Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

MH370 ထူးဆန်းစွာပျောက်ဆုံးမှုမှာ မလေးရှားအစိုးရ ပါဝင်ပတ်သတ်နေခဲ့ပြီလား ?(သုံးသပ်ချက်လေးပါ)


လေးရက်ကျော်ပြီး ငါးရက်နီးပါးရှာဖွေနေကြသည့်တိုင် ဘယ်လို အဖြေမှ ရေရေရာရာ မတွေ့ရသေးတဲ့အတွက် အတွေးတွေအားလုံးကို ထပ်မံချဲ့ထွင်ဖို့လိုအပ်နေပြန်ပါပြီ ။

ပထမဆုံး Yahoo News မှာတင်ထားတဲ့ MH370 detected above Malacca Straits at 2.40am ဆိုတဲ့သတင်းကိုအကြမ်းဖျဉ်းတင်ဆက်ပေးချင်ပါတယ် ။

ရှာဖွေမှုကို Sumatran ရေပြင် ၊ Malacca Straits မြောက်ဖက်ပိုင်းမှာ ရှာဖွေအပြီးမှာ Pulau Perak အနီးဝန်းကျင်မှာ ပျောက်ဆုံးနေတဲ့ လေယာဉ်ကို ရေဒါမှာဖမ်းမိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ် ။

Air Force Chief Rodzali Daud ပြောကြားချက်အရ သူ့အခြေစိုက်စခန်း Butterworth က ဌာနမှာ MH370 ဟာ Kota Bahru ကိုကျော်ဖြတ်ပြီးနောက် အနောက်ဖက်ကို ကွေ့သွားတာဖြစ်တယ်လို့ဆိုပါတယ် ။ ဒါ့အပြင် East coast နဲ့ Kedah မှာလည်း အနည်းငယ်ပျံသန်းခဲ့တယ်လို့လည်းဆိုပါတယ် ။

“ နောက်ဆုံးအချိန်လေယာဉ်ကို ခြေရာခံမိတာကတော့ Pulau Perak အနီး Straits of Malacca မှာ မနက် ၂း ၄၀ မိနစ်တုန်းက ဖြစ်တယ်လို့ Berita Harian ကပြောခဲ့တာဖြစ်ပါတယ် ။ Berita Harian ကနောက်ထပ်ပြောဆိုခဲ့တာကတော့ စစ်ဖက်သုံးဆိုင်ရာ ရေဒါတွေက ခြေရာခံမိတာတွေအရတော့ လေယာဉ်ဟာ ပုံမှန် altitude မီတာ တစ်သောင်းထက်ကို မီတာ တစ်ထောင်ခန့်နိမ့်ပြီးပျံသန်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ် ။

http://my.news.yahoo.com/mh370-detected-above-malacca-straits-2-40am-062617741.html

====================================

ဒီသတင်းတွေကလည်း တိကျတဲ့အဖြေတော့မဟုတ်သေးပါဘူး ။ ဒီမနက် ကျွန်တော်စဉ်းစားမိတဲ့အချက်တွေကို ထုတ်နှုတ်သုံးသပ်ရရင်တော့

၁ ။ ဒီ MH370 ထူးဆန်းစွာ ပျောက်ဆုံးမှုမှာ နိုင်ငံရေးဆက်နွယ်မှုတွေအရ မလေးရှားအစိုးရတကယ်ပဲ ပါဝင်ပတ်သတ်မှုရှိနေခဲ့ပြီလား ။

၂ ။ Black box ဆိုတာ လေယာဉ်ပျက်ကျပြီးလို့ ရက်ပေါင်း ၃၀ ထိတိုင်အောင် ဆက်သွယ်ရေး စခန်းတွေဆီကို signal တွေလွှင့်ပေးနိုင်ပါတယ် ။ ဒါဆို Black box ကို ဖျက်ဆီးပစ်လိုက်ရင်ရော ဘယ်လိုလုပ်မလဲ ။

၃ ။ လေယာဉ်မှူးတွေက လေယာဉ်ခေါင်းအတွင်းပိုင်းက ဖွင့်မှပွင့်တဲ့စနစ်နဲ့တံခါးကိုပိတ်ထားကြတယ်ဆိုတာမှန်ပေမယ့် အကြမ်းဖက်သူတစ်ဦးဦးက ကလေးငယ်ဖြစ်စေ လူတွေဖြစ်စေ ခေါင်းကို သေနတ်နဲ့တေ့ပြီး ဖွင့်ခိုင်းရရင်ရော မဖွင့်ပဲနေမှာလား ။ အထူးသဖြင့် သူတို့ပြောတဲ့ emergency code တွေ မပို့နိုင်လိုက်ခင်အခြေအနေမှာပေါ့ ။

၎ ။ အင်တာနက်စာမျက်နှာတွေအပေါ်လိုက်ဖတ်ရင်း သတင်းတစ်ခုရေးထားတာဖတ်မိလိုက်တယ် ။ ဒီလေယာဉ်ဟာ ဥရောပနိုင်ငံတစ်ခုကို လှို့ဝှက်စွာ ဆင်းသွားပြီဖြစ်တဲ့အကြောင်းနဲ့ ဒါကို အမလေးရှားအစိုးရက အကြမ်းဖျဉ်းသိထားသည့်တိုင် မီဒီယာတွေကို ဖွင့်မပြောတဲ့အတွက် မီဒီယာတွေနဲ့မလေးအစိုးရကြားမှာ တင်းမာမှုတွေဖြစ်ပေါ်နေတဲ့အကြောင်း ။

၅ ။ လေယာဉ်တကယ်ပဲ ပျက်ကျဆယ်ဆိုရင်အခုအချိန်က ရှာဖွေတွေ့ရှိနေလောက်သင့်တဲ့အချိန်ဖြစ်ပါတယ် ။ တရုတ်က ဂြိုလ်တု ဆယ်လုံးနဲ့အမေရိကန်ရဲ့အကူအညီတွေနဲ့ လေတပ်ရေတပ်အင်အားနဲ့ရှာတောင်အခုထိမတွေ့သေး

ပုံထောက်ရင် ဒီကြားထဲလှည့်ကွက် တွေရှိနေနိုင်တယ်လို့ သုံးသပ်သူတွေကပြောဆိုကြတယ် ။

======================================

ကဲ ဒါဆို ကျွန်တော့်အမြင်ကို ထပ်ပြီးသုံးသပ်ပြပါ့မယ် ။

၁ ။ လေယာဉ် ပျက်ကျမှု လုံးဝမဖြစ်နိုင်တော့ပါဘူး

အပျက်အစီးအပိုင်းအစတွေရှာမတွေ့နိုင်တာရယ်၊ ရေဒါတွေက ခြေရာခံမမိတာရယ် ၊ Technical false ဆိုပြီးမယ်မယ်ရရထောက်ပြလို့မရကြတာတွေရယ် ၊ Explosion လို့သက်သေပြနိုင်တဲ့အရာတွေ တစ်ခုမှ မပြနိုင်သေးတာရယ် ၊ Black box လုံးဝပျောက်ဆုံးနေတာရယ်ကိုထောက်ပြီး ပြောရခြင်းဖြစ်ပါတယ် ။ ဒုံးကျည်နဲ့ဖျက်ဆီးခံရတယ်ဆိုရင်လည်း ရေဒါကနေမမိနိုင်စရာမရှိပါဘူး ။ ဒါ့အပြင် Black box ဟာ ဘယ်လို on-board exlposion မဆို signal လွှင့်နိုင်တဲ့အရာဖြစ်တာကြောင့် ဒီအချက်ကိုစဉ်းစားရခြင်းဖြစ်ပါတယ် ။ လေယာဉ်ဟာ ဟိုးပင်လယ် အောက်ခြေကြမ်းပြင်အထိနစ်မြုပ်သွားပြီး Black box က Signal မလွှင့်နိုင်တဲ့အနေအထားထိရောက်အောင် ကျသွားခဲ့ရင်ဘယ်လိုလုပ်မလဲဆိုပြီးမေးစရာရှိပါတယ် ။ ဒါကလည်းဖြစ်နိုင်ခြေတော့သိပ်မရှိပါဘူး အဲဒီလို လေယာဉ်တစ်စင်းလုံး ပင်လယ်ထဲထိုးစိုက်ကျသွားတာကို ဂြိုလ်တုတွေ ဆက်သွယ်ရေးစခန်းတွေက မမြင်နိုင်စရာအကြောင်းမရှိပါဘူး ။ ဒါဆို လောလောဆယ် ဒီ Aircrafft ကို ဖယ်ထုတ်ထားလိုက်ကြစို့ ။

၂ ။ Hijack ဖြစ်နိုင်ရဲ့လား

မနေ့တုန်းက Hijack ဖြစ်နိုင်တယ်ဆိုပြီး ကျနော့်တွက်ဆမှုအပေါ် ကွန်းမန့်တွေ အပြန်အလှန်လာဆွေးနွေးကြတာတွေ့ရတယ် ။ မှန်ပါတယ် ပါ့စ်ပို့အတု ကိုင်ဆောင်ထားသူ အီရန် နိုင်ငံသား ၂ယောက်အနက်က တစ်ယောက်ဟာအသက် ၁၉ နှစ်ပဲရှိတဲ့လူငယ်လေးတစ်ဦး ပါ ။ သူ့မိခင်အပါအ၀င်နောက်ကြောင်းစုံစမ်းပြီးတဲ့အခါ ဘယ်အကြမ်းဖက်အဖွဲ့အစည်းနဲ့မှ ဆက်နွယ်မှုမရှိပါဘူးလို့အဖြေထွက်လာခဲ့တယ် ။ ကဲဒါဆို မေးခွန်းလေးတွေထုတ်ပါရစေ ။ လူဆိုးဆိုတာ ဂျိုနဲ့လား ဆိုတဲ့မေးခွန်းပါပဲ ။ အပြင်ပုံပန်းသဏ္ဍန်ကို ကြည့်ပြီး လူဆိုးမဟုတ်ဘူးလို့တပ်အပ်မပြောနိုင်ကြပါဘူး ။ ပါ့စပို့ခိုးကိုင်ကတည်းက ရာဇ၀တ်မှု ကျူးလွန်သူပါ ။ သူ့ပါ့စ်ပို့အစစ်က ဘယ်ရောက်နေလို့လဲ ။ မရှိဘူးဆိုရင် သူဘာလို့မလျှောက်တာလဲ ရှိရင်လည်း ban ခံထားရတာလား စိတ်ဝင်စားစရာပါပဲ ။

၃ ။ မလေးရှားအစိုးရရဲ့ တရုတ်တွေအပေါ်လက်စားချေမှုလား

တချိန်လုံးမျက်စောင်းတည်းတည်းဖြစ်နေကြတဲ့ အမေရိကန်နဲ့တရုတ်က ဒိကိစ္စမှာ ပူးပေါင်းလုပ်ဆောင်လာကြတာတွေ့ရတယ် ။ မကြာသေးခင်ကဖြစ်ပေါ်ခဲ့တဲ့ မလေးရှားနဲ့ တရုတ်တို့ရဲ့နိုင်ငံရေးအခြေအနေတွေ ကို တချို့လည်းသိသင့်သလောက်သိကြမှာပါ ။ တရုတ်လူမျိုး တစ်ရာကျော်ပါဝင်တဲ့လေယာဉ်ကို အခုလို လေထဲမှာ ဥုံဖွဆိုပြီး တစ်ကမ္ဘာလုံးမျက်စိကနေဖျောက်ပြလိုက်ခြင်းဟာ သာမန် ဂိုဏ်းလောက်ကတော့မလုပ်နိုင်လောက်ပါဘူး ။ ဒီအတွက်ကြောင့် နိုင်ငံရေးလက်စားချေမှုအပါအ၀င် မလေးရှားအစိုးရလုပ်ဆောင်ချက်တွေကို သူတို့ပြည်သူတွေကိုယ်တိုင်ကမေးခွန်းပြန်ထုတ်လာကြတာတွေ့ရတယ် ။ ဥပမာ မလေးရှားက အကြားအမြင်ဆရာလိုလိုတစ်ယောက်ကိုအသုံးပြုပြီး လေယာဉ်ပျောက်ရှာနေတဲ့အခိုက်တရုတ်က ဂြိုတ်တု ဆယ်လုံးနဲ့ရှာနေပုံကို နှိုင်းပြရင်းမလေးရှားအစိုးရရဲ့ လုပ်ငန်းနှေးကွေးမှုနဲ့ မယောင်ရာဆီလူးတဲ့ပုံစံတွေကို မလေးလူမျိုးတွေကိုယ်တိုင်ဝေဖန်လာကြတာတွေ့ရပါတယ် ။

ခရီးသည်တွေအားလုံးအသက်ရှင်ဖို့တော့ အခုထိ မျှော်လင့်ချက်ရှိနေပါသေးတယ် ။ တရုတ်ဖက်ကလည်း အခုအချိန်ပိုင်းအတွင်းမှာ ဖိအားပေးလုပ်ဆောင်လာတာတွေ့ရပါတယ် ။ ဘာပဲပြောပြော မကြာခင် အဖြေတစ်ခုတော့တိတိကျကျထွက်လာတော့မှာပါ ။

အမှန်တရားကို ဘယ်အရာကမှ ဖုံးကွယ်ထားလို့မရနိုင်ပါဘူး ။

သက်တန့်ချို

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB