Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ပညာမတတ်ရင် လူရော၊ အနုပညာပါ အနှိမ်ခံရတယ်လို့ဆိုလာတဲ့ တင်မောင်ဆန်းမင်းဝင်း

                                                                 

ဇာတ်အဖွဲ့မှမိသားစုဝင် တွေရဲ့ကျောင်းနေအရွယ် ကလေးငယ်တွေကိုကျောင်း ထားပေးနိုင်မှုနဲ့ပတ်သက်ပြီး နှစ်စဉ်ကူညီထောက်ပံ့ပေး မှုတွေကိုလုပ်ဆောင်ပေးနေ တယ် လို့ ရွှေမန်းသဘင်က တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။ ကလေးငယ်တွေ ပညာသင်ကြားနိုင်မှုကိုတော့ အလေးထားပြီးကူညီ ထောက်ပံ့ ပေးလာခဲ့တာရွှေမန်း သဘင် အဆက်ဆက်ပဲဖြစ်ကြောင်း၊ ဇာတ်အဖွဲ့သားတွေရဲ့ မိုးတွင်း ကာလအတွက်စားဝတ် နေရေး ကိုလည်း ထောက်ပံ့ပေး လျက်ရှိ နေကြောင်းပြောပြလာတဲ့ တင်မောင် ဆန်းမင်းဝင်းက ” ကျောင်းမတက်သေးတဲ့ ကလေးတွေကျတော့လည်း ဇာတ်နဲ့လိုက်လာတာမျိုးတွေရှိတယ်။ဒါကလည်း သူတို့အဖေ၊ အမေတွေ ကခေါ်ချင် တယ်ဆို လို့ပါ။ကျောင်းတက် ရမယ့်အ ရွယ် ၄နှစ်၊၅နှစ်ရောက်ပြီ ဆိုရင် လှည်းကူးမှာ ခြံဝယ်ထား တယ်။ အဲဒီလှည်းကူးခြံမှာထားပြီး ကျောင်း ထားပေး တယ်။ တာဝန် ထမ်းဆောင် တဲ့ အနုပညာရှင် တွေအကုန်လုံးရဲ့သား၊သမီး တွေကို လုပ်ပေးတာပါ။ဒါက ကုသိုလ်ရတယ်လေ။ကျောင်း နေအရွယ်မှာ ဇာတ်နောက်ကို လည်း မလိုက် ခိုင်းစေချင်ဘူး။

ကလေးရဲ့ပညာရေးမှာ ထိခိုက်မှာလည်းကြောက်တယ်။ ထိုက်သင့်တဲ့အရွယ်အထိကျောင်းထား ပေးမယ်။ ပညာတတ်ဖို့ကတော့ တအားကိုလိုပါတယ်။ ကျွန် တော်တို့က ဇာတ်ထဲမှာပဲ အချိန် ကုန်ကြတာဆိုတော့ဘောင်ကျဉ်းတယ်လေ။ ကျွန်တော်တို့ ကကျတော့စာဖတ်ဖို့ပိုလို အပ်တယ်။ဘာကြောင့်လဲဆို တော့ ပြဇာတ်တွေကတဲ့အခါ စာတွေဖတ်ရတယ်လေ။ အဲဒီ တော့ပညာတတ်မှရမှာလေ။ အရင်တုန်းကလူတွေလည်း ပညာတတ်ခဲ့လို့ဒီသဘင်ထဲ ရောက်တာပေါ့။ဒါပေမယ့် လည်းမြန်မာစာထက် အင်္ဂလိပ် စာကိုပါတတ်ရင်ပိုကောင်းတယ်။
ကျွန်တော်တို့ရဲ့ရိုးရာကို ရှင်းပြရမယ်ဆိုရင်ကိုယ့်မြန်မာနိုင်ငံ သားတွေကိုပဲရှင်းပြရမှာ မဟုတ်ဘူးလေ။တခြားနိုင်ငံသားတွေ ကိုလည်းရှင်းပြရမှာဖြစ်တဲ့အ တွက် ဘာသာ စကားဆိုတာက နောက်မျိုးဆက်အတွက် တအားလိုအပ်တယ်။အရင်တုန်းက Instrumental  တစ်ယောက်က ပြည်ပကိုသွားတယ်ဆိုရင် ဘာသာပြန် တစ်ယောက် ကို ခေါ်သွားရတယ်။ အဲဒါကျ တော့တအားနိမ့်ကျလွန်း အား ကြီးတယ်။ ကိုယ်ကိုယ်တိုင်လည်း ရဲရင့်မှုလိုအပ်တယ်။ ကျွန်တော်တို့မြန်မာလူမျိုးတွေ အကျင့်က ကြောက်နေ တတ်တယ်။ နိုင်ငံခြားသားတွေနဲ့တွေ့မယ်ဆိုရင် မပြောရဲ၊ မဆိုရဲလောက်အောင် ကြောက်နေတယ် ရဲရဲတင်းတင်းပြောဖို့ဆိုရင်ပညာပိုင်းဆိုင်ရာ မှာအများကြီးလို အပ် တယ်။ ပညာတတ်တွေအများကြီးဖြစ် လာအောင် ကျွန်တော်တို့အနေနဲ့ လည်းအများကြီးဆော်သြသွားသင့်တယ်” လို့ပညာနဲ့ပတ်သက် ပြီးသူ့ရဲ့ အမြင်ကိုပြောပြပါ တယ်။ တင်မောင်ဆန်းမင်းဝင်းက သား ဖြစ်သူပူတူးလေးကိုလည်း ပညာတတ်တစ်ယောက်ဖြစ်အောင်ပျိုးထောင်သွားမှာဖြစ်ပြီး ပညာမတတ်ရင် လူ လည်းအနှိမ်ခံ ရသလို အနုပ ညာကိုလည်း အနှိမ်ခံ ရတာမျိုးတွေမြင်တွေ့ခဲ့ရဖူးကြောင်း တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။

လင်းအက္ခရာ/popularmyanmar

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB