Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ရဲဘက်ပြေးတစ်ဦးအား ဖမ်းမိစစ်ဆေးရာမှ ခိုးမှု(၃)မှုပေါ်

၂၄.၂.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် နယ်မြေသတင်းစုံစမ်းစဉ် ဒလမြို့၊ ဗိုလ်မင်းရောင်
လမ်း၌ ၂၀၁၂ခုနှစ်က ခိုးမှု(၇)မှုဖြင့် ထောင်ဒဏ်(၄)နှစ်ကျော် ကျခံ
နေရစဉ် ရဲဘက်စခန်းမှထွက်ပြေးလာသူ ဇာနည်အောင်(ခ)ကျော်သက် (ဘ)ဦးသံစိအားတွေ့ရှိသဖြင့်ဖမ်းဆီး စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထား သည့် ကျောပိုးအိတ်အတွင်းမှ ဖုန်းဟန်းဆက်အမျိုးအစားမျိုးစုံ(၁၄)လုံး၊ Tablet pc (၃)လုံး၊ ၅၀၀၀တန် ငွေဖြည့်ကဒ်(၁)ကဒ်၊ ငွေကျပ်(၄၇၀၀၀)၊
ငွေစုစာအုပ် (၁)အုပ်၊ ဘေးလွယ်အိတ်(၂)အိတ်၊ နိုင်ငံသားစိစစ်ရေးကဒ် (၂)ခုနှင့် ယာဉ်မောင်းလိုင်စင်(၁)ခုတို့အားလည်းကောင်း၊ ခါးကြားမှ အရိုးအသွား(၈)လက်မခန့်ရှိ ခေါက်ဓါး(၁)ချောင်းအား လည်းကောင်း
တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

၎င်းအားဖမ်းဆီးရမိစဉ်တွင် ခါးကြားမှ အရိုးအသွား(၈)လက်မခန့်ရှိ
ခေါက်ဓါးတွေ့ရှိသိမ်းဆည်းရမိမှုကို ဒလမြို့မရဲစခန်း(ပ)၇၆/၂၀၁၄၊ လက်နက်ပုဒ်မ၁၉(င)ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး၊ ကျောပိုးအိတ် အတွင်းမှတွေ့ရှိသည့်ပစ္စည်းများနှင့်ပတ်သက်၍ စစ်ဆေးခဲ့ရာ ၂၄.၂.၂၀၁၄ရက်နေ့ ၀၃၀၀ အချိန်ခန့်က မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်ရှိဖုန်းအရောင်းဆိုင်မှ ခိုးယူလာခဲ့သော ပစ္စည်းများ
ဖြစ်ကြောင်းပေါ်ပေါက်ခဲ့သဖြင့် ယင်းနေ့နံနက်က မြောက်ဥက္ကလာပ
မြို့နယ်၊ (ဌ)ရပ်ကွက်ရှိ ဦးဇော်မျိုးအောင်၏ ဖုန်းအရောင်းဆိုင်မှပစ္စည်းများ ခိုးယူခံရသောကြောင့် ဝေဘာဂီနယ်မြေ ရဲစခန်းတွင် အမှုဖွင့်စုံစမ်းစစ်ဆေး လျက်ရှိသော (ပ) ၆၀/၂၀၁၄၊ ပုဒ်မ၃၈၀အမှုအား ဖော်ထုတ်နိုင်ခဲ့ပါသည်။

၎င်းအား အခြားအမှုများကျူးလွန်ထားခြင်း ရှိ/မရှိဆက်လက်စစ်ဆေးရာ ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလကုန်ပိုင်းက ညအချိန်တွင် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ ဖုန်းဆိုင်အတွင်းမှ ဖုန်းဟန်းဆက်(၁၇)လုံးနှင့် Laptop ကွန်ပျူတာ(၁)လုံးတို့အားလည်းကောင်း၊ ဖေဖော်ဝါရီလဆန်းပိုင်း က ညအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်ရှိလမ်းပေါ်တွင်
သော့တန်းလန်းဖြင့် ရပ်ထားသော SUZUKI Smashနက်/ပြာရောင်
ဆိုင်ကယ် (၁)စီးအားလည်းကောင်း ခိုးယူခဲ့ကြောင်း ထပ်မံပေါ်ပေါက်
ခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းများတွင် အမှုများထပ်မံဖွင့်လှစ်ကာ
သက်သေခံပစ္စည်းများသိမ်းဆည်းပြီး အရေးယူဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB