Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

(၇) တန်းကျောင်းသူနှစ်ယောက် အပင်းချပေးမည်ဟုဆိုကာ သားမယားအဖြစ် ပြုကျင့်ခံရ

ဂန့်ဂေါ၊ မဇ္ဈိမ။               ။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ခေါက်ခူကျေးရွာတွင် အသက်(၇၀)ကျော် အမျိုးသားကြီးတစ်ဦးက (၇)တန်းကျောင်းသူ နှစ်ယောက်ကို အပင်းချပေးမည်ဟုဆိုကာ သားမယားအဖြစ် ပြုကျင့်ခဲ့သည့်အတွက် ဂန့်ဂေါမြို့မရဲစခန်းက အမှုဖွင့်အရေးယူခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုသို့ အမှုဖွင့်အရေးယူခဲ့ခြင်းမှာ ဖေဖော်ဝါရီ ၆ ရက် ည ၈ နာရီအချိန်က သားမယားအဖြစ် ပြုကျင့်ခံခဲ့ရခြင်းဖြစ်ပြီး ကျောင်းသူမလေး၏ မိခင်ဖြစ်သူမှ ရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ခေါက်ခူကျေးရွာ အောင်မင်္ဂလာဘုန်းကြီးကျောင်း၏ ကျောင်းမုခ်ဦးအား ဆေးသုတ်ရန် ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသူ ထီးလင်မြို့ အမှတ်(၂) စည်ပင်သာယာရပ်ကွက်က အသက်(၇၀)ကျော်ရှိ ဦးကျော်ခင်ဆိုသူမှ သက်(၁၃)နှစ်အရွယ်သာရှိသေးသည့် သတ္တမတန်းကျောင်းသူနှစ်ဦးကို အပင်းချပေးရန်ဟုဆိုကာ ဘုန်းကြီးကျောင်းသို့လာရန် ချိန်းဆိုခေါ်ခဲ့ခြင်းဖြစ်သည်ဟု ရဲစခန်းတွင် မိခင်ဖြစ်သူက ထွက်ဆိုထားသည်။


ထို့ကြောင့် သတ္တမတန်းကျောင်းသူလေးနှစ်ယောက် ညနေ ၆ နာရီက အောင်မင်္ဂလာ ဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့ပြီး အပင်းချသည့်အခါ လူမြင်ခံ၍ မရသည့်အတွက် ကျောင်း၏ အနောက်တောင်ဘက်အရပ်တွင် ရေကန်နှင့် ပေ ၃၀ ၀န်းကျင်ရှိ ကြက်ဟင်းခါးပင်ချုံအောက်သို့ ကလေးတစ်ဦးကို ခေါ်ဆောင်ခဲ့သည်။ ထိုအချိန်တွင် အခြားကလေးတစ်ဦးကို ရေကန်အနီးမှ စောင့်ခိုင်းသဖြင့် စောင့်နေရသည်ဟု ဆိုသည်။
ထို့နောက် ကလေးငယ်က အကူအညီတောင်းခံခဲ့ရာမှ အခြားကလေးငယ်တစ်ဦးက သွားရောက်ကြည့်ရှုခဲ့ရာတွင် နှစ်ဦးစလုံးကို အဓမ္မပြုကျင့်ခဲ့သည်ဟု ကလေးမိခင်က ရဲစခန်းတွင် ထွက်ဆိုထားသည်။

by  ကိုတိုးကြီး  / Mizzima - News in Burmese


မင်္ဂလာပါ အသစ်တစ်ဖန်မွေးဖွားခြင်း ဘလော့ကို ခုလို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ် လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့နိုင်ပါတယ် အဆင်ပြေတယ်ဆိုရင်Fb မှာ LIKE နှိပ်ပေးခဲ့ပါနော်'

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB