ပျော်ရွင်မှု အစစ်အမှန်
လူအယောက် ၅၀ လောက်ရှိတဲ့ Seminar တစ်ခုမှာပေါ့။
ဟောပြောတဲ့သူက သူပြောနေတာကို ချက်ချင်းရပ်လိုက်ပြီး အဖွဲ့ လိုက်
Activity ဂိမ်းလေး တစ်ခု လုပ်ဖို့ စတင်လိုက်တယ်။

နားထောင်တဲ့ သူ တစ်ယောက်စီတိုင်းကို ပူပေါင်းတစ်လုံးစီဝေလိုက်ပြီး
လူတိုင်းကို အဲ့ဒီ ပူပေါင်းမှာ သူတို့ နာမည်ကို ဆော့ပန်နဲ့ ရေးခိုင်းတယ်။
ပြီးတော့ အားလုံးရဲ့  ပူပေါင်းတွေကို အခန်း တစ်ခုမှာ စုထည့်
ခိုင်းလိုက်ပါတယ်။
အချိန်ငါးမိနစ် ပေးတယ်။ ဒီအခန်းထဲမှာ ရှိတဲ့ ပူပေါင်းတွေထဲမှာ
ကိုယ့်နာမည်ပါတဲ့ ပူးပေါင်းကို ရှာဖို့ ပေါ့။ လူတိုင်းက သူတို့ နာမည်ပါတဲ့
ပူပေါင်းကို အပြေးအလွားနဲ့  အရူးတွေလို မွေနှောက်ရှာတယ်။ တစ်ယောက်ကို
တစ်ယောက် တွန်းထုတ်ကြ ၊ တိုက်မိကြရင်း အလဲလဲ အကွဲကွဲနဲ့ ရှာရတာလည်း
တော်တော် ခက်ခက်ခဲခဲ ဖြစ်နေကြတယ်။
နောက်ဆုံး ငါးမိနစ် ပြည့်သွားတဲ့ အခါမှာ တစ်ယောက်မှ ဒီအခန်းထဲ သူတို
့နာမည်ရေးထားတဲ့ ပူပေါင်းကို ရှာမတွေ့  ကြဘူး။ ဒါနဲ့  ကစားနည်းကို
တစ်မျိုး ပြောင်းလိုက်တယ်။ ဒီထဲမှာ ရှိတဲ့ လူတိုင်း ပူပေါင်းရှာတဲ့ အခါ မိမိ
တွေ့ တဲ့ ပူပေါင်းမှာ ရေးထားတဲ့ နာမည်အတိုင်း အဲ့သည် လူကို ပေးဖို့ ပါ့။
မိနစ်ပိုင်းပဲ ကြာလိုက်တယ်။ လူတိုင်း ကိုယ့်နာမည်ရေးထားတဲ့ ပူပေါင်း တစ်လုံးစီပြန်ရသွားကြတယ်။

အဲ့ဒီမှာ ဟောပြောသူက ပြောလိုက်တယ်။
အဲ့ဒါပဲ..ကျနော် နေထိုင်နေတဲ့ နေရာတွေမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ။ လူတွေက ပျော်ရွင်မှု ဆိုပြီးနေရာတကာမှာ ရှာကြတယ်။ ဒါပေမဲ့ ဘယ်မှာ ရှိသလဲ ဆိုတာ မရှာဖွေနိုင်ကြသလို ပျော်ရွင်မှု အစစ်အမှန်ကိုလည်း မရကြဘူး။

ပျော်ရွင်မှု အစစ်အမှန်ဆိုတာ ဘာလဲ။
ကျနော်တို့ အတွက် ပျော်ရွင်မှုတွေဆိုတာ တခြားသူတွေမှာ ရှိနေတဲ့ ပျော်ရွင်မှုပါပဲ။
သူတို့ ကို ပျော်ရွင်မှုတွေ ပေးလိုက်တဲ့ အခါမှ သင်ကိုယ်တိုင်လည်း ပျော်ရွင်မှု တစ်ခုကို ထပ်တူရရှိပါတယ်။ ဒါဟာ လူသားတွေရဲ့  ရပ်တည် ရှင်သန် ရခြင်း ရည်ရွယ်ချက် တစ်ခုပါပဲ တဲ့။

ဘယ်လောက် ကောင်းလိုက်တဲ့ အတွေးလေးလဲနော်
No comments:
Post a Comment