Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

၅ ရက်ကြာ ရခိုင်အမျိုးသား ညီလာခံ ကျောက်ဖြူမှာ ကျင်းပမည်

                                          ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဓညဝတီကျောင်းတိုက်မှာ မတ်လ ၂ဝ ရက်နေ့က ရခိုင်အမျိုးသား ညီလာခံ ကျင်းပရေးရုံးဖွင့်ပွဲနဲ့ 
                                                                                       သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်  photo: Sann Maw Aung/RFA 


ပြည်တွင်း ပြည်ပမှာရှိတဲ့ ရခိုင်လူမျိုး အင်အားစုအားလုံး ပါဝင်တဲ့ ရခိုင်အမျိုးသား ညီလာခံကို လာမယ့် ဧပြီလနောက်ဆုံးပတ်၂၇ ရက်ကနေ မေလ ၁ ရက်နေ့ အထိ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ၅ ရက် ကြာ ကျင်းပသွားမှာဖြစ်တယ်လို့ ညီလာခံဖြစ်မြောက်ရေး ကော် မတီဝင်တွေက ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်  ဓညဝတီကျောင်း တိုက်မှာ ရခိုင်အမျိုးသား ညီလာခံ ကျင်းပရေးရုံးဖွင့်ပွဲနဲ့ ရခိုင်အမျိုးသား ညီလာခံကျင်းပရေး သတင်းစာ ရှင်းလင်းပွဲမှာ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် က ပြောပါတယ်။

"လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၊ တိုင်းပြည်တစ်ပြည် ညီညွှတ်မှုမရှိရင် လုံးဝမတိုးတက်ဘူး၊ တွေ့ကြုံနေ ရတဲ့ စိန်ခေါ်မှုတွေကို ညီညွှတ်ရေးနဲ့ပဲ ဖြေရှင်းရ မယ်၊ ရခိုင်လူမျိုးတွေ မညီညွှတ်ရင် စိန်ခေါ်မှုတွေကို ဘယ်လိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး၊ အဲဒါကြောင့် ဒီညီလာခံရဲ့ ရည်ရွယ်ချက်က ရခိုင်တစ်မျိုးသားလုံး ညီညွှတ်ရေး ဖြစ်ပါတယ်၊"

အဲဒီညီလာခံမှာ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တက်ရောက်နိုင်ခြင်း ရှိ မရှိကိုတော့ မဆုံးဖြတ်ရသေးဘူးလို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ဒုတိယပတ်အတွင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ ၄ ကြိမ်မြောက် ရခိုင်အမျိုးသားများ တွေ့ဆုံဆွေးနွေးပွဲမှာ အခုလို ညီလာခံကျင်းပဖို့ ဖြစ်လာအောင် သဘောတူညီခဲ့ကြတာလို့ သိရတယ်။

 rfa.org/burmese/news

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB