Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

လူထဲကလူ၊ သို့သော်...မဟာလူသား

သန်းဝင်း

ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ လှုပ်ရှားမှုတွေကရှိစမြဲ၊" ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ" စာအုပ်ကိုနှစ်ကြိမ်မြောက်ဖတ်နေရာ၊ ခေတ်အခါနှင့် ကိုက်ညီတာလေးတော့
မသိသေးသူများလည်းသိစေချင်ပြန်၊ ဒါနဲ့ပဲ မဟာလူသားအကြောင်း အတွင်းကျကျ လက်ပွန်းတတီးနေခဲ့သူရေးခဲ့တာလေးကို ဖောက်သည်ချမိပြန်တယ်ဆိုပါတော့.....

အချိန်ကိုငဲ့ ဇာမချဲ့
==========
ဗိုလ်ချုပ်သည် နိုင်ငံရေးတရားပွဲ ကျင်းပရာ၌ ဇာချဲ့ကာ၊အချိန်ဖြုန်းတီးမှုကို မကြိုက်ချေ။ ဥပမာ မိမိရောက်သည်နှင့် တစ်ပြိုင်နက်၊ တရားဟောစင်ပေါ်သို့ တက်ဟောပြီးသည်နှင့် ရှေ့သို့ဆက်ထွက်ပြီး ချိန်းထားသောအစီအစဉ်အတိုင်း အမီရောက်အောင်သွားကာ ဟောလေ့ရှိ၏။
လွန်လေပြီးသော ခေတ်ဟောင်းကကဲ့သို့ အငြိမ့်စည်တော်ဖြင့် အချိန်ကုန်စေမှုများကို အလိုမရှိ။


မော်တော်ကားမောင်းရာ၌ တစ်နာရီလျှင် မိုင်(၄၀၊ ၅၀)မျှမောင်းမှကျေနပ်၏။ အပါးတော်မြဲ ဗိုလ်ထွန်းလှကား ဗိုလ်ချုပ်၏ အလိုကိုသိကာ အလိုကျ အံကိုက်ဖြစ်အောင် စီစဉ်
ထားရ၍ တရားတစ်ပွဲပြီးလျှင် ရှေ့ဘာရှိသလဲမေးလေ့ရှိ၏။ဘယ်မြို့ရောက်မည်၊ဘယ်နှမီနစ်ဟောရမည် စသဖြင့်စီစဉ်ထားသည်ကို ပြောပြရ၏။ ဗိုလ်ချုပ်လက်ထဲ စာများ တိုက်ရိုက် ဝင်ပေးကြသော်လည်း ဖွင့်၍မဖတ်။ ဗိုလ်ထွန်းလှကိုသာ ပေးလေ့ရှိ၏။ အရေးကြီးလျှင် ကြီးသလို တင်ပြရ၏။

နေရာပေါင်းများစွာတွင် ဗိုလ်ချုပ် တရားဟောပြီးလျှင်ချက်ချင်းမသွားစေဘဲ ဧည့်ခံကျွေးမွေးလိုသဖြင့် ဆိုင်းငံ့ရန် တောင်းပန်ကြ၏။ ဗိုလ်ချုပ်က-" စားတာသောက်တာတွေကအရေးမကြီးဘူး၊ အလုပ်လုပ်စရာတွေကအရေးကြီးပါတယ်။ ကိုင်း...သွားကြမယ်" ဆိုကာ ခရီးဆက်ထွက်ခဲ့
လေ့ရှိ၏။ အချို့နေရာများတွင် " စားစေချင်ရင် ကားပေါ်တင်ပေးလိုက်ပေါ့" ဟု ပြောသဖြင့် ငှက်ပျောသီး၊ လိမ္မော်သီးတို့ကို ကားပေါ်တင်ပေးလိုက်ကြ၏။
(နိုင်ငံရေး ဆောင်ရွက်ရာ၌ ကျွေးမွေး ဧည့်ခံသူတို့၏
စေတနာကို မငဲ့၊ အချိန်နှင့် အလုပ်ဝတ္တရားကိုသာငဲ့မှုပင်)

ဟိတ်လည်းမရှိ ဟန်လည်းမရှိ
••••••••••••••••••••••••••••
ဗိုလ်ချုပ်သည် ဟိတ် ဟန်မလုပ်တတ်။ မရယ်ချင်ဘဲနှင့်ရယ်ချင်လေဟန်၊ မသိဘဲလျက်နှင့် သိလေဟန်၊ နှုတ်မဆက်ချင်ဘဲလျက်နှင့် နှုတ်ဆက်ချင်လေဟန် လောကွတ်ပျူဌာလုပ်လေ့မရှိ။
 ရွေးကောက်ပွဲတွင် မဲလိုသဖြင့်မည်သည့် ဆရာတော် သံဃာတော်မျှ ကပ်လေ့ကပ်ထ
မရှိ။ သို့ကြောင့်လည်း ၁၉၄၇ခုနှစ်၊၊ဖေဖော်ဝါရီလ (၂၃)ရက်နေ့က ရန်ကုန်မြို့တော်ခန်းမကြီး၌ ကျင်းပသောပထမပြန် စာမေးပွဲအောင် ပုဂ္ဂိုလ်များအား ဆက်ကပ်လှူဒါန်းသော ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဗိုလ်ချုပ်ကဆရာတော် သံဃာတော်များအား အောက်ပါအတိုင်း
လျှောက်ထားခဲ့လေသည်။

" ယခု ဗမာပြည်ရွေးကောက်ပွဲ နီးကပ်လာတာနှင့် အချို့နိုင်ငံရေးသမားတွေဟာ ဘုန်းတော်ကြီးတွေအနားကို ကပ်ချင်ကြတယ်။ တပည့်တော်ကတော့ မကပ်ဘူး၊ ရှင်းရှင်းပဲ။
နိုင်ငံခြားသွားခါနီးတဲ့အခါ ရွှေတိဂုံဘုရားကြီးဖူးပြ၊ နိုင်ငံခြားကပြန်လာတဲ့အခါကျပြန်တော့လည်း ဘုန်းတော်ကြီးများကိုဖူးပြ၊ လူကြားကောင်းအောင် သက်သတ်လွတ်စားရန်ဆိုပြီး
သတင်းစာထဲကနေပြီး ဖိတ်ခေါ်၊ ဒီလို ဟန်ပြအလုပ်မျိုးတွေကို နိုင်ငံရေးသမားတွေ လုပ်တတ်ကြပါတယ်။


 တပည့်တော်ကတော့ ဒီလိုဟန်ပြအလုပ်မျိုးကို မလုပ်တတ်ဘူး။ ရိုးရိုးနေတဲ့အခါမှာ ဘုရားတရား မအောက်မေ့ဘဲ၊ ဒုက္ခရောက်နေမှမကျန်းမာနေမှ၊ ချမ်းသာသုခလိုချင်မှ အောက်မေ့လေ့ရှိကြ
တာလို နိုင်ငံရေးသမားတွေလည်း ရွေးကောက်ပွဲနီးကပ်လာရင် ဘုန်းတော်ကြီးများကို သတိရလာပြီ "

သတင်းစာဆရာ ဦးပုကလေး ရေးသော" ငါတို့ဗိုလ်ချုပ် " စာအုပ်မှကောက်နှုတ်
ဖော်ပြခြင်းဖြစ်ပါသည်။

လူထဲကလူ၊သို့သော်...မဟာလူသား၊ ဗိုလ်ချုပ်အကြောင်းကား ရေး၍မကုန်နိုင်၊ သို့သော် မှန်မှန်ကာ တင်ဆက်ပေးမည်ဟု အကြံရှိနေပါ၏။


Myawady News

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB