Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

အလုပ်ရမည်ဟု စည်းရုံးပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေသူ နှစ်ဦးကို အမှုဖွင့်ထား


ရန်ကုန်၊ မဇ္ဈိမ ။             ။ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ၁၇ နှစ်ရွယ် အမျိုးသမီးတစ်ဦးကို စက်ရုံအလုပ်ရမည်ဟု စည်းရုံးခေါ်ဆောင် ပြီး တိုက်ခန်းတစ်ခုတွင် ပိတ်လှောင်၍ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေခဲ့သူ နှစ်ဦးကို ဖေဖော်ဝါရီ ၁၈ ရက်တွင် အမှုဖွင့်
ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။
အဆိုပါ အမှုကို ဒဂုံဆိပ်ကမ်းမြို့နယ် (၇၈)ရပ်ကွက်၊ ကျူးကျော်တဲတစ်ခုတွင် နေထိုင်သည့် အသက် ၄ဝ နှစ်ရှိ မိန်းကလေး၏ မိခင်ဖြစ်သူက အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်။
အမှုမှာ ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉ နာရီက အသက် (၁၇)နှစ်ရှိ သမီးဖြစ်သူမှာ နေအိမ်မှ ပျောက်သွားပြီးနောက် ဖေဖော်ဝါရီ ၁၆ ရက်တွင် နံနက် ၁ဝ နာရီတွင် နေအိမ်သို့ ပြန်လည်ရောက် ရှိလာသည်ဟု ဆိုထားသည်။
ဖေဖော်ဝါရီ ၁၃ ရက်က သူမကို တစ်ရပ်ကွက်တည်းနေ မသဲသဲ (၂ဝ)နှစ်က အထည်ချုပ်စက်ရုံတွင် အလုပ်ရမည်၊ လစာကောင်း မည်၊ အတူတူအလုပ်လုပ်ရန် စည်းရုံးပြောဆိုသဖြင့် ဗိုလ်တစ်ထောင်ဘုရားသို့ လိုက်သွား ခဲ့သည်ကို သမီးဖြစ်သူက ပြန်လည်
ပြောပြထားသည်ဟု မိခင်ဖြစ်သူက ရဲထံတွင် ထွက်ဆိုထားသည်။

ထို့နောက် မသဲသဲမှ လမ်းဘေးဖုန်းဖြင့် ဆက်သွယ်ရာ ယာဉ်မောင်း ဦးဝင်းနိုင် (၄ဝ)နှစ် ဆိုသူမှာ ခဲရောင် မော်တော်ယာဉ် တစ်စီးဖြင့် မောင်းနှင်ရောက်ရှိလာပြီး အထပ် (၈)ထပ်ရှိ တိုက်(၅)လွှာသို့ သွားရောက်ခဲ့ကာ ထိုအခန်းတွင် အခန်းတံခါး
သော့ပိတ်ခံခဲ့ရသည်ဟု ဆိုသည်။
အဆိုပါအခန်းသို့ရောက်ရှိရာ လွန်ခဲ့သည့် ရက် (၂ဝ)ခန့်က နေအိမ်မှပျောက်သွားသူ ညီမဝမ်းကွဲတော်စပ်သူကို တွေ့ခဲ့ပြီး
ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရကြောင်းနှင့် ဦးဝင်းနိုင်က ၎င်းယာဉ်ဖြင့် တည်းခိုခန်း၊ ဟိုတယ်များသို့ လိုက်လံပို့ဆောင်ပေးနေ သည်ကို မိန်းကလေးက သိရှိရသည်ဟုလည်း ဆိုထားသည်။
ထို့နောက် အဆိုပါ မိန်းကလေးကို ပြည်တန်ဆာအဖြစ် အဓမ္မစေခိုင်းသော်လည်း ငြင်းဆန်ကာ အခန်း၏ အရေးပေါ်လှေကား ထွက်ပေါက်မှ ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟုလည်း တရားလိုက ရဲထံတွင် ပြန်လည်ပြောပြထားသည်။
ထို့ကြောင့်လည်း သမီးဖြစ်သူကို ဖျားယောင်းသွေးဆောင်ပြီး ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခြင်းနှင့် အခန်းတွင်း ပိတ်လှောင်ခြင်းတို့ ပြုလုပ်ခဲ့သည့် မသဲသဲ နှင့် ဦးဝင်းနိုင် ဆိုသူတို့ကို အရေးယူပေးရန် ကာယကံရှင်၏ မိခင်က အမှုဖွင့် တိုင်တန်းခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။
ယင်းတိုင်တန်းမှုကို ဒဂုံဆိပ်ကမ်းရဲစခန်းက (ပ)၅၆/၂ဝ၁၄ဖြင့် အမှုဖွင့်လိုက်ပြီး တိုင်တန်းခံထားရသူများကို ပြစ်မှုပုဒ်မ ၃၇၂/၃၄၁/၁၁၄ တို့ဖြင့် ငြိစွန်းမှုရှိမရှိ ဖမ်းဆီးစစ်ဆေးသွားမည်ဟု ဆိုထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese




မင်္ဂလာပါ အသစ်တစ်ဖန်မွေးဖွားခြင်း ဘလော့ကို ခုလို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ် လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့နိုင်ပါတယ် အဆင်ပြေတယ်ဆိုရင်Fb မှာ LIKE နှိပ်ပေးခဲ့ပါနော်'

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB