Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ကလေးဖျက်ချလို့ သေခဲ့ရတဲ့ ဗိုက်ကြီးသည်သရဲနဲ့ ခြောက်ခြားဖွယ် တစ်ညတာ(ဖြစ်ရပ်မှန်)

ကြောက်တတ်သူများ မဖတ်ရ

ကျွန်တော်ကျင်လည်ခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းလောကထဲက ထူးထူးဆန်းဆန်း ကိုယ်တွေ့ဖြစ်ရပ်မှန်တခုကို ပြောပြမယ်။ ကျွန်တော်တို့ဆေးရုံလောကထဲက ယုံကြည်မှုတခုလို့ပဲပြောရမလား။
တခြားဒေသ၊ တခြားတိုင်းပြည်တွေရဲ့ဆေးရုံတွေမှာ အခုပြောမယ့်ကိစ္စလိုအဖြစ်အပျက်ကို လက်ခံမှုရှိမရှိတော့ မသိဘူး။
ကျွန်တော်တာဝန်ကျခဲ့တဲ့ ပြည်သူ့ဆေးရုံလေးမှာကတော့ ကျွန်တော်ကိုယ်တိုင် အခုအချိန်ထိ ပဟေဠိဖြစ်နေရဆဲ ကိစ္စတခုပါပဲ။

အစိုးရဆေးရုံဆိုတာမျိုးက အရေးပေါ်လူနာတွေကစလို့ သေကောင်ပေါင်းလဲရောဂါသည်အဆုံး ခုနစ်ရက်သားသမီးအကုန်လုံး ကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီး
ရောက်လာရင် အတတ်နိုင်ဆုံးကြိုးစားကုသပေးရတဲ့နေရာဆိုတာ လူတကာသိမှာပါ။ ရောက်လာသမျှ ဝေနေယျတိုင်းကို


" ဥုံ ဖွ ၊ ပျောက်စေသတည်း " ရယ်လို့ ရောဂါမှန်သမျှကို ကုပေးနိုင်တာမျိုးမဟုတ်ပဲ တခါတလေမှာ ဖိတ်စင်သွားတဲ့ လူနာတွေလည်း ရှိတာပါပဲ။ ဆေးရုံရောက်လာပြီးမှ အသက်မကယ်နိုင်လိုက်တာမျိုးဖြစ်သွားတဲ့အခါမျိုးမှာ ပြင်မရတဲ့စက်ကို ပိုင်ရှင်လက်ထဲပြန်ထည့်သလိုမျိုး " ရော့... အင့်၊ ခင်ဗျားတို့ဟာကြီးက ပြင်လို့မရဘူး ။ ပြန်ယူသွားတော့ " ဆိုတဲ့ပုံစံမျိုးနဲ့
ပြီးပြီးရော လုပ်လို့မရဘူးဗျ။ ကွယ်လွန်သူရဲ့ အမည်၊ ကျား/မ၊ အသက်အရွယ်၊ ကွယ်လွန်ရခြင်းအကြောင်း၊ ကွယ်လွန်ချိန် အစရှိတဲ့ မှတ်တမ်းမှတ်ရာတွေ ရေးစရာရှိတာတွေရေး၊ မှတ်စရာရှိ မှတ်ပြီးမှ လူနာရှင်( တနည်းအားဖြင့်တော့ မသာရှင်ပေါ့လေ) လက်ထဲကို
ပြန်အပ်ရတယ်။ ပိုင်ရှင်မဲ့အလောင်းတွေကျတော့လည်း တမျိုးတဖုံစီမံရပြန်ပါတယ်။ အဲ့လိုမှတ်တမ်းရေးသွင်းတာကို ဆေးလောကမှာတော့ certify လုပ်တယ်လို့ ခေါ်သဗျ။ တနည်းအားဖြင့်တော့ သေဆုံးကြောင်းအတည်ပြုပေးတယ်ပေါ့။ certify လုပ်ပြီးသား dead body ရဲ့ခြေမမှာ သေဆုံးသူနဲ့ပတ်သက်တဲ့ အချက်အလက်အကျဉ်းချုပ်ကို ကွင်း(ring) လေးနဲ့ ချိတ်ထားတတ်တယ်။ ကွင်းလေးကိုကြည့်ပြီးတော့ ဘယ်သူဘယ်ဝါဆိုတာခွဲလို့ရတော့ အလောင်းမှားတာတို့ ဘာတို့ မဖြစ်တော့ဘူးဗျာ။ အခုပြောမယ့်
ကိစ္စကလည်း အဲ့ဒီကွင်းလေးနဲ့ပတ်သက်တယ်ဗျ။ လူသေအလောင်း ဆေးရုံမှာရှိနေချိန် အတောအတွင်း သေဆုံးသူရဲ့ခြေမမှာချိတ်ထားတဲ့ ကွင်းလေးဟာ အကြောင်းတခုခုနဲ့ ကြမ်းပြင်ပေါ်ပြုတ်ကျသွားခဲ့ရင် ကွယ်လွန်သူရဲ့ ဝိညာဉ်က ဆေးရုံမှာကျန်ခဲ့တယ် ဆိုတဲ့ အစွဲအလမ်းယုံကြည်မှုလေးတခုကို ကျွန်တော်တာဝန်ကျခဲ့တဲ့ ပြည်သူ့ဆေးရုံ
လေးက ဝန်ထမ်းတော်တော်များများ လက်ခံထားကြတယ်။ ဒီယုံကြည်မှုနဲ့ပတ်သက်ပြီး ပဟေဠိဖြစ်ခဲ့ရတာကတော့ (၂၀၁၃)ခုနှစ်၊ မိုးတွေသည်းကြီးမည်းကြီး ရွာနေတဲ့ စက်တင်ဘာလထဲမှာပါ။

သဲသဲမဲမဲရွာသွန်းနေတဲ့ မိုးသည်းညမှာ ရန်ကုန်တိုင်းနယ်နိမိတ်အတွင်းက ကျွန်တော်တာဝန်ကျရာ ပြည်သူ့ဆေးရုံလေးမှာတော့ ခါတိုင်းညတွေလို တိတ်တိတ်ဆိတ်ဆိတ်နဲ့ပါပဲ။ ကျွန်တော်က အဲ့ဒီဆေးရုံလေးရဲ့ သားဖွားမီးယပ်လူနာဌာနမှာ အလုပ်သင်ဆရာဝန်တာဝန်ယူထားရတဲ့အချိန်ပေါ့။ သားဖွားမီးယပ်လူနာဌာနရဲ့ အလုပ်ဆိုတာကလည်း

နေ့စေ့လစေ့နဲ့ ကလေးမီးဖွားဖို့ရောက်လာတဲ့မွေးလူနာ မိခင်လောင်းတွေကို မွေးဖွားပေးရတဲ့တာဝန်တခုတည်းတော့ မဟုတ်ဘူးလေ။ တခါတလေကျပြန်တော့လည်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ပျက်ကျသွားတဲ့ အမျိုးသမီးတွေရောက်လာတဲ့အခါတွေလည်း ရှိတတ်သလို တခါတရံကျပြန်တော့လည်း
မလိုချင်ပဲရလာတဲ့ ကိုယ်ဝန်အတွက် ကိုယ့်အသက်အန္တရာယ်ကိုတောင် ဂရုမပြုပဲ စွန့်စားတတ်ကြတဲ့ အမျိုးသမီးလူနာတွေ
မကြာမကြာရောက်လာတတ်တဲ့နေရာတခုပေါ့။

အချိန်က ည(၁၀)နာရီပတ်ဝန်းကျင်လောက် ရှိလိမ့်မယ်ထင်တယ်။ ဆေးရုံအလုပ်သမားတယောက်က လူနာတင်လှည်း (Trolley) ပေါ်မှာ လူနာတယောက်ကိုတင်လာရင်းကနေ ပါးစပ်ကလည်း "ဆရာရေ... ... ... Shock Shock Shock" ဆိုပြီးတော့ အော်လာတဲ့အသံကို အခုဒီစာကိုရိုက်နေရင်းကနေ နားထဲမှာ ပြန်ကြားယောင်နေပါသေးတယ်။

လူနာရှိရာဆီကို ကပျာကသီပြေးသွားပြီး စမ်းသပ်ကြည့်လိုက်တော့
Pressure 40 mmHg palpable ဖြစ်နေပြီ။ (အပေါ်သွေးက ၄၀ ပဲရှိတော့ပြီး အောက်သွေးကိုတော့ စမ်းလို့မရတော့ဘူး။)

လူနာကိုစမ်းသပ်နေရင်းကနေ လူနာရှင်တွေကို လူနာရဲ့ဖြစ်ကြောင်းကုန်စင်ကို မေးကြည့်လိုက်တော့

အဲ့ဒီလူနာအမျိုးသမီးက လေးနှစ်သမီးတယောက်အပါအ၀င် ကလေးငါးယောက်အမေတဲ့လေ။ လင်ဖြစ်သူက အရက်သမားဆိုတော့

ကလေးတွေကို သူတယောက်တည်းရုန်းကန်ရှာဖွေကျွေးမွေးနေရတာတဲ့ဗျာ။ ခြောက်ယောက်မြောက်ဖြစ်လာမယ့် ကိုယ်ဝန်ကို

မလိုချင်တော့တာကြောင့်မို့ မွေးလမ်းကြောင်းအတွင်းပိုင်းထဲကို ပစ္စည်းတခုသွင်းပြီးဖျက်ချဖို့ကြိုးစားရာကနေ သွေးထွက်လွန်၊ သွေးဆိပ်တက်ပြီး ဆေးရုံကိုရောက်လာတာ။

ဆေးရုံမှာထွန်းထားတဲ့ မီးရောင်ခပ်မှိန်မှိန်ကြားထဲမှာ လူနာအကြောထဲကို နှလုံးခုန်ဆေး(Dopamine)နဲ့ NS (သွေးပေါင်တက်စေသော Drip)သွင်းပေးဖို့အတွက် သွေးကြောကိုရှာရတော့တာပါပဲ။ လူနာက သွေးပေါင်လုံးဝကျနေပြီး သွေးကြောတွေအကုန်လုံးပြားကပ်နေလို့ သွေးကြောကို
ခက်ခက်ခဲခဲရှာရင်းက သွေးကြောတခု

ပွင့်သွားချိန်မှာ စောနကပြောခဲ့တဲ့ နှလုံးခုန်ဆေးနဲ့ သွေးပေါင်တက်စေတဲ့ drip ကို ရောပြီးသွင်းရပါတော့တယ်။

လူနာအမျိုးသမီးကို ဆေးသွင်းကုသပေးနေရင်းနဲ့ ကျွန်တော်တို့အသေအချာကြပ်မတ်စောင့်ကြည့်နေတုန်းမှာပဲ လူနာက

Gasping (အသက်ငင်နေ)ဝင်နေပါတယ်။ ကျွန်တော်တို့ ဘယ်လောက်ပဲ စေတနာထား၊ ကြိုးစားပမ်းစားကုသပေးခဲ့ပေမယ့်

လူနာကသွေးဆိပ်တက်ပြီး သွေးပေါင်ပြန်တက်မလာတော့ပါဘူး။ ခပ်ပြင်းပြင်းတိုက်ခတ်လိုက်တဲ့ လေပြင်းတချက်၊ လျှပ်စီးတချက်အလက်မှာတော့ လူနာက သူ့ကလေးငါးယောက်နဲ့ ကျွန်တော်တို့ဆေးရုံလေးကို ဥပေက္ခာပြုသွားပါတော့တယ်။

အသက်မရှိတော့တဲ့လူနာရဲ့ ရုပ်အလောင်းကိုတလှည့်၊ သူ့ကိုဆေးရုံလိုက်ပို့ရင်းနဲ့ အတူပါလာတဲ့သူ့ကလေးတွေရဲ့ မျက်နှာလေးတွေကိုတလှည့်စီကြည့်နေမိရာကနေ ကျွန်တော်မျက်ရည်တောင်ဝဲလာခဲ့တယ်ဗျာ။ ဒါပေမယ့် ကိုယ်လုပ်ပေးရမယ့် တာဝန်တခုကို အကောင်းဆုံးလုပ်ပေးခဲ့တာပဲလေလို့ စိတ်အားတင်းရင်းနဲ့ ဆက်လုပ်စရာရှိနေတာကို ဆက်လုပ်ရတော့တာပဲ။

သေသွားတဲ့လူနာရဲ့ ရုပ်အလောင်းကို certify လုပ်ပြီးတော့ trolley နဲ့ပြန်ထုတ်တဲ့ အချိန်မှာ ရုပ်အလောင်းရဲ့ ခြေမမှာချိတ်ထားတဲ့ "Ring" သူ့ဘာသာသူ ပြေလျော့ပြီး ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားပါလေရောဗျို့။ အဲ့ဒီလို ring ပြုတ်ကျသွားတဲ့မြင်ကွင်းနဲ့အတူ

"အောင်မလေး.... ဘုရားသခင်!!! နင်မနေခဲ့နဲ့ လိုက်သွားပါ။ " ဆိုတဲ့ အသံတွေကို ကျွန်တော်အပါအ၀င် ကျွန်တော်နဲ့အတူရှိနေတဲ့ သူငယ်ချင်းနှစ်ယောက်ပါ ကြားလိုက်ကြရတယ်။ "ဒါဘယ်သူအော်လိုက်တာလဲ" လို့ ကျွန်တော်တို့

သုံးယောက်ရဲ့ ပြိုင်တူမေးလိုက်တဲ့မေးခွန်းကို အနားမှာရှိနေတဲ့ သူနာပြုဆရာမတွေ၊ လူနာတွေ၊ လူနာစောင့်တွေက အံ့အားသင့်တဲ့မျက်လုံးတွေနဲ့ ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်ရုံကြည့်နေကြပြီး ဘာတုံ့ပြန်မှုမှ မပေးကြဘူး။

မိနစ်ဝက်လောက်ကြာတော့မှ အသက်(၄၀)အရွယ် သူနာပြုဆရာမကြီးက ကျွန်တော်တို့အနားကိုကပ်လာပြီးတော့
"ဆရာတို့ ဘာတွေ့ပြီးဘာကြားလိုက်တာလဲ" လို့ လာမေးတယ်။ "မိန်းမတွေစုပြီးအော်တဲ့ အသံတွေလိုမျိုးကိုကြားလိုက်တယ် ဆရာမ" လို့ ပြန်ဖြေလိုက်တဲ့ ကျွန်တော့်စကားအဆုံးမှာ "ဆရာတို့ကို ကျွန်မတခုပြောပြဦးမယ်" ဆိုပြီး... စကားစလိုက်ရင်းကနေ ဆေးရုံမှာ လူနာတယောက်ယောက်ဆုံးသွားပြီး အဲ့ဒီလူနာရဲ့အလောင်းကနေ ring ပြုတ်ကျကျန်ခဲ့ရင် အဲ့ဒီလူနာ တော်တော်နဲ့ မကျွတ်မလွတ်နိုင်ဖြစ်နေတတ်တယ်ဆိုတဲ့ အယူရှိသတဲ့။ အဲ့ဒီ ring ပိုင်ရှင်က လူနာဆောင် (ward) ထဲမှာ အသံနဲ့ဖြစ်ဖြစ်၊ အနံ့အသက်ပေးပြီးတော့ဖြစ်ဖြစ် ခြောက်လှန့်တတ်တယ်ဆိုတဲ့အကြောင်းလည်း ပါသေးတယ်။

ဆရာမရဲ့စကားအဆုံးမှာတော့ ကျွန်တော်တို့သုံးယောက်သား တယောက်မျက်နှာတယောက် အပြန်အလှန်ကြည့်လိုက်မိကြပြီး အားလုံးကြောင်တောင်တောင်ဖြစ်ကုန်တော့တာပါပဲ။ ညည့်နက်အတော်နက်လာသလို လူနာတွေလည်း အားလုံးအေးအေးဆေးဆေးဖြစ်သွားချိန်မှာ မွေးခန်းထဲမှာတာဝန်ကျနေတဲ့ သူငယ်ချင်းတွေဆီကို အိပ်ချင်ပြေစကားစမြည်သွားပြောဖို့အတွက် ကျွန်တော်နဲ့ တခြားသူငယ်ချင်းနှစ်ယောက်အတူတူ ထွက်လာခဲ့လိုက်တယ်။ အသံဗလံတိတ်ဆိတ်ပြီး ခြောက်ကပ်ကပ်ရှိနေတဲ့

မွေးခန်းထဲမှာတော့ ကျွန်တော့်သူငယ်ချင်းနှစ်ယောက်ကကောင်းကောင်းကြီး အိပ်ပျော်နေကြတာဗျို့။ အိပ်ပျော်နေတဲ့ သူတို့နှစ်ယောက်ကို ဆုံးမချင်တာနဲ့ တီဗွီကို အသံကုန်ဖွင့်လိုက်တော့မှ အဲ့ဒီနှစ်ယောက်လည်း လန့်နိုးလာတယ်။ ကျွန်တော်တို့နှောင့်ယှက်လို့ အိပ်မရတော့တဲ့အတူတူဆိုပြီး သူငယ်ချင်းနှစ်ယောက်လည်း အိပ်ယာကနေ ထလာကြပြီး ကျွန်တော်နဲ့အတူ မုန့်စား၊ စကားပြော၊ တီဗွီကြည့်နေကြတုန်းမှာပဲ.... "အောင်မလေး နာလိုက်တာဆရာရယ်" ဆိုပြီးအော်လိုက်တဲ့ မိန်းမသံတခုကို ကျွန်တော်တို့ ငါးယောက်လုံး ပီပီသသပြတ်ပြတ်သားသားကြားလိုက်ကြရပြန်ပါတယ်။

ကျွန်တော်တို့အားလုံးရဲ့စိတ်ထဲမှာတော့ ထုံးစံအတိုင်းမွေးလူနာရောက်လာတယ်ထင်ပြီးတော့ သူမွေးပေးမယ်၊ ငါမွေးပေးမယ်ဆိုပြီး

လူနာလုနေကြရင်းက အကုန်လုံး မွေးခန်းအပြင်ဘက်ဆီကို ထွက်လာကြပါတယ်။ ကျွန်တော်တို့ အပြင်ရောက်လာတော့ မွေးလူနာလည်းရှိမနေသလို၊ လူနာလာပို့သူတွေလည်း မရှိ ဆေးရုံတခုလုံးက လွန်ခဲ့တဲ့မိနစ်ပိုင်းတုန်းကလို

ပကတိ တိတ်ဆိတ်လို့။ အခြေအနေကို နားမလည်နိုင်ဖြစ်သွားတဲ့ ကျွန်တော်တို့ငါးယောက်လည်း တယောက်ကိုတယောက်

စူးစမ်းသလိုအကြည့်နဲ့ အပြန်အလှန်ကြည့်ရင်း အဲ့ဒီနေရာကနေ မွေးခန်းထဲကိုပြန်ဝင်လာခဲ့ကြပါတယ်။ ခဏနေပြန်တော့

စောစောတုန်းက ကြားရတဲ့ အမျိုးသမီးတယောက်ရဲ့ညည်းတွားသံကို ထပ်ကြားကြရပြန်ပါတယ်။ သေချာတာတခုကတော့ မွေးလူနာရောက်လာတယ်ထင်ပြီး အပြင်ထွက်ကြည့်လိုက်တိုင်း အပြင်မှာ

လူတဦးတယောက်ကိုမှ မတွေ့ရခြင်းပါပဲ။ ဒီလိုနဲ့ ကျွန်တော်တို့အားလုံး ဘာစကားမှမပြောဖြစ်ပဲ မိုးလင်းချိန်ကို စောင့်နေလိုက်ကြပါတယ်။ မနက်မိုးလင်းခါနီး (၀၅း၁၃) နာရီလောက်မှပဲ အဲ့ဒီညည်းသံကြီး တိတ်သွားပါတော့တယ်။

မီးဖွားခါနီးလို့ ဗိုက်နာချိန်မှာ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေရဲ့ညည်းတွားတဲ့အသံက အရမ်းကို သနားစရာကောင်းပြီး အတုမရှိတဲ့ မေတ္တာရှင်မိခင်တွေရဲ့ ပြယုဂ်တခုဆိုလည်း မမှားပါဘူးလေ။ အဲ့ဒီညည်းတွားသံကို ကျွန်တော်တို့ တညလုံးနီးပါး

နာခံခဲ့ကြရပါတယ်။ အသံကြားလို့ ထွက်ကြည့်လိုက်ရင် ပျောက်သွားလိုက်၊ အခန်းထဲပြန်ဝင်နားရင် ပြန်ကြားရလိုက်နဲ့ ကျွန်တော်တို့ သူငယ်ချင်းတသိုက် တမှေးတောင်မှ မငိုက်ရဲခဲ့တဲ့ ညတညပါပဲ။ ကြုံဖူးခဲ့သမျှကတော့ ဒီလောက်ပါပဲ။ ကျွန်တော်တို့ကြုံခဲ့ရတဲ့ အတွေ့အကြုံကိုဖတ်လိုက်ရတဲ့ စာဖတ်သူမိတ်ဆွေတွေကိုလည်း ကျွန်တော်တို့ရဲ့အဖြစ်အပျက်အပေါ်မှာ Criticize လုပ်ပေးဖို့ကို ရိုသေလေးစားစွာနဲ့ ဖိတ်ခေါ်ပါတယ်။ အချိန်ပေးပြီး ဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ကြုံခဲ့ရတဲ့အဖြစ်အပျက်ကို စိတ်ရှည်လက်ရှည်ပြောပြတဲ့ Sooper Beezee Arrluu ကိုလည်း စာဖတ်သူအားလုံးကိုယ်စား

admin များမှ အထူးကျေးဇူးတင်ပါကြောင်း............

ဘယ်တော့မှ ဆရာဝန်လုပ်မှာ မဟုတ်တဲ့

(အက်ဒမင်-ရွာတော်ရှင်)
By သရဲအကြောင်းပြောကြမယ်

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB