Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

မြောက်ဥက္ကလာပရှိ ကျောင်းတိုက်တစ်ခု၌ မယ်သီလရှင်အား အဓမ္မပြုကျင့်မှု ဖြစ်ပွားဟု ဆို

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပရှိ သီလရှင်ကျောင်းတစ်ကျောင်း၌ အတူနေ သီလရှင်၏သားက အခြားမယ်သီလရှင်တစ်ပါးကို အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း ၂၄-၂-၂၀၁၄ ရက်တွင် မြောက်ဥက္ကလာပ ရဲစခန်းမှ သိရသည်။

ဖြစ်ပွားပုံမှာ ဒေါ်..... (၂၃)နှစ်၊ သာသနာဝင်အမှတ် ၁၂/ဥကမ (သီ) ... သုခ၀တီကျောင်းတိုက်၊ မြောက်ဥက္ကလာပမြို့နယ်တွင် သီတင်းသုံးနေသူသည် ၂၂-၂-၂၀၁၄ ရက် နံနက် ၅ နာရီအချိန်၌ ၎င်းသီတင်းသုံးနေထိုင်သော ကျောင်းတိုက်အနောက်ဘက်ရှိ အိမ်သာသို့ အပေါ့သွားစဉ် ကျောင်း၌နေသော သီလရှင် ဒေါ်ကုသလ (ခ) ဒေါ်စန်းမြင့်၏သားဖြစ်သူ ဇော်မြင့်ရောက်ရှိလာပြီး ကျောင်းခေါင်းရင်းဘေးရှိ အုတ်တံတိုင်းကြားသို့ ဒေါ်..... အား ပါးစပ်ပိတ်၍ အတင်းဆွဲခေါ်သွားကာ သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းဖြစ်သည်ဆို၏။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “တရားခံကိုတော့ လိုက်လံစုံစမ်းဖမ်းဆီးနေတုန်းပဲရှိပါသေးတယ်။ အခု အဓမ္မပြုကျင့်ခံရသူ ဒေါ်..... ကို မြောက်ဥက္ကလာပဆေးရုံမှာ ဆေးစစ်မှုတွေပြုလုပ်နေပါတယ်”ဟု ပြောသည်။ ပြစ်မှုကျူးလွန်သည်ဟုဆိုသူ ဇော်မြင့်အား မြောက်ဥက္ကလာပ မြို့မရဲစခန်းက (ပ)၁၄၀/၁၄၊ ပုဒ်မ ၃၇၆ ဖြင့် ၂၂-၂-၂၀၁၄ ရက်တွင် အမှုဖွင့်ထားကြောင်း သိရသည်။

မိုင်းစောလွင်

The Mirror Daily

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB