Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

အမျိုးသမီး အဆိုတော်များ လူရွှင်တော် လုပ်လာကြတဲ့ မြန်မာ နှင့် ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး အနုပညာပွဲတော်

Thai Film Festival 2014 မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး အနုပညာပွဲတော် ကို မတ်လ ၃ဝ ရက်နေ့၊ ပြည်သူ့ဥယျာဉ်မှာ ကျင်းပ သွားမယ်လို့ သိရ ပါတယ်။ အဆိုပါဖျော်ဖြေပွဲ နှစ်ပါးသွား ကဏ္ဍမှာ မင်းသား အဖြစ် တင်မောင် ဆန်းမင်းဝင်း၊ မင်းသမီးများ အဖြစ် မေကဗျာ၊ မေတင်မောင်ဆန်းမင်းဝင်း၊  ဆန်းသစ်လ တို့က ကပြ သွားမှာဖြစ်ပြီး လူရွှင်တော် များအဖြစ်  ဇာဂနာ၊ အရိုင်း၊ စန္ဒီမြင့်လွင်၊ အိမ့်ချစ်၊ နန်းမြတ်ဖြိုးသင်း၊  မိစန္ဒီ၊ Bobby Soxer ၊ နန်းသူဇာတို့က တင်ဆက်ကြ မှာဖြစ်ပါတယ်။ ဒါကြောင့် လည်း  လူရွှင်တော် အဖြစ် တင်ဆက် ကြမယ့် အမျိုးသမီး အဆိုတော် များ၏ ရင်ခုန်သံများကို မေးမြန်း တင်ဆက် လိုက်ပါတယ်။
စန္ဒီမြင့်လွင်- “မင်းသမီးတွေ ပြီးတဲ့ အချိန်မှာ အဆိုတော်တွေ လုပ်မယ် ဆိုပြီးပြောတယ်။ ပြီးတော့ ကိုယ်တွဲ နေကျ လူတွေချည်းပဲလေ။ ခင်လည်း ခင်နေတယ်လေ။ ပြီးတော့ အမြဲ တမ်းတွေ့နေကြတဲ့ သူတွေလည်း ဖြစ် တော့ ပြောလို့၊ ဆိုလို့လည်း ကောင်း တယ်လေ။ နောက်တစ်ခုက အမှတ် တရလေး လည်းဖြစ်တာပေါ့။ ဒါ ပထမ ဆုံးပါပဲ။ မင်းသမီးတွေ ပြီး တော့ ဒီဘက် အဆိုတော်တွေ ဘက် ကပေါ့။ များသော အားဖြင့် ဟစ်ဟော့ပ် အဆိုတော်တွေ ဆိုတော့ ထူးထူးခြားခြား လေးဖြစ်တာပေါ့။  အကုန်လုံး ကိုလေ့လာပြီး၊ အကူအညီ တောင်းပြီးတော့ တင်ဆက် သွားမှာပါ”

အိမ့်ချစ်- “မျက်နှာပြောင်တဲ့ သူတွေ ချည်းပဲ ရွေးထားတာ ထင်တယ်။ ကြို ပြီးတော့ စဉ်းစားထားတာ မျိုးတွေရှိ မယ်။ သင်ပေးထား တာမျိုးတွေရှိ မယ်။ ရုတ်တရက် ထပြောဖြစ်တာ မျိုး တွေရှိမယ်။ တာဝန်ကတော့ ကြီးတာ ပေါ့။ လူရွှင်တော် လုပ်တယ် ဆိုတာ လူရွှင်တော် ဆိုကတည်း က ရယ်ရ အောင်လို့ လုပ်ရမှာလေ။ လုပ်ပြီး တော့ ပရိသတ် ကို အတင်းကြီး ရယ် ခိုင်းတာမျိုးက လုံးဝ မကောင်းဘူး။ ပင်ကို ရယ်ရတာ မျိုးက ပိုကောင်း တယ်။ ကိုယ်တွေက အဆိုတော်တွေ၊ ပြီးတော့ ကိုယ့်ရဲ့ပထမ အတွေ့ အကြုံ ဆိုတော့ ကိုယ့်မှာကျတော့ အဲဒီလို မျိုးမရှိဘူး။ အဲဒီအတွက် ၂ဆ ကြိုး စားရမှာပေါ့။”
နန်းမြတ်ဖြိုးသင်း- “ဒါက ပထမဆုံး အကြိမ်ပါ။ နန်းမြတ်တို့ကို ဦးသူရက သင်ပေးမယ် လို့ပြောပါတယ်။  ပြော ချင်တာ ကတော့ ဒီပွဲက ထိုင်းက မာရီယို တို့လည်း လာကြမယ့် ပွဲ။ အဲဒီ ပွဲမှာ နန်းမြတ် တို့အဆိုတော်တွေ အားလုံး ကလည်း ပရိသတ်ကို အမြင် ဆန်း သွားစေချင်တယ်။ နန်းမြတ် တို့ က ပရော် ဖက်ရှင်နယ် လူရွှင်တော် မဟုတ်တဲ့ အတွက် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ပရိသတ်ကို ဖျော် ဖြေတဲ့သဘောပါ။ ပရိသတ် အတွက် နန်းမြတ်တို့ အစွမ်းကုန် ကြိုးစားသွား မှာပါ”
Bobby Soxer– “ဘယ် လူရွှင် တော်ကြီးတွေ က သင်ပေးမလဲတော့ မသိသေးဘူး။ အဓိကကတော့ ကြောက်တာပေါ့နော်။ စင်ပေါ်တက် တာကို ကြောက်တာထက် မရယ်ရ မှာ ကိုကြောက်တာ။ လူရွှင်တော်ကြီး တွေ သင်ကြားပေးမယ် ဆိုပေမယ့် လူရွှင်တော် ဆိုတာ မလွယ်ဘူးလေ။ မျက်နှာ လည်းပြောင်ရဲမှ။ ပရိသတ် က ကိုယ်ပြော လိုက်တာကို လိုက်မှ ရယ်ပါ့မလား ဆိုပြီး စိုးရိမ်တာမျိုး တော့ရှိတယ်။ လူရွှင်တော် လုပ်ရ တာ တအား တာဝန်ကြီးတယ် လို့ ခံစား ရပါတယ်”
မိစန္ဒီ- “သူငယ်ချင်းတွေ အကုန်လုံး နဲ့ ဘဝမှာ အမှတ်တရလေးတွေဖြစ် သွားအောင် လုပ်ဖြစ်တာပါ။ ကိုယ်က အပြင်မှာ ပျော်ပျော်နေတတ်ပေ မယ့် အမှန်အတိုင်းပြော ရရင် သရုပ် ဆောင် လုပ်ဖို့တောင် စိတ်ကူး မရှိတာ လူရွှင်တော် ကျတော့ လုံးဝကို ကွဲ ထွက်သွားမှာ။ တော်တော်ကို စိုးရိမ် နေပါတယ်။ တကယ် တိုက်မယ့်နေ့ ကျမှ အားလုံး တိုင်ပင်ပြီးတော့ လုပ် ဖြစ်ပါမယ်။ လူရွှင်တော်ထဲ မှာ အခု လောလောဆယ် မှာ ဖိုက်စတားကို တော်တော် ကြိုက်နေပါတယ်။ ဦးအရိုင်းတို့၊ ဦးဇာဂနာတို့၊ ဦးကင်း တို့ကို လည်း အရင်ကတည်းက  အား ပေးခဲ့တာပါ”

မျိုးမောင်/popularmyanmar

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB