Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

သမီးဖြစ်သူကို ပညာရေးပိုင်းမှာထူးချွန်စေချင်တဲ့ အိန္ဒြာကျော်ဇင်

                                   
ပြေတီဦးပညာရေး ဖောင် ဒေးရှင်းရန်ပုံငွေပဒေသာကပွဲ ကို မန္တလေးမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုအထူးရရှိခဲ့တဲ့ အပေါ်ဝမ်းသာပီ တိဖြစ် ရကြောင်း အိâန္ဒာကျော်ဇင်ကပြောပါတယ်။
” ဒီပွဲကို အစအဆုံးပြေတီဦး ကိုယ်တိုင်စီစဉ်တာဖြစ်ပြီး အဲဒီရက်ပိုင်းအတွင်းတအားပင်ပန်းပေမယ့် ပွဲကြီးကျင်းပတဲ့အချိန်မှာရုံပြည့်ရုံလျှံ အားပေးကြသလို၊လက်မှတ်မရ လို့အပေါ်တက်ကြည့်ချင်တဲ့ သူတွေကလည်း ပြည့်ကျပ်နေတာကို မြင်တွေ့ရတာကြောင့်ပင်ပန်းရကျိုးနပ်တယ်” လို့ ပြောပါတယ်။ ဒီပဒေသာကပွဲမှာ အိâန္ဒာကျော်ဇင်က ရာဇာနေဝင်း၊ ဟေမာနေဝင်းတို့နဲ့အတူ သီချင်းသီဆိုဖျော်ဖြေခဲ့ပါတယ်။ ပရိသတ်တွေကို စင်ပေါ်တက်ပြီး သီချင်းမဖျော်ဖြေခင်မှာ ကြောက် စိတ်တွေဖြစ်ပေါ်နေ ကြောင်း ကိုအိန္ဒြာကျော်ဇင်က ” ဒီပွဲမှာ သီချင်းအစီအစဉ်လေးမှာထည့်ထားတာ တစ်ယောက်တည်းလည်း မဆိုရဲဘူး။ မောင်နှမ ၃ ယောက်ဆိုတော့အားလည်း ရှိတယ်။ မောင်နှမ ၃ယောက်ဆိုတဲ့ အစီအစဉ်လေးက မဟေမာ အခွေတုန်းကတစ်ခါပဲဆိုထားတယ်။ အဲဒီတုန်းကလည်း ပရိသတ်က ကြိုက်ထားတော့ အဲဒီအစီ အစဉ်လေးကို ထပ် ထည့် ဖြစ်တာပါ။ စင်ပေါ်ကိုမတက်ခင်တော့ တအားကြောက်တယ်။
ဒါပေမဲ့ပရိသတ်ရှေ့ရောက်သွားတော့ပရိသတ်တွေရဲ့ချစ်တဲ့ စိတ်နဲ့တောက်လျှောက် လက်ေ ဆာင်တွေ၊ပန်းစည်းတွေ၊အ ရုပ်တွေ၊ဆုတော်ငွေတွေလာ ပေးကြတော့အူဝဲရဲ့ကြောက်စိတ်တွေပြေသွားတယ်” လို့ ပြောပါတယ်။အိန္ဒြာကျော်ဇင်က စင်ပေါ်မှာ သီချင်း ဆိုရ မှာကြောက်ပေမယ့် သမီးလေးပြေသုဒြာကတော့ စင်ပေါ်မှာ သီချင်း၂ ပုဒ်ကို ချောချောမောမောသီဆို သွားတာတွေ့ရတဲ့အ တွက်အံ့သြမိ ကြောင်းပြောပါ တယ်။
” အမေနဲ့တခြားစီပဲ။ အံ့တွေသြနေတာ။ ကိုယ်က ကြောက်တတ်သလောက်သူက စင်ပေါ်မှာ မကြောက်ဘူး။ အိမ်မှာတော့ သမီးလေးမန္တလေးမှာ ဖျော်ဖြေပွဲ သွားလုပ်မယ်။ သမီးလေးလည်း ဖေဖေနဲ့အတူစင်ပေါ်တက်မယ်နော်။ အလှူတော်ငွေလက်ခံတဲ့ နေရာမှာသမီးလေး လိုက်ထွက်ရမယ်နော်ဆိုတော့ ထွက်မယ်တဲ့ သူ့အဖေက သမီးလေးဘာလုပ်ပြဦးမလဲဆိုတော့ သုသုကလေ ပရိသတ်တွေကိုသီချင်းဆိုပြမယ်။ ပုံပြောပြမယ်တဲ့။ ဒါပေမဲ့ သူကစတိတ်ပေါ်ကို တစ်ခါမှလည်း တက်ဖူးတာမဟုတ်ဘူး။ ကလေးလည်းဖြစ်တော့လျှောက် ပြောနေတယ်ပဲထင်တာ။ တကယ့် တကယ်စင်ပေါ်ရောက်တော့ လုံးဝမကြောက်ဘူး။ သီချင်း တောင်ဆိုနေလိုက်သေးတယ်။
သူကသီချင်းတအားကြိုက်တာ။ ဗိုက်ထဲမှာထဲက အူဝဲသီချင်းတွေတအားနားထောင်တော့ အဲဒါကြောင့်လည်းပါမယ်ထင်တယ်။ ဒီနေ့ဒီအချိန်ထိလည်း အိပ်ရင်သီချင်းဆိုပြီး သိပ်တော့ အဲဒါတွေနဲ့ဆိုင်မလားတော့မသိဘူး။ သီချင်းစာသားတွေကို လည်းအလွတ်ရနေတယ်။ အူဝဲတို့တောင်မမှတ်နိုင်ဘူး။ လူ ကြီး၂ ခေါက်၊၃ ခေါက်လောက် ဆိုပြရင် သူအလွတ်ရသွားပြီ။ သီချင်းဘက်မှာ talent တော့ပါမယ်လို့ ထင်တာပါပဲ” လို့ပြောပါတယ်။ သီချင်းသီဆိုခဲ့တဲ့ ပြေသုဒြာ ကိုပရိသတ်တွေက တအားသဘောကျနှစ် သက်ခဲ့ကြပြီး ဒီပွဲကိုမကြည့်လိုက်ရတဲ့ အနယ်နယ်အရပ်ရပ်က ပရိသတ်တွေကလည်း ပြေသုဒြာသီချင်းသီဆိုတာကို ကြည့်ချင်တာကြောင့် အွန်လိုင်းပေါ်မှာ Video file  တင်ပေးဖို့တောင်းဆိုသလို၊ အခွေတွေလည်း လိုက်ရှာပြီးဝယ်ယူနေကြကြောင်း သိရပါတယ်။ အသက်၂နှစ်နဲ့ ၂ လသာ ရှိသေးတဲ့ သမီးလေးပြေသုဒြာက သီချင်းတွေကို တအားကြိုက်နှစ်သက်နေပြီးသီချင်းဘက်မှာ talent  ရှိနေတဲ့ အပေါ်ဘယ်လိုပံ့ပိုးပေးမလဲလို့မေးတော့ အိန္ဒြာ ကျော်ဇင်က…
” ဖြစ်နိုင်ရင်တော့ အူဝဲက မလုပ်စေချင်ဘူး။ အူဝဲတို့က ကိုယ်တိုင်လုပ်ခဲ့တဲ့သူ၊ ကိုယ်တိုင်ခံစားရတဲ့ သူဆို တော့သိတယ်လေ။ အနုပညာသမားဆိုတာက သူများထက် ကံကောင်းတာက သူ့ကိုလူတွေအများ ကြီး ချစ်ကြတယ်။ လူတွေအများကြီး ချစ်ခင်မှုရဖို့ဆိုတာ တော်ရုံတန်ရုံရတာ မဟုတ်ဘူးလေ။ ဒါကောင်းပါတယ်။ ချစ်ကြတဲ့ အပေါ်မှာ တစ်ဖက်က ပြန်ပေးဆပ်ရတာတွေရှိ တယ်။ သာမန်လူကို လွတ်လွတ်လပ်လပ်ကိုယ်လုပ်ချင်တိုင်း၊ ကိုယ်သွားချင်တိုင်းလုပ်လို့မရဘူး။ celebrity ဖြစ် ရင် ထိန်းချုပ်ရတာ တွေ ရှိတယ်။ စိတ်ပင်ပန်း၊ လူပင်ပန်းတအားဖြစ်တယ်။ အဲဒါမျိုးကို သူ့ကို မခံစားစေချင်ဘူး။ သူ့ကိုတော့ ဘဝမှာ ပေါ့ပေါ့ပါးပါး လေးဖြတ် သန်းစေချင် တယ်။ ပညာရေးပိုင်းမှာ ထူးထူးချွန်ချွန်လေးနဲ့ သာမန်လူတစ်ယောက်လိုပဲ ဖြတ်သန်းစေချင်တယ်။ ဒါပေမဲ့ သူ့ရဲ့ပါရမီကိုလည်း မမြင်ရသေးဘူး။ သူ့ရဲ့ကံကို လည်း မမြင် ရသေးဘူး။ သူအနုပညာ အားကောင်းပြီး ဝါသနာတအားပါရင်တော့ ကိုယ်အကောင်းဆုံးပံ့ပိုးပေးရမှာပေါ့” လို့ ပြောပြီး သမီးလေးကို ချစ်ခင်ပေးကြတဲ့ ပရိ သတ်တွေ ကိုလည်း ကျေးဇူးတင်မိကြောင်း အိန္ဒြာကျော်ဇင်က ပြောပါတယ်။

ခိုင်ဝေလွင်   /popularmyanmar

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB