မန္တလေးတိုင်း ဒေသကြီး ချမ်းအေး သာဇံမြို့နယ် အောင်နန်းရိပ်သာ အရှေ့ အကွက်
(၅၅၂) ၃၄လမ်းနှင့် ၃၅လမ်းကြား၊ ၈၃လမ်းနှင့် ၈၄လမ်းကြားရှိ အနောက်အပ်ချုပ်
ဗလီဝင်း အတွင်း၌ ရဲနဒီ ကူရှင်ချုပ်ဆိုင်မှ ဦးဇော်ဝင်းနှင့်
ဦးခင်မောင်ဌေး(ခ)ရာရာတို့သည် ကျည်ကာ အင်္ကျီများ ချုပ်လုပ်
ဖြန့်ဖြူးနေကြောင်း သတင်း ရရှိသဖြင့် ယမန်နေ့ ညနေ ၃နာရီက ချမ်းအေးသာဇံ
မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အုန်းခင် ဦးစီးသော ပူးပေါင်း
တပ်ဖွဲ့ဝင်များသည် ဦးဇော်ဝင်းနှင့် ဦးခင်မောင်ဌေး(ခ) ရာရာ(ဘ)
ဦးဘမောင်တို့၏ နေအိမ်များသို့ ဝင်ရောက် ရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေရာ ဓား၊ လှံနှင့် ကျည်ကာကွယ်နိုင်သော ဝတ်စကုတ် အင်္ကျီနှစ်ထည်၊
မိုးကာဖျင်ဖြင့် ချုပ်ထားသော ကျည်ကာ ပျောက်ကျားဝတ်စကုတ် အင်္ကျီတစ်ထည်၊
ကျည်ကာအင်္ကျီအတွင်း ထည့်သွင်း အသုံးပြုရန် သံမဏိပြား အကျယ် တစ်လက်မ စီရှိ
အရှည် လေးပေ တစ်ချောင်း၊ အရှည် သုံးပေ တစ်ချောင်း၊ အရှည် တစ်ပေ
ခုနစ်ချောင်း၊ ဖြတ်တောက်ပြီးစ သံမဏိပြား ၁၁ ချောင်းနှင့် ဓား၊လှံများကို
သိမ်းဆည်း ရမိခဲ့သည်။
အဆိုပါ ကျည်ကာအင်္ကျီများ အတွင်းတွင် သံမဏိပြား ရှေ့ကာ ၁၆ ပြား၊ နောက်ကာ ၁၆
ပြား စုစုပေါင်း ၃၂ ပြားဖြင့် ချုပ်လုပ် ထားရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ တရားမဝင် ကျည်ကာအင်္ကျီများနှင့်လက်နက်များ လက်ဝယ်ထား
ပြုလုပ်ဖြန့်ဖြူး ရောင်းချသော ခင်မောင်ဌေး(ခ)ရာရာ(ဘ) ဦးဘမောင်အား
အမှတ်(၈)ရဲစခန်းမှ အမှုဖွင့် တရားစွဲဆို တင်ပို့နိုင်ရန် ဆောင်ရွက်လျက်
ရှိကြောင်း သိရသည်။
မြ၀တီ
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်
အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ
Subscribe to:
Post Comments (Atom)
No | Title | Singer | Listen/Download | Size |
---|---|---|---|---|
1 | မောင့်ချစ်သူ | သားသား | Click Here !! | 2.00 MB |
2 | အဝေးရောက်ချစ်သူ | ဆိုတေး | Click Here !! | 2.00 MB |
3 | တောင်းပန်တယ် | အောင်လ | Click Here !! | 2.00 MB |
4 | အချစ်ကိုသိချိန် | မီးမီးခဲ | Click Here !! | 2.00 MB |
5 | ဒွိဟ | Bobby Soxer | Click Here !! | 2.00 MB |
6 | နာရီတွေ ရပ်ထားမယ် | ကောင်းကောင်း | Click Here !! | 2.00 MB |
7 | သနပ်ခါးချစ်သူ | Rဇာနည် | Click Here !! | 2.00 MB |
8 | လိုက်ဖက်တဲ့ဘဝ | Rဇာနည် ဝိုင်းစုခိုင်သိန်း | Click Here !! | 2.00 MB |
9 | နင်မရှိရင် | Bunny Phyo | Click Here !! | 2.00 MB |
10 | အပိုဆု | ဆောင်းဦးလှိုင် | Click Here !! | 2.00 MB |
11 | သုည | လင်းလင်း | Click Here !! | 2.00 MB |
12 | နှလုံးသား အရင်းအနှီး | အိုင်းရင်းဇင်မာမြင့် | Click Here !! | 2.00 MB |
No comments:
Post a Comment