ရင် စေတနာမှန်နဲ့ ခင်ဗျားတို့ ဆောင်ရွက်ပေးပါ။ ကျွန်တော်တို့ ၂၄ နာရီ စောင့်ကြည့်မှာ ဖြစ်ပါတယ်လို့ ကျွန်တော်ပထမဆုံးတက်တဲ့ MPC အစည်းအဝေးမှာ ပြောခဲ့ခြင်းဖြစ်ပါတယ်” ဟု MPC မှ ခေါ်ယူတွေ့ဆုံခဲ့သူ NBF ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းစောသန်းမြင့်က ပြောကြားသည်။
EMG
myanmarcnn


No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB