Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ဆတ်ဆတ်ထိမခံသူတွေရဲ့ အကျင့်စရိုက်များ

အများသူငါနဲ့ ဆက်ဆံတဲ့အခါ အခြားသူတွေထက် တုံ့ပြန်မှု အလွန်မြန်နေတယ်လို့ ကိုယ့်ကိုကိုယ် ထင်မိပါသလား။ ပတ်ဝန်းကျင်နဲ့ သင့်ရဲ့ ဆက်ဆံရေးကိုရော တွေးပြီး စိတ်ပူနေမိပါသလား။ ဒါမှမဟုတ် တခြားသူတွေနဲ့ ပြောဆိုဆက်ဆံရတာ စိတ်မ၀င်စားဘဲ တစ်ကိုယ်တည်း နေရတာ ပိုကြိုက်ပါသလား။

ဒီမေးခွန်းတွေ အကုန်လုံးကို အင်း လို့ဖြေမိတယ် ဆိုရင်တော့ သင်ဟာ ဆတ်ဆတ်ထိမခံ လူတန်းစား ဖြစ်ချေနိုင်တော်တော်များပါတယ်တဲ့။ ဟုတ်မဟုတ် သေချာအောင် အောက်မှာပြောထားတဲ့ အချက်တွေနဲ့ တိုက်ကြည့်လိုက်ရအောင်။

ပိုပြီးခံစားတတ်တယ်

သူတို့ဟာ သူများတွေထက် ပိုပြီး အရာရာကို နက်နက်ရှိုင်းရှိုင်း ခံစားတတ်ပါတယ်တဲ့။ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ သူများထက် ပိုပြီးခံစားတတ်ကြပါတယ်။



စိတ်ပိုင်းဆိုင်ရာအားဖြင့် ပိုပြီးတုံ့ပြန်မှုမြန်

သူတို့ဟာ အခြေအနေတစ်ခုခုမှာ အများထက် ပိုပြီးတုံ့ပြန်မှုမြန်တယ်။ ဥပမာအားဖြင့် သူငယ်ချင်းတစ်ယောက်ရဲ့ ပြဿနာကိုတောင်မှ အစားဝင်ပြီး ခံစား တုံ့ပြန်မှုတွေတောင် ရှိတတ်တယ်။ အထူးသဖြင့် အခြားသူတွေရဲ့ ပြဿနာတွေမှာ ပိုပြီးစိတ်ဝင်စားလေ့ရှိကြပါတယ်တဲ့။

“ပုဂ္ဂိုလ်ရေးဆန်ဆန် မလုပ်ပါနဲ့ “၊ ”ဘာလို့အဲလောက်တောင် ဆတ်ဆတ်ထိမခံဖြစ်ရတာလဲ” စတဲ့ စကားတွေက သူတို့ အပြောခံနေကျ ဖြစ်တတ်ပါတယ်တဲ့

ယဉ်ကျေးမှု မတူတဲ့ သူတွေ ဖြစ်ပါစေဦး။ လုံးဝ မထိမခံသူတွေကတော့ အဲလို စကားမျိုးတွေကို အနည်းနဲ့ အများတော့ အပြောခံရတတ်လေ့ရှိပါတယ်တဲ့။ ပွင့်လင်းတဲ့ အသိုင်းအ၀ိုင်းမဟုတ်ရင်တောင် အဲလိုမျိုး အဓိပ္ပါယ်ရတဲ့ ဝေဖန်မှုမျိုး ခံရတတ်ပါတယ်လို့ လေ့လာသူတွေက ပြောပါသေးတယ်။

လေ့ကျင့်ခန်းလုပ်ရင်တောင် တစ်ကိုယ်တည်း

သူတို့ဟာ အဖွဲ့နဲ့ လုပ်ရတဲ့ အားကစားမျိုးကို မနှစ်သက်ပါဘူး။ ဘာလို့လဲဆိုတော့ လူတိုင်းက သူ့ကိုစောင့်ကြည့်နေတယ်လို့ ခံစားရလို့ပါတဲ့။ ဒါကြောင့် သူတို့ဟာ စက်ဘီးစီးရတာ၊ ပြေးရတာ အစရှိတဲ့ တစ်ယောက်တည်း လုပ်လို့ရတဲ့ အားကစားမျိုးကိုပဲ နှစ်သက်ကြပါတယ်။ ဒါကြောင့် မိဘတွေ အနေနဲ့လည်း ကိုယ့်ကလေးကို အများနဲ့ ပေါင်းသင်းဆက်ဆံလိုစိတ်ရှိအောင် ငယ်စဉ်ကတည်းက အသင်းအဖွဲ့နဲ့ဆော့ကစားလိုစိတ် ရှိအောင် သွန်သင်သင့်ပါတယ်တဲ့။

ဆုံးဖြတ်ချက်ချဖို့ကြာတယ်

သူတို့ဟာ သူများတွေထက် ပိုပြီးဆုံဖြတ်ချက်ချဖို့ ခက်ခဲလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဖြစ်နိုင်ချေရှိသမျှ အရာအားလုံးကို ထည့်တွက်ပြီး စဉ်းစားတတ်ကြလို့ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့နဲ့ ဆက်ဆံတဲ့အခါ သူများတွေထက် သူတို့ကို ပိုပြီး အချိန်ပေးစဉ်းစားခိုင်းသင့်ပါတယ်တဲ့။

ချွင်းခြက်အနေနဲ့ သူတို့ အဖြူအမဲ ကွဲကွဲပြားပြားသိပြီးသား ကိစ္စတွေကိုတော့ ဆုံးဖြတ်ချက် မြန်မြန်ချလေ့ရှိပါတယ်။

ဆုံးဖြတ်ချက်မှားတဲ့အခါ ပိုပြီး ထိခိုက်ဝမ်းနည်းတတ်

သူတို့ဟာ ပိုပြီးခံစားတတ်တဲ့သူတွေ ဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်တစ်ခု မှားပြီးချမိတာမျိုး ဒါမှမဟုတ် မှားယွုင်းတဲ့ လုပ်ရပ်ကို ပြုမူမိတယ်ဆိုရင် အများထက် ပိုပြီးခံစား ၀မ်းနည်းမဆုံး ဖြစ်တတ်ပါတယ်တဲ့။

အလွန့်ကို အသေးစိတ်လွန်း

သူတို့ဟာ သူများတွေထက် ပိုပြီး အသေးစိတ်လွန်းပါတယ်။ ဒါ့အပြင် သူများဖိနပ်အသစ်စီးတာ ရာသီဥတု ပြောင်းလဲတာ စသဖြင့် အရာအားလုံးကို သူများထက်ပိုပြီး သတိထားမိတတ်ပါတယ်တဲ့။

ဆတ်ဆတ်ထိမခံသူတိုင်းက ဘာသိဘာသာနေတတ်သူများမဟုတ်

သုံးဆယ်ရာခိုင်နှုန်းသော ဆတ်ဆတ်ထိမခံသူတွေဟာ ဘွင်းဘွင်းပြောတတ်သူတွေ ဖြစ်ပါတယ်တဲ့။ ဒါဟာလည်း သူတို့ကြီးပြင်းနေထိုင်ရာ ပတ်ဝန်းကျင်ကြောင့် ဖြစ်ပါတယ်။

အဖွဲ့အစည်းမှာ ကောင်းကောင်းအလုပ်လုပ်သူမျာ

သူတို့ဟာ နက်နက်နဲနဲ တွေးတောသူတွေ ဖြစ်တာကြောင့် အဖိုးတန်တဲ့ အလုပ်သမားကောင်း (အဖွဲ့ဝင်ကောင်း) ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ အဖွဲ့အစည်းမှာ အပြီးသတ် ဆုံးဖြတ်ချက် ချစရာမလိုတဲ့ ရာထူးမှာပဲ ပိုသင့်တော်တယ်လို့ ဆိုပါတယ်။ ဥပမာအနေနဲ့ သူတို့ဟာ ဆေးသုတေသန အဖွဲ့မှာ ပါဝင်တယ်ဆိုရင်တော့ ဆေးဝါး၊ ခွဲစိတ်မှုမှာ ကောင်းတဲ့အချက် ဆိုးတဲ့အချက် စတာတွေကို သေချာလေ့လာ အကဲခတ်လေ့ရှိပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်တော့ ကောင်းကောင်းမချတတ်ပါဘူး။

စိုးရိမ်ကြောင့်ကျမှု ပိုများပြီး စိတ်ဓါတ်ကျလွယ်

သူတို့ကို အထောက်အပံ့ကောင်းကောင်း ပေးနိုင်တဲ့ ပတ်ဝန်းကျင်ရှိနေရင်တောင်မှပဲ သူတို့ဟာ စိုးရိမ်ကြောင့်ကျမှု ရှိနေတတ်ပါတယ်။ သူတို့မိဘတွေ အနေနဲ့ ကလေးတွေကို နားလည်ပေးဖို့ လိုအပ်သလို သူတို့ဟာ ထူးချွန်တဲ့သူတွေ ဖြစ်တယ်ဆိုတာ လက်ခံသင့်ပါတယ်။ ဒါပေမယ့် လုံးဝလက်လွှတ်ထားဖို့တော့ မဟုတ်ပါဘူး။ အလျော့အတင်းကောင်းကောင်းနဲ့ထိန်းပေးနိုင်မယ်ဆိုရင် သူတို့ကိုယ် သူတို့ ယုံကြည်ချက်ရှိလာနိုင်ပါတယ်တဲ့။

စိတ်အနှောင့်အယှက် ပိုပြီးဖြစ်လွယ်

ဘယ်သူကမှတော့ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အမြင်၊ အသံကို နှစ်သက်လေ့မရှိပါဘူး။ ဒါပေမယ့် ဆတ်ဆတ်ထိမခံသူတွေကတော့ သူများတွေထက် ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်လွယ်ပါတယ်။

ကြမ်းကြုတ်ရက်စက်တဲ့ ရုပ်ရှင်တွေက အဆိုးဆုံး

သူတို့ဟာ သူများထက်ပိုပြီး ခံစားလွယ်တာကြောင့် ရက်စက်ကြမ်းကြုတ်တဲ့ ဇာတ်လမ်းမျိုးတွေ ချောက်ခြားစရာ ဇာတ်လမ်းမျိုးတွေကို လုံးဝမနှစ်သက်ပါဘူးတဲ့။

သာမန်ထက်ပိုပြီး အပြုအမူကောင်းများရှိ
သူတို့ဟာ သူများထက်ပိုပြီး တာဝန်သိစိတ်ရှိတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ပိုပြီး စဉ်းစားတတ်ကြသလို ပိုပြီး ကောင်းတဲ့အပြုအမူတွေကို လုပ်လေ့ရှိကြလို့ပါတဲ့။ ဥပမာအနေနဲ့ ဈေးဝယ်ထွက်တဲ့အခါမျိုးမှာ သူ့ရဲ့လက်တွန်းလှည်းကို ပိုပြီးဂရုတစိုက် ရှိတတ်ကြပါတယ်။ ဒါဟာ သူ့ရဲ့ပစ္စည်းတစ်စုံတစ်ရာကို သူများက ခိုးမှာစိုးတဲ့အတွက် မဟုတ်ပါဘူး။ သူရဲ့တွန်းလှည်းက သူများအတွက် အနှောင့်အယှက် ဖြစ်မှာ၊ သူများအတွက် မလွတ်မှာ ပိတ်ထားသလို ဖြစ်မှာ စိုးရိမ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်တဲ့။

ဝေဖန်မှုမခံနိုင်ကြသူများ

သူတို့ဟာ သူများရဲ့ ဝေဖန်မှုကိုလုံးဝ မခံနိုင်ကြသူများ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ အလုပ်လုပ်တဲ့အခါမှာ သူများ ဝေဖန်ခံရမှာ စိုးတဲ့အတွက်ကြောင့် အရမ်းကို သတိထားတတ်ကြပါတယ်။ သူတို့ကိုယ်သူတို့ အရင်ဝေဖန်တတ်ပြီး သူများဝေဖန်မယ့် အပြုအမူမျိုးကို ရှောင်ကျဉ်လေ့ရှိပါတယ်။ သက်တောင့်သက်သာသမားတွေ အတွက်တော့ ဝေဖန်ခံရတဲ့အခါ “ဘာဖြစ်ဖြစ်” လို့ ပြန်ပြီး တုံ့ပြန်နိုင်ပေမယ့် ဆတ်ဆတ်ထိမခံ သူတို့အတွက်ကတော့ တော်တော့်ကို ခံရခက်စေပါတယ်။

ကိုယ်ပိုင် သီးသန့်နေရာသာ အကောင်းဆုံး

သူတို့ဟာ တစ်ယောက်တည်း အလုပ်လုပ်ရတာ ပိုပြီး ကြိုက်နှစ်သက်ပါတယ်။ ဒါကြောင့် အလုပ်မှာလဲ တစ်ယောက်တည်း သီးသန့်ထိုင်ရတာ ပိုသဘောကျပါတယ်။ လူအများနဲ့ ဟင်းလင်းပွင့် ခုံတွေမှာ ထိုင်ရတာ သူတို့အတွက် ဆိုးပါတယ်လို့ ပြောကြပါတယ်။

ကဲစာဖတ်ပရိသတ်ရော ဆတ်ဆတ်ထိမခံလွန်းသူတွေရဲ့ အပြုအမူတွေနဲ့ ကိုက်ညီနေပါသလား။


No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB