ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာ မြို့နယ် တွင် လစာ နှစ်သိန်း ရမည်ဟု ပြောဆို ကာ၊ အလုပ် လုပ် ရန် ခေါ်ဆောင် သွားပြီး၊ တရုတ် ပြည်သို့ ရောင်းစားသူ အား ဖမ်းဆီး ရမိ ခြင်း မရှိ သေးကြောင်း ရွှေပြည်သာ မြို့မ ရဲ စခန်းမှ ရဲအုပ် အောင်ဇော်ထွန်း က မတ်လ (၁၉) ရက်နေ့ ညပိုင်း တွင် The Messenger သတင်းစာသို့ ပြောသည်။
ကျူးလွန်သူ ကတော့ ထွက်ပြေး တိမ်း ရှောင် နေတုန်းပါပဲ။ သူက တခြားလူကုန်ကူးမှု တွေကိုလည်း ကျူးလွန်ထားသူဖြစ်ပါတယ်။ လိုက်လံဖမ်းဆီးနေတုန်းပါပဲ”” ဟု ၎င်း ကပြော သည်။ ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ ........ ရပ်ကွက်၊ .........လမ်း၊ အမှတ် .........နေ မ......... (၂၆) နှစ်အား မ.......... မှ ရှမ်းပြည် နယ်ရှိ ယူနီဆက် ဆေးဝါး ဖြန့်ဖြူးရေး ဆေးဝါး စက်ရုံ တွင် လစာ နှစ်သိန်း ၀န်းကျင် ဖြင့် အလုပ် ရမည်ဟု ပြောဆိုခေါ်ဆောင်သွားကာ၊ တရုတ် ပြည်၊ ရှန်ဟိုင်း မြို့ ရှိ တရုတ် အမျိုး သား တစ်ဦး ထံတွင် ရောင်းစားခဲ့ကြောင်း၊ ယခု ကလေး တစ်ယောက် ရနေပြီဖြစ်ပြီး၊ ပြန်လည် ခေါ် ဆောင်ပေးရန် မ..........(၂၆) နှစ်၏ မိခင်ဖြစ် သူက ၂၀၁၄ ခုနှစ်၊ မတ်လ (၁၈) ရက်နေ့ က ရွှေပြည်သာမြို့မ ရဲစခန်းတွင် လာ ရောက်တိုင် တန်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့  ရုံး၏ ပထမသတင်းပေးချက်အရ သိရသည်။
လူကုန်ကူး ခံရတဲ့ အမျိုးသမီး က သူ့ အမေကို ဖုန်းလှမ်းဆက်အကြောင်းတာပါ။ အဲဒီ အမျိုးသမီးရဲ့ ဓာတ်ပုံကို နယ်စပ်မှာရှိတဲ့ လူကုန်ကူးနှိမ်နင်းရေး အဖွဲ့ တွေနဲ့ ချိတ်ဆက် ပြီး ပြန်ခေါ်နိုင်ဖို့ လုပ် နေပါတယ် ဟု ရဲအုပ် အောင်ဇော်ထွန်းက ဆက်ပြောသည်။ ယင်းဖြစ်စဉ်အား ရွှေပြည်သာမြို့မ ရဲ စခန်း (ပ) ၁၇၄/၁၄၊ လူကုန် ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် မတ်လ (၁၈) ရက်နေ့တွင် အမှု ဖွင့်ပြီး မ.........အား ဖမ်းဆီး ခဲ့နိုင်ရန် ဆောင်ရွက်နေကြောင်း ရွှေ ပြည်သာမြို့မ ရဲစခန်းမှ သိရသည်။
The Messenger
No comments:
Post a Comment