Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ဖန်စီကားဆိုပြီး ဘယ်ကားကိုမှ ပေါ့ပေါ့ဆဆမလုပ်ခဲ့ဘူးလို့ ဆိုတဲ့ ၀တ်မှုန်ရွှေရည်

၂၀၁၄ ထဲမှာ ရုံတင်ကားတွေ အများကြီးနဲ့ပရိသတ်ရဲ့အားပေးမှုကို အရယူဦးမယ့် မင်းသမီးချောလေးကတော့ ၀တ်မှုန်ရွှေရည်ပါ။ သူမဟာ လက်ရှိမှာ အန်ကယ်လေးလို့ ချစ်စနိုးခေါ်ကြတဲ့ လူမင်းနဲ့ ဗီဒီယိုကား ရိုက်ကူးနေတယ်လို့သိရတာကြောင့် သူမရှိရာ ရှုတင်ကို သွားရောက်တွေ့ဆုံခိုက် သူမနဲ့ ပြောဖြစ်ခဲ့တာတွေက ‘ခုရိုက်နေတဲ့ကားလေးက ဒယ်ဒီပွစိတဲ့။ ဒီကားလေးထဲမှာ အန်ကယ်လေးရယ်၊ ကျော်ကျော်ရယ် ၊ ကစ်ရယ်ပေါ့။ ဒီကားထဲမှာ ကစ်က အန်ကယ်လေးရဲ့သမီးပေါ့။ အဖေက စစ်တပ်ကို အုပ်ချုပ်တဲ့လူကြီးဆိုတော့ သမီးကိုလဲ အဲလိုပဲ လိုက်အုပ်ချုပ်တာပေါ့။ ဒါပေမဲ့ မရပါဘူး။ သမီးကို အလျော့ပေးရတဲ့ ပုံစံလေးပါ။ ဒီကားလေးကို ရိုက်ဖြစ်တာက ကစ်ရှေ့မှာလဲ ဒရမ်မာတွေ ရိုက်ခဲ့တော့ ဖန်စီအပျော်ကားလေးကို စမ်းရိုက်တဲ့ သဘောပါပဲ’လို့ သူမက ပြောပါတယ်။
သနပ်ခါး ဇာတ်ကားနဲ့ပတ်သတ်ပြီးတော့လဲ ‘အဲ့ကားလေးကို လက်ခံခဲ့တာက ကစ်စစချင်းမှာ အဲလိုဇာတ်ရုပ်မျိုးနဲ့ သရုပ်မဆောင်ဖူးတော့ စစချင်းမှာ စိုးရိမ်စိတ်ရှိခဲ့တယ်။ ဒါပေမဲ့ ဇာတ်လမ်းကို တစ်ကယ်လဲကြိုက်တယ်။
နောက်တစ်ခုက မလုပ်ဖူးတဲ့ ကာရိုက်တာ၊ ဇာတ်ကောင်စရိုက်မျိုးကို ကစ်လုပ်ကြည့်ချင်တယ်။ ကစ်နဲ့ဝတ်မှုန်ရွှေရည်ဆိုတာကို မမြင်ချင်တာလဲပါတယ်။ အရင်နှစ်ကထက်စာရင် ကိုယ်ရွေးချယ်ရမဲ့ ဇာတ်ရုပ်၊ ကိုယ်လုပ်ရမဲ့ ကာရိုက်တာပြန်ပြီးတော့ သေချာစီစစ်ပြီး ရွေးချယ်ဖြစ်တယ်။ ကိုယ်မလုပ်ရသေးတဲ့ ဇာတ်ရုပ်ဆိုရင် လုပ်တယ်။ တစ်ခါတစ်လေကျရင်တော့ ကိုယ်လုပ်ချင်တာတွေပဲ ဦးစားပေးလို့မရဘူး။ ဈေးကွက်က ရှိသေးတဲ့အခါကျတော့ ဟာသကို တောင်းဆိုရင် ဟာသရိုက်တယ်။ ဒရာမာရိုက်ချင်တယ်ဆိုပြီး ဒရာမာကြီးပဲ ရိုက်လို့မရဘူး။ ဈေးကွက်က နယ်လဲရှိသေးတော့ မျှအောင်ရိုက်ရတာပေါ့။ အဲ့ကြားထဲကနေမှ ကိုယ့်အတွက် လုပ်လို့ ကောင်းမဲ့ဇာတ်ရုပ်မျိုး ဇာတ်လမ်းမျိုးကို ရွေးရိုက်ရတာပေါ့နော်။ အခု နောက်ပိုင်းရိုက်ထားတဲ့ ဇာတ်လမ်းတော်တော်များများကို အားစိုက်ပြီး ရိုက်ထားတယ်။ ဖန်စီဆိုပေမဲ့လဲ ပေါ့ပေါ့လျော့လျော့ မလုပ်ဘူး။ သေသေချာချာလေး ပြင်ဆင်ဖြစ်တယ်။ အဲဒီလို အားစိုက်ထားတဲ့အတွက် နောက်ပိုင်းကားတွေမှာ အကျိုးသက်ရောက်မှုတွေ ရှိလိမ့်မယ်လို့ထင်ပါတယ်။ မျှော်လင့်ပါတယ်’တဲ့။

ခင်ဆွေသက်  /Trend Myanmar

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB