Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ဦးပိန်တံတား ပြင်ဆင်ထိန်းသိမ်းမှု စတင်

                                                                   ဦးပိန်တံတားကို တွေ့ရစဉ် ဓာတ်ပုံ−ညီညီဇော်

ပျက်စီးယိုယွင်းနေပြီဖစ်သော အမရပူရမြို့ရှိ ဦးပိန်တံတား ပြုပြင်ထိန်းသိမ်းမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

မတ်လ ၁၉ ရက်မှစတင်ကာ ပျက်စီးယိုယွင်းမှု ဆိုးရွားနေသော ဦးပိန်တံတားရှိ အခန်းပေါင်း ၂၁ ခန်းကို  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ကျပ် သိန်း ၁၃၀ အကုန်ကျခံကာ စတင်ပြင်ဆင်နေကြောင်း တောင်မင်းကြီးဂေါပကအဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။
‘‘ဦးစားပေးပြင်ရမယ့် ၂၁ ခန်းကို အရင်ပြင်မှာပါ။ သင်္ကြန်မတိုင်မီ ပြီးဆောင် ရည်ရွယ်ထားပါတယ်’’ ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အင်ဂျင်နီယာတစ်ဦးက ပြောသည်။
         
ရေဖြင့်ထိတွေ့မှုများသောကြောင့် ပျက်စီးနေသည့် ကြမ်းခင်းများနှင့် တိုင်များကို ပြင်ဆင်သွားမည်ဖြစ်ပြီး ယင်းသို့ပြင်ဆင်ရာတွင် ရှေးမူမပျက်စေဘဲ သစ်သားဖြင့်သာ အစားထိုးပြင်ဆင်မည်ဖြစ်ကြောင်း၊ ကွန်ကရစ်များ လုံးဝအသုံးပြုမည်မဟုတ် ကြောင်း အဆိုပါအင်ဂျင်နီယာက ပြောသည်။


         
ယခင်က ဦးပိန်တံတား၏ ပျက်စီးမှုအချို့အား မဟာဂန္ဓာရုံမှ ဆရာတော်များ ဦးဆောင်ကာ တောင်မင်းကြီးဂေါပကအဖွဲ့၊ ဈေးသူဈေးသားများနှင့် ဘုရားဖူးလာ ပြည်သူများ၏ အစီအစဉ်ဖြင့် ပြုပြင်ခဲ့ဖူးကြောင်း ဦးပိန်တံတားအနီးတွင် နေထိုင်သူအချို့က ပြောကြားသည်။
           
‘‘ခုပြင်တာနဲ့တော့ မလုံလောက်သေးဘူး။ တံတားအရှေ့ဘက်ခြမ်းမှာလည်း ပျက်စီးနေတာတွေ ရှိသေးတယ်။ တချို့က လှူချင်တဲ့သူတွေလည်း ရှိတယ်။ ကော်မတီလေးဖွဲ့ပြီး အလှူခံပေးနိုင်ရင် ကောင်းမယ်’’ ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးကပြောကြားသည်။
         
တောင်သမန်အင်းအတွင်း ရေများ ရာသီမပြတ် ထည့်သွင်းထားခြင်းသည်လည်း ဦးပိန်တံတားအခြေတိုင်များ ပျက်စီးရခြင်းအကြောင်းရင်းများတွင် ပါဝင်ကြောင်း ဒေသခံအချို့က ဝေဖန်ကြသည်။
         
ဦးပိန်တံတားသည် တောင်သမန်အင်းပေါ်တွင် အမရပူရမြို့ နှင့် အရှေ့ဘက်ရှိ တောင်သမန်ကျေးရွာတို့ကို ဆက်သွယ်ထားသည်။ မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ် (ခရစ်နှစ် ၁၈၄၉) ခုနှစ်တွင် မြို့စာရေးဦးပိန်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၃၉၆၇ ပေ ရှည်လျားကာ ကျွန်းတိုင်လုံးပေါင်း ၁၀၈၆ တိုင် ရှိသည်ဟု မှတ်တမ်းများတွင် ဖော်ပြထားသည်။ ဦးပိန်တံတားတွင် အခန်းပေါင်း ၄၄၇ ခန်း ရှိပြီး ယခုဦးစားပေးပြင်ဆင်ရမည့် နေရာများ ပြီးစီးပါက ကျန်ပြင်ဆင်ရမည့် နေရာများကိုလည်း လေ့လာမှတ်တမ်းပြုစုကာ  ဆက်လက်ပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သတင်းရရှိသည်။

Author: ညီညီဇော်
7DAY

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB