နွေရာသီရောက်လာပြီဆိုရင် မြန်မာတွေရဲ့ နှစ်သစ်ကူးသင်္ကြန်ပွဲတော်အကြောင်း အားလုံးက စိတ်ဝင်စားအာရုံစိုက်လာကြပါပြီ။ ဘယ်အနုပညာရှင်တွေ ဘယ်မှာရှိမယ်၊ ဘာတွေလုပ်ကြမယ်ဆိုတာကိုလည်း သူတို့ကိုချစ်တဲ့ ပရိသတ်တွေ သိချင်ကြတာမို့ သရုပ်ဆောင်နေမင်းနဲ့ တွေ့ဆုံခိုက် မေးမြန်းကြည့်တဲ့အခါ သူက ‘သင်္ကြန်ဆိုရင်များသောအားဖြင့် နယ်ကိုပြန်တာများပါတယ်။ ရှေ့နှစ်တွေက ပေါ့။ နယ်မှာပဲ မိသားစုနဲ့ဆွေမျိုးတွေနဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းဖြစ်တယ်။ သင်္ကြန်ရောက်လာပြီဆိုတော့ ပြောရရင် မြန်မာတွေရဲ့ နှစ်သစ်ကူးပွဲတော်ပေါ့။ မြန်မာတွေရဲ့ ပွဲတော်ထဲက အစည်ဆုံးဆိုလဲ မမှားပါဘူး ။ သင်္ကြန်ဆိုပျော်တယ်။ ရှုတင်လဲမရှိတော့ နားရတယ်။ အဲ့ဒီတော့ နယ်ပြန်ဖြစ်တာများတယ်။ ဒီနှစ်တော့ နယ်ပြန်ဖြစ်ရင်ဖြစ်၊မဖြစ်ရင် ရန်ကုန်မြို့က လမ်းမတစ်နေရာမှာ ရှိနေလိမ့်ပါမယ်’တဲ့။
ခင်ဆွေသက်/ Trend Myanmar

No comments:
Post a Comment