Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

မြန်မာပြည် မန္တလေးမှာ ကျောက်စိမ်းမြို့ တည်ဆောက်မည်

                               
မန္တလေးတိုင်းအတွင်းရှိ ဆင်ရွာမြင်းဒေသတွင် မြို့တော်အင်္ဂါရပ်များအားလုံး ပါဝင်သော ကျောက်စိမ်းမြို့(Jade Town)တစ်ခု တည်ထောင်ရန် လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရ အဖွဲ့ သစ်တောနှင့်သတ္တုဝန်ကြီးဌာန၀န်ကြီး ဦးသန်းစိုးမြင့်က ပြောသည်။
ဆင်ရွာမြင်းဒေသတွင် မြို့တော်အင်္ဂါ ရပ်များဖြစ်သော တိုက်ခန်းများ၊ ဈေးများ၊ ဘဏ်များ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ လူနေအိမ်ရာတိုက်တန်းများ၊ ကျောက်စိမ်းဈေးများ၊ ကုန်စည် လက်လီလက်ကား ဆိုင်ကြီး(Whole Sale Center) များနှင့် ရဲစခန်းများ ပါဝင်သော မြို့တော်တစ်ခုကို တည်ဆောက်ရန် လျာထားကာ လွှတ်တော်သို့ တင်ပြသွားရန် စီစဉ်မည်ဖြစ်သည်။

“မန္တလေးမြို့တွင်းမှာ မြေနေရာတွေကလည်း ကျပ်လာပါပြီ။ စီမံကိန်းအသစ်တွေ ဖော်ဆောင်ဖို့အတွက် ကလည်း အဆင်မပြေတော့ပါဘူး။ ဒါ့အပြင် အဲဒီနေရာပတ်ဝန်းကျင်က စိုက်ပျိုးမှုပိုင်းဆိုင်ရာမှာလည်း အောင်မြင်မှုသိပ်မရှိတဲ့အတွက် အခုလိုလုပ်ဆောင်သွားဖို့ စီစဉ်တာဖြစ်ပါတယ်။ အဲဒီနားမှာရှိတဲ့ မြေယာ ပိုင်ဆိုင်တဲ့သူတွေ၊ ကျောက်စိမ်းလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီး ကျောက်စိမ်းမြို့တော်တစ်ခု ဖြစ်လာ အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီအတွက် လွှတ်တော်မှာ တင်ပြသွားမှာဖြစ်ပါတယ်”ဟု သစ် တောနှင့် သတ္တုဝန်ကြီးဌာန၀န်ကြီး ဦးသန်းစိုးမြင့်က ပြောသည်။

အဆိုပါစီမံကိန်း ဖော်ဆောင်ရန် စီစဉ်မည့်နေရာအနီးတွင် ကျောက်စိမ်းစေတီ၊ အဆင့်မြင့်ကျောက်မျက် ရတနာဈေး စသည်တို့ကိုလည်း တည်ဆောက်လျက်ရှိကြောင်း၊ ထိုင်ဝမ်မှ ကျောက်စိမ်းအလုပ်ရုံတစ်ခု ကိုလည်း ဖွင့်လှစ်ရန် တင်ပြတောင်းဆိုထားသဖြင့် တိုင်းဒေသကြီးအဖွဲ့က လက်ခံခဲ့ပြီးဖြစ်ကြောင်းနှင့် လမ်းများ ပြုပြင်ခြင်းများကိုလည်း လုပ်ဆောင်လျက်ရှိကြောင်း ဆိုသည်။

လက်ရှိတည်ဆောက်ဆဲ ကျောက်မျက်ရတနာဈေးနှင့် အဆင့်မြင့်ဈေးတို့ကို ခြောက်လအတွင်း အပြီး တည်ဆောက်ရန် လျာထားဆောင်ရွက်လျက်ရှိသည့်အပြင် မန္တလေးမြို့တွင် ကျောက်စိမ်းလုပ်ငန်း လုပ် ကိုင်သည့် အရေအတွက်မှာ များပြားသဖြင့် ဆိုင်ခန်းလိုအပ်ချက်များ မရှိစေရန် အခန်းပေါင်း ၂,၀၀၀ ကျော် တည်ဆောက်ထားပြီး တင်ပြတောင်းဆိုလာသည့် အနေအထားပေါ်မူတည်ကာ ဆက်လက် တိုး မြှင့်ဖော်ထုတ်သွားရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ကျောက်စိမ်းမြို့တော်(Jade Town) တည်ဆောက်ပြီးစီးပါက အဆိုပါဒေသမှာ မန္တလေးမြို့တွင်သာမက မြန်မာနိုင်ငံအတွက်ပင် ကျောက်စိမ်း အဓိက လုပ်ကိုင်ရောင်းချသော ကျောက်စိမ်းဈေးကွက်ကြီးတစ်ခု ဖြစ်လာမည်ဖြစ်သည်။ 

Mizzima

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB