Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

တရုတ်သို့ တင်ပို့မည့် တရားမ၀င် သယ်ဆောင်လာသည့် ခန့်မှန်းတန်ဖိုး ကျပ်သန်း ၁၄၀ ကျော်တန်ဖိုးရှိ ကျောက်စိမ်းများ မူဆယ်၌ ဖမ်းဆီးရမိ

တရုတ်ဘက်သို့ တင်ပို့မည့် တရားမ၀င် သယ်ဆောင်လာသည့် ခန့်မှန်းတန်ဖိုးကျပ် သန်း ၁၄၀ ကျော်တန်ဖိုးရှိ ကျောက်စိမ်းများ မူဆယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူများသည် မတ် ၁၄ ရက်တွင် မန္တလေးမှ မူဆယ်သို့ တရားမ၀င် ကျောက်စိမ်းများ တင်ဆောင်လာသည့် ယာဉ်တစ်စီး တစ်ဖက်နိုင်ငံသို့ ၀င်ရောက်မည်ဖြစ်ကြောင်း သတင်းရသဖြင့် စောင့်ဆိုင်းစစ်ဆေးခဲ့ရာမှ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။။
အဆိုပါယာဉ်အား ကုန်သွယ်ရေးဇုန်အတွင်း အဖွဲ့စုံဖြင့် စစ်ဆေးနေစဉ် ယာဉ်မောင်းဖြစ်သူမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ဖွဲ့စုံဖြင့် အသေးစိတ်စစ်ဆေးရာ အလေးချိန် ၄၃၀ုါ ရှိ ကျောက် စိမ်း တုံးကြီး အပါအ၀င် အလေးချိန် ၁၃၁၅ kg ပါ ကျောက်စိမ်း အရိုင်းတုံးကြီး ၁၀ တုံးနှင့် အလေးချိန် ၉၅ kg ပါ ကျောက်စိမ်းဖောက်ဆံ အ၀ိုင်းပြားသုံးအိတ် စုစုပေါင်း အလေးချိန် ၁၄၁၀ kg အား စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ဖမ်းဆီးရမိသည့် ခန့်မှန်းတန်ဖိုးမှာ ကျပ်သန်းပေါင်း ၁၄၁ ခန့်ရှိပြီး တင်ဆောင်လာသည့် Super Custom အသာ ယာဉ်သည် ခန့်မှန်းတန်ဖိုး ကျပ် သန်းပေါင်း ၂၀ ခန့်ရှိကြောင်း သိရသည်။
သိမ်းဆည်းရမိသည့် ကျောက်စိမ်းတုံးများ၊ ကျောက်စိမ်းဖောက်ဆံ အ၀ိုင်းပြားများနှင့် တင်ဆောင် လာသည့် ယာဉ်အား အကောက်ခွန်အမှုတွဲ ဖွင့်လှစ်ပြီး မြို့နယ်အကောက်ခွန် ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်တွင် တရားမ၀င် ၀င်/ထွက်ပေါက် ၂၀ ကျော်ရှိနေပြီး မြန်မာနိုင်ငံမှထွက်သည့် သယံဇာတများကို တရုတ်ဘက်သို့ တရားမ၀င်တင်ပို့မှုများ ရှိနေကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။
အဆိုပါ တရားမ၀င်ဝင်/ထွက်ပေါက် များမှတစ်ဆင့် မြန်မာနိုင်ငံမှ နွားအရှင်၊ မြွေအရှင်၊ လိပ် အရှင်များ၊ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်ပစ္စည်းများ တရား မ၀င် တင်ပို့မှုများရှိနေပြီး မြန်မာနိုင်ငံတွင်းသို့ တစ်ဖက်နိုင်ငံမှ မော်တော်ယာဉ် အပိုပစ္စည်း များ၊ ဆိုင်ကယ်အပိုပစ္စည်း၊ အလှကုန်မျိုးစုံ၊ ဘီယာ၊ ဒီဇယ်၊ အ၀တ်အထည်မျိုးစုံ၊ လျှပ်စစ်ပစ္စည်းများ၊ ဟန်းဆက်များအား ရှောင်ကွင်းလမ်းများမှ တရားမ၀င် သယ်ဆောင်နေကြောင်း သိရသည်။
တရားမ၀င် ပို့ကုန်ပစ္စည်းများဖြစ်သည့် ကျောက်စိမ်း၊ လိပ်အရှင်၊ မြွေအရှင်၊ သတ္တုတွင်းထွက် ပစ္စည်းများအား မန္တလေးမှ လူစီးယာဉ်၊ ကိုယ်ပိုင်ယာဉ်ငယ်များဖြင့် သယ်ဆောင်ပြီး ရွာအချို့တွင် ပစ္စည်းချ၍ နံနက်အစောပိုင်းနှင့် ညနက်ပိုင်းများတွင် ယာဉ်ပြောင်း တင်ဆောင်၍ လည်းကောင်း၊ လမ်းခရီးတွင် ယာဉ်နံပါတ်ပြောင်း၍ လည်းကောင်း ရှောင်ကွင်းလမ်းများ အတိုင်း သယ်ဆောင်မှုများရှိကြောင်း သိရသည်။
Eleven Media Group

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB