ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊အကူတပ်ဖွဲ့ခွဲ၊
လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ၂.၃.၂၀၁၄ ရက်နေ့၁၄၀၀ အချိန်တွင်
မင်္ဂလာဒုံမြို့နယ်၊ပလရရပ်ကွက်၊ (၂)လမ်းပေါ်၌ မြောက်ဥက္ကလာပမြို့နယ်၊
(၁၄)ရပ်ကွက်နေ ကိုထွဋ်(ခ)သိန်းလှမော်(ဘ)ဦးသိန်းအောင်၊ (၁၂)ရပ်ကွက်နေ
ပုံပုံချစ်(ခ)မင်းခန့်ကို (ဘ)ဦးရွှေဌေးနှင့် လှိုင်မိုး(ဘ)
ဦးကြည်ညွန့်တို့(၃)ဦးမှ JLM 110 အနက်ရောင်ဆိုင်ကယ်
(၁)စီးကို ခိုးယူလာကြစဉ်တွေ့ရှိဖမ်းဆီးရမိသဖြင့် မင်္ဂလာဒုံမြို့မရဲစခန်း (ပ)၁၀၆/၂၀၁၄၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။
၎င်းတို့အား အခြားခိုးမှုများကျူးလွန်ထားခြင်းရှိ/မရှိ ဆက်လက်စစ်ဆေး
ခဲ့ရာ
၎င်းတို့(၃)ဦးသည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ညပိုင်းတွင်
မရမ်းကုန်းမြို့နယ်၊ လေဆိပ်လမ်းမကြီးတွင်ရပ်ထားသည့် Follow Me125
ရုပ်ဆိုးခဲရောင်ဆိုင်ကယ်(၁)စီးအားခိုးယူရောင်းချထားကြောင်းပေါ်ပေါက်
ခဲ့ပါသည်။
ထို့ပြင်
၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလအတွင်းက ညပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊
ခရေပင်လမ်းတွင်ရပ်ထားသည့် JLM 125 နီ/နက်ရောင်ဆိုင်ကယ်(၁)စီး၊ အမှတ်(၃)
လမ်းတွင်ရပ်ထားသည့် KENBO 110 စိမ်းပြာရောင် ဆိုင်ကယ်(၁)စီး၊
လှိုင်သာယာမြို့နယ်၊(၂)ရပ်ကွက်ရှိ လမ်းပေါ်တွင်ရပ်ထားသော AMBO 125 ခဲ/နက်
ရောင်ဆိုင်ကယ်(၁)စီး၊ အနော်ရထာလမ်းတွင်
ရပ်ထားသည့် KENBO 125 အနက်ရောင်ဆိုင်ကယ်(၁)စီးနှင့် AMBO125 အနက်ရောင်ဆိုင်ကယ်(၁)စီးတို့အားလည်းကောင်း၊
ဖေဖော်ဝါရီလအတွင်းက ညပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်း
ပေါ်တွင်ရပ်ထားသည့် KENBO CZI 125 အနက်ရောင်ဆိုင်ကယ်(၁)စီး၊ ပုလဲဆေးရုံရှေ့တွင်ရပ်ထားသည့် JLM 125 နီ/နက်ရောင်ဆိုင်ကယ်(၁)စီး၊
မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာ၊ ရန်ကုန်-ပြည်လမ်းပေါ်တွင်ရပ်ထား
သည့် တာပိုစတား 125 အဖြူရောင်ဆိုင်ကယ်(၁)စီးနှင့်JLM 125 ဖြူ/နက်
ရောင်ဆိုင်ကယ်(၁)စီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်လမ်းခွဲအနီး၊ ရန်ကုန်-ပဲခူးလမ်းပေါ်တွင်ရပ်ထားသည့် HI BO BO 125 CZI ခရမ်း/ဖြူ
ရောင်ဆိုင်ကယ်(၁)စီး၊
လှိုင်သာယာမြို့နယ်၊ (၃)ထိပ်၌ လမ်းပေါ်တွင် ရပ်ထားသည့် DAYANG 110
ကျောက်စိမ်းရောင်ဆိုင်ကယ်(၁)စီး၊ (၇)ရပ်ကွက်၊
ရန်ကုန်-ညောင်တုန်းလမ်းပေါ်တွင်ရပ်ထားသည့် JLM 125
ခဲ/နက်ရောင်ဆိုင်ကယ်(၁)စီးတို့အားလည်းကောင်း၊ ၁.၃.၂၀၁၄ရက်နေ့ ညပိုင်းတွင်
လှိုင်သာယာမြို့နယ်၊ အနော်ရထာလမ်းပေါ်တွင်ရပ်ထားသည့် YUNDE 110
အနီရောင်ဆိုင်ကယ်(၁)စီးတို့အားလည်းကောင်း ခိုးယူကာ
ရောင်းချထားကြောင်း ပေါ်ပေါက်ခဲ့ပါသည်။
ယင်းကဲ့သို့
ဆိုင်ကယ်များခိုးယူရောင်းချထားကြကြောင်းပေါ်ပေါက်သဖြင့်
ကိုထွဋ်(ခ)သိန်းလှမော်၊ ပုံပုံချစ်(ခ)မင်းခန့်ကိုနှင့်
လှိုင်မိုးတို့(၃)ဦးအား သက်ဆိုင်ရာရဲစခန်းများတွင်
အမှုများအသီးသီးရေးဖွင့်ကာ သက်သေခံ ဆိုင်ကယ်များကို ပြန်လည်သိမ်းဆည်းခဲ့ပြီး
ဆက်လက်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်
အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ
Subscribe to:
Post Comments (Atom)
No | Title | Singer | Listen/Download | Size |
---|---|---|---|---|
1 | မောင့်ချစ်သူ | သားသား | Click Here !! | 2.00 MB |
2 | အဝေးရောက်ချစ်သူ | ဆိုတေး | Click Here !! | 2.00 MB |
3 | တောင်းပန်တယ် | အောင်လ | Click Here !! | 2.00 MB |
4 | အချစ်ကိုသိချိန် | မီးမီးခဲ | Click Here !! | 2.00 MB |
5 | ဒွိဟ | Bobby Soxer | Click Here !! | 2.00 MB |
6 | နာရီတွေ ရပ်ထားမယ် | ကောင်းကောင်း | Click Here !! | 2.00 MB |
7 | သနပ်ခါးချစ်သူ | Rဇာနည် | Click Here !! | 2.00 MB |
8 | လိုက်ဖက်တဲ့ဘဝ | Rဇာနည် ဝိုင်းစုခိုင်သိန်း | Click Here !! | 2.00 MB |
9 | နင်မရှိရင် | Bunny Phyo | Click Here !! | 2.00 MB |
10 | အပိုဆု | ဆောင်းဦးလှိုင် | Click Here !! | 2.00 MB |
11 | သုည | လင်းလင်း | Click Here !! | 2.00 MB |
12 | နှလုံးသား အရင်းအနှီး | အိုင်းရင်းဇင်မာမြင့် | Click Here !! | 2.00 MB |
No comments:
Post a Comment