Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

အရောင်းဝန်ထမ်းကို သိန်း ၁၉၀၀ ကျော်ကို ကိုယ်ကျိုးသုံးဟု အမှုဖွင့်တိုင်

ရန်ကုန် မဇ္ဈိမ။           ။ အရောင်းဝန်ထမ်းခေါင်းဆောင်က ကုမ္ပဏီမှထုတ်ယူခဲ့သည့် ငွေ သိန်း ၁၉၀၀ ကျော်ကို ကိုယ်ကျိုးအတွက် သုံးစွဲထားသည်ဟု အမှုဖွင့် တိုင်တန်းမှုတစ်ခုကို တာမွေရဲစခန်းက မတ်လ ၅ တွင် အမှုဖွင့် စစ်ဆေးနေသည်။
အမှုကို MDG ကုမ္ပဏီရုံးချုပ်မှ Key Account မန်နေဂျာဖြစ်သူ ဦးမင်းအေးနိုင် ၃၆ နှစ်က အမှုဖွင့် တိုင်တန်းထားသည်။
၎င်းသည် ဖေဖော်ဝါရီ ၂၈ ရက်က ကုမ္ပဏီငွေစာရင်းများ စစ်ဆေးရန်အတွက် ဂမုန်းပွင့်ကုန်တိုက်ရှိ ငွေကောက်ခံမှု အခြေအနေများအား သွားရောက် စစ်ဆေးခဲ့သည်ဟု ဆိုထားသည်။
ထိုအခါတွင် MDG ကုမ္ပဏီမှ အရောင်းဝန်ထမ်းခေါင်းဆောင်ဖြစ်သူ ဦးထွန်းထွန်းလတ် ၃၀ နှစ်သည် ၂၀၁၃ ခုနှစ် ဇူလိုင်လမှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဂမုန်းပွင့်ကုန်တိုက်သို့ ကုန်ကြွေးဖြင့် ဖြန့်ဖြူးရောင်းချခဲ့သည် ကုန်ပစ္စည်းတန်ဖိုးငွေ သိန်း (၁၉၀၄)သိန်းကျော်အား ထုတ်ယူပြီး ကုမ္ပဏီသို့ ပြန်လည်ပေးသွင်းခြင်း မရှိဘဲ ကိုယ်ကျိုးအတွက် သုံးစွဲထားသည်ကို  တွေ့ရှိခဲ့ သည်ဟု ရဲစခန်းတွင် တိုင်တန်းထားသည်။

ထို့ကြောင့် ဦးထွန်းထွန်းလတ်အား ငွေအလွဲသုံးစားလုပ်မှုဖြင့် အရေးယူပေးရန် စွတ်စွဲတိုင်တန်းဖြင့် ရဲစခန်းက (ပ)၁၂၃/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံရသူကို ဖမ်းဆီးစစ်ဆေးနေသည်။
အဆိုပါ တိုင်တန်းခံရသူတွင် ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ပါက ပြစ်မှုပုဒ်မ ၄၀၈ ငြဖ့် တရားစွဲတင်အရေးယူသွားမည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်

Written by  ဇော်ဇော်ထွေး  /mizzimaburmese

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB