Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

မျက်နှာကိုအက်ဆစ်နဲ့ ပက်ခဲ့တဲ့ တရားခံကို မျက်လုံး ဖောက်ထုတ်ပြီး နားရွက်နဲ့ နှာခေါင်း ကိုပါ ဖြတ်စေတဲ့ ပြစ်ဒဏ် ချမှတ်


အီရန် နိုင်ငံမှာ ပြဋ္ဌာန်း ထားတဲ့ တရား စီရင်ရေး ဥပဒေနဲ့ ပတ်သက်ပြီး မကြာခဏ ဝေဖန်မှုတွေ ပေါ်ထွက်လာ လေ့ရှိပါတယ်။ အခု လည်း အီရန် အမျိုးသား တစ်ဦးဟာ အမျိုး သမီးငယ် တစ်ဦးကို အက်ဆစ်နဲ့ ပက်ခဲ့တာမို့ ပြင်းထန်တဲ့ အမိန့် တစ်ရပ် ချမှတ် ခံလိုက်ရ တယ်လို့ သိရပါတယ်။ တရားခံဟာ အမျိုး သမီးငယ်ကို အက်ဆစ်နဲ့ ပက်ခဲ့လို့ မျက်နှာ တစ်ခုလုံး ပျက်စီး သွားပြီး၊ မျက်စိ အမြင် ဆုံးရှုံး သွားခဲ့ရပါတယ်။ ဒါကြောင့်မို့ အီရန် တရားရုံး တော်ဟာ တရားခံရဲ့ မျက်လုံးကို ဖောက် ထုတ်စေတဲ့ ပြစ်ဒဏ် ချမှတ်ခဲ့ တဲ့အပြင် နားရွက်နဲ့ နှာခေါင်း တို့ကိုပါ ဖြတ်တောက်စေ တဲ့ ပြစ်ဒဏ် ကိုပါ ချမှတ် လိုက်ပါတယ်။ အမျိုးသမီးငယ်ဟာ အက်ဆစ်နဲ့ ပက်ခံရလို့ မျက်လုံး နှစ်လုံး၊ နှာခေါင်းနဲ့ ညာဘက် နားတို့ ဆုံးရှုံးခဲ့ တာမို့ တရားခံကို အဲဒီအတိုင်း ပြန် လည်ဆုံးရှုံးစေဖို့ အမိန့် ချမှတ် လိုက်ခြင်းဖြစ် ပါတယ်။ 


အရှေ့ အလယ်ပိုင်း နိုင်ငံတွေမှာ မျက်လုံး တစ်ဖက် ဆုံးရှုံးလျှင် မျက်လုံးတစ် ဖက် အစားပေး ရမည်ဟူသော ဥပဒေကို အသုံးပြု နေဆဲဖြစ်ပါတယ်။ အီရန် အမျိုးသား ကောင်စီက တရားရုံးတော်ရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်
။ ပြီးခဲ့တဲ့ လတုန်းကလည်း အီရန် အမျိုးသား တစ်ဦးဟာ ခြေတစ်ဖက်၊ လက်တစ်ဖက် ဖြတ်တောင်စေ တဲ့ အမိန့် တစ်ရပ် ချမှတ်ခံခဲ့ ရတယ်လို့ သိရပါ တယ်။ ဒီနှစ် အတွင်းမှာ အီရန်နိုင်ငံမှာ ကွပ် မျက်မှုပေါင်း (၉၅) ဦးအထိ ရှိခဲ့ပါတယ်။ အီရန် သမ္မတ ရိုဟာနီဟာ ရွေးကောက်ပွဲမှာ အနိုင် ရပြီးတဲ့ နောက် အနောက် နိုင်ငံတွေနဲ့ ဆက်ဆံမှု ပိုမို တိုးမြှင့် သွားမယ်လို့ ဆိုထား ပေမယ့် နိုင်ငံအတွင်း ကြိုးပေး ကွပ်မျက် တရား စီရင်မှုတွေ လျော့ကျ သွားအောင် ပြုလုပ်နိုင်ခြင်း မရှိသေး ပါဘူး။ ပြီးခဲ့တဲ့ နှစ်မှာ အီရန်နိုင်ငံ အတွင်း ကြိုးပေး ကွပ်မျက် ခံရသူ (၅၀၀)ကနေ (၆၂၅) ဦးအထိရှိခဲ့ပြီး၊ အနည်း ဆုံးအမျိုးသမီး (၂၈) ဦးနဲ့ ကလေး နှစ်ဦး ပါဝင်ကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူ တစ်ဦးက ဆိုခဲ့ပါတယ်။
The Messenger

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB