Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ပျောက်ဆုံးလေယာဉ် မူလလမ်းကြောင်း ကျော်လွန်ပျံသန်းခဲ့ဖွယ်ရှိ

စနေနေ့က ပျောက်ဆုံးသွားတဲ့ မလေးရှား ခရီးသည်တင် လေယာဉ်ဟာ မူလပုံမှန် ဦးတည်ထားတဲ့ ကွာလာလမ်ပူ ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကိုအသွား ပုံမှန်လမ်းကြောင်းကနေ တော်တော်ကွာဝေးတဲ့ နေရာအထိ သွေဖီသွားခဲ့တယ်လို့ မလေးရှား စစ်ဖက်ရေးရာ တာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားတဲ့ နေရာဟာ မလေးရှားအရှေ့ဖက် ကမ်းရိုးတမ်းရဲ့ အနောက်ဖက် ကီလိုမီတာ ရာနဲ့ချီပြီးတော့ဝေးတဲ့ မလက္ကာ ရေလက်ကြားပေါ်မှာ တွေ့ခဲ့ရတယ်လို့ မလေးရှား တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ပြောဆိုလိုက်တာပါ။

အဲဒီဒေသဟာ ကမ္ဘာပေါ်မှာ ကုန်သွယ်ရေကြောင်းသွားလာမှုဆိုင်ရာ အရှုပ်ထွေးဆုံး ဒေသဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းနဲ့ မလေးရှားရဲ့ အနောက်ဖက် ကမ်းရိုးတန်းတို့ ဆုံစည်းရာအရပ် ဖြစ်ပါတယ်။ လူပေါင်း ၂၃၉ ယောက် လိုက်ပါသွားတဲ့ Boeing 777 လေယာဉ် ဘယ်နေရာမှာ ရှိနေသလဲဆိုတာဟာ  တစထက်တစ ပိုပြီးစဉ်းစားရ ကြပ်စရာ ကိစ္စတခု ဖြစ်လာရပါတယ်။
စနေနေ့ ကွာလာလမ်ပူကနေ ထွက်ခွာ သွားပြီးတဲ့နောက်ပိုင်း အရေးပေါ်အချက်ပေးမှုတစုံတရာမရှိပဲ ရေဒါစက်ကွင်းကနေ ပျောက်ဆုံးသွားခဲ့တာပါ။ ဒီလေယာဉ် ပျောက်ဆုံးသွားမှု နောက်ကွယ်မှာ အကြမ်းဖက်သမားတွေရဲ့ ပါဝင်ပတ်သက်မှု တစုံတရာ မတွေ့ရသေးဘူးလို့ နိုင်ငံတကာ ရဲတပ်ဖွဲ့ Interpol အကြီးအကဲက ပြောပါတယ်။ CIA အကြီးအကဲကတော့ ဖြစ်နိုင်ချေရှိတယ်လို့ ခန့်မှန်းထားတဲ့ အချက်ကို ဆက်လက် ဆွဲကိုင်ထားဆဲပဲလို့ ဆိုပါတယ်။

အခုလိုပျောက်ဆုံးသွားတဲ့ မလေးရှား ခရီးသည်တင် လေယာဉ်ကို ရှာဖွေနေချိန်မှာ ဗီယက်နမ် နိုင်ငံက လေဆိပ်တွေမှာ လုံခြုံရေးကို ပိုမိုတင်းကြပ် ထားလိုက်ပါတယ်။ အစိုးရက လုံခြုံရေး အထူးသတိပေး အဆင့် ၃ ဆင့်ထဲက ပထမ ဆုံးအဆင့်ထားပြီး ဗီယက်နမ်နိုင်ငံက လေဆိပ်တွေမှာ လုံခြုံရေး တင်းကြပ်ထားတယ်လို့ ဟနွိုင်းမြို့တော် Noi Boi အပြည်ပြည်ဆိုင်ရာ လေဆိပ် အကြီးအကဲက ပြောဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB