Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ဇာတ်သဘင်ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို ရုပ်သံတွေမှာ တွေ့ မြင်နိုင်တော့မလား

မြန်မာ့ဇာတ်သဘင်ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို ရုပ် သံတွေမှာလည်း ကြည့်ရှုနိုင်ဖို့ အတွက် ဇာတ်သဘင်ပညာရှင်တွေနဲ့ ရုပ်သံတွေက ပူးပေါင်းပြီး စီစဉ်ရိုက် ကူးေ နကြပြီ ဖြစ်ပါ တယ်။ ရုပ်သံမှာ ပြသဖို့ အတွက် ရိုက်ကူးတဲ့ အခါမှာတော့ စတိတ် ရှိုးကဏ္ဍမပါဝင်ဘဲ မြန်မာသံ ကဏ္ဍ၊ အော်ပရာကဏ္ဍ၊ နောက် ပိုင်း ဇာတ်တော်ကြီးေ တွကို အဓိကထား ရိုက်ကူးပြသမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ ရုပ်သံမှာ ထုတ်လွှင့်ဖို့အတွက် စံပြသဘင်အနေနဲ့လည်း ရိုက်ကူးပြီးပြီလို့ သိရပါ တယ်။

” အပိုင်းတွေနဲ့ ပြန်လွှင့်မယ်ထင်တယ်။ ကျွန်တော် ကတော့၂ ရက်စာရိုက်ပြီး သွားပြီ။ ၆ ညစာလား၊ ၈ ည စာလား ရိုက်ရမှာထင်တယ်။ ဒီလိုရိုက်ပြီးပြခြင်းအားဖြင့်တော့ ပရိသတ်တွေနဲ့သဘင်ပိုပြီး နီးစပ်မှု ရှိသွားလိမ့်မယ်လို့ ထင်တယ်။ အကုန်လုံးက ပွဲသွားကြည့်ဖို့ဆိုတာ ခက်ခဲတယ်လေ။ အိမ်က ထွက်ပြီး ပွဲခင်းထဲ အထိသွားကြည့်ရမှာ မလွယ်ဘူး။ အအေးဒဏ်လည်း ခံရတာလေ။အဲဒီတော့ မပင်ပန်းဘဲနဲ၊့ တကူးတကလာကြည့်စရာ မလိုဘဲနဲ့ ရုပ်သံကနေ အေးအေး ဆေးဆေး ကြည့်လိုက်လို့ရတယ်။

လွယ်ကူတဲ့နည်းနဲ့ ကြည့်ရခြင်းက ပရိသတ်ထဲကို ပိုရောက်စေနိုင်တယ်လေ။ ဇာတ်သဘင်ကို တကယ် ဝါသနာပါတဲ့ ပရိသတ်တွေကတော့ ရုံထဲမှာလာ ကြည့်ကြမှာလေ။ 

ရုပ်သံမှာကျတော့ နေ့စဉ်ထိ တွေ့တာပေါ့။ ဇာတ်သဘင်နဲ့ ပတ်သက်ပြီး ကြည့်ချင်တယ်ဆိုပြီး သဘင်ချန်နယ်ကို ဖွင့်ကြည့်လိုက်တာ နဲ့ မြင်ရတယ်ဆိုရင် ပရိ သတ်နဲ့ တော်တော် နီးစပ်သွားမယ်လေ” လို့ ဇာတ်သဘင်အနေနဲ့ ရုပ်သံမှထုတ်လွှင့်တဲ့အခါ ပရိသတ်နဲ့ ပိုမိုနီးစပ်မှု ရှိနိုင်မယ့်အကြောင်းကို စံပြသဘင်မှ ဟန်ဇာမိုးဝင်း က ပြောပါတယ်။

ဆက်လက်ပြီး မြန်မာ့ ဇာတ်သဘင်တိုးတက်ရေးအတွက် ရုပ်သံများနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်လျက်ရှိ နေကြောင်း မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ပန်တျာဦးမြကြည်က ပြောပါတယ်။

” သဘင်ရဲ့ ပါဝင်သင့်တဲ့ သိသင့်တဲ့အင်္ဂါရပ်တွေ မှန်သမျှကို အတတ်နိုင်ဆုံး ထည့်မယ်။ ဦးတို့ အခုစီစဉ်နေတာကျတော့ လေပြေဆိုလည်းလေပြေအတိုင်း အပြည့်အစုံ၊ ငိုချင်းဆိုရင်လည်း ငိုချင်းအပြည့်အစုံလွှင့်မယ်။ ဦးတို့က သဘင်ကို မြှင့်တင်ပြီး ဖော်ထုတ်ရမှာကိုး။ အားယူတာ လည်းပါပါတယ်။ ပြည့်စုံ၏မပြည့်စုံ၏တော့ ပြောလို့ မရ ဘူးပေါ့” လို့ ဇာတ်သဘင်တိုးတက်ရေးနဲ့ပတ်သက်ပြီး ရုပ်သံနဲ့ ချိတ်ဆက်ပြီး သရုပ်ဆောင်သွားမယ့် အပိုင်းကိုသဘင်အစည်း အရုံး(ဗဟို)ဥက္ကဋ္ဌ ပန်တျာဦးမြ ကြည် က ပြောပါတယ်။  ရုပ်သံလိုင်းတွေမှာ သဘင်ချန်နယ်အနေနဲ့ သီးသန့်ထုတ်လွှင့်သွားနိုင်ဖို့ လုပ်ဆောင်နေတဲ့ သူကတော့ ဖိုးချစ်ပဲဖြစ်ပါတယ်။

” ကျွန်တော် ရိုးရိုးသား သားပြောတာပါ။ ကြီးကျယ်ပြီး ပြောတာမဟုတ်ပါဘူး။ ကျွန်တော့်အတွက်ကတော့ sky net  ကအမြဲတမ်းလာနေတယ်။ အဲဒါကို ကျွန်တော်ကျေနပ် လို့ မရဘူး။ ကျွန်တော်တစ်ယောက်တည်း အတွက်လည်း ငါ့အတွက်လာလာ နေတာပဲဆိုပြီး အဲဒီလို မဖြစ်ချင်ဘူး။ ကျွန်တော်အရင်ကတည်းက ရည်ရွယ်ထားပါတယ်။ သ ဘင်ချန်နယ်ဆိုတာ လုပ်ချင်တာပေါ့။ သဘင်သမားတွေရဲ့ နောက်ကွယ်က ဘဝတွေ၊ ဇာတ်တိုင်းရဲ့ဖျော်ဖြေ တင်ဆက်မှုတွေ ဒါတွေကို ၂၄နာရီမှာ တစ် ချိန်လုံး ခလုတ်နှိပ်ကြည့်လိုက်တာနဲ့ သဘင်အကြောင်းကိုပဲ အမြဲတွေ့နေရမယ့် ချန်နယ်တစ်ခုပေါ့။ ကျွန်တော် အခု sky net  နဲ့ ဆွေးနွေးထားတယ်။ ၅ 5 Network က ဦးကြည် သာတို့နဲ့ လည်း ပြောထားတယ်။ ချန်နယ်က တစ်ခုတည်းမဟုတ်ဘူး။ သဘင်ချန်နယ်များများဖြစ်လာရင် ပိုတောင်ကောင်းသေးတယ်။ 

ကျွန်တော်မင်္ဂလာဒုံမှာ သ ဘင်ခြံ လုပ်နေတာကလည်း ဒီရည် ရွယ်ချက်ပါတယ်။ ချန်နယ်များ လုပ်ဖြစ်ရင် ခြံထဲမှာပဲ လာရိုက် ကြ။လူ ၂ဝဝ၊ ၃ဝဝ တည်းစရာလည်း မပူရဘူး။ လိုက် တင်တွေ၊ Sound system တွေ အကုန်ဆင်ပေးထားမယ်။ ကိုယ့်စိတ်ကြိုက်ဆက်တင် ဖန်တီးချင်တယ်ဆိုရင်လည်း လုပ်ပါ။ ရိုက်ကူးသွားပြီး ချန်နယ်မှာအမြဲ တမ်းလွှင့်သွားရင် သဘင်မှာ လူ မသိသေးတဲ့ ပုဂ္ဂိုလ်တွေလည်း အနုပညာစွမ်းစွမ်းတမံ လုပ်နိုင်တယ်ဆိုတာ သိသွားကြတယ်။ အနုပညာအရ တအားတော်ပေမယ့်လည်း နာမည်အရ မသိတော့ စိတ် ဝင်စားမှုနည်းတဲ့အတွက် ပွဲချိတ်မရ၊ ပိုက်ဆံ မရပေါ့။ ပိုက်ဆံမရတော့ သဘင်လောကတိုးတက်ဖို့ဆိုတာ အခြေခံအားဖြင့်တော့ မဖြစ်နိုင်သေး ဘူး။ဇာတ်သမားတွေ ပိုက် ဆံများများရလေလေ ဇာတ်ပစ္စည်းများများထည့်နိုင်လေလေ။ စိတ်ပိုတက်ကြွလာလေလေ။ 

စီးပွားရေးအဆင်ပြေလေ လေတိုး တက်အောင် အနုပညာတွေ ဖန်တီး လာနိုင်လေလေပါပဲ” လို့ သဘင်ချန်နယ်လုပ်ဆောင်ချင်တဲ့ စိတ်ဆန္ဒနဲ့ပတ်သက်ပြီး ဖိုးချစ်က ပြောပြပါတယ်။ ရုပ်သံတွေမှာ ဇာတ်လမ်းတွဲတွေ အပြင်၊ သဘင်နဲ့ ပတ်သက်ပြီး ဇာတ်တော်ကြီးတွေ၊ အော်ပရာတွေကို ကြည့်ချင်ကြတဲ့သဘင် ပရိသတ်တွေအတွက်သဘင် လောကသားတွေအားလုံးကစုစည်း ညီညွတ် မှုနဲ့ လုပ်ေ ဆာင်နေကြပြီ ဖြစ်ပါတယ်။

လင်းအက္ခရာ/popularmyanmar





မင်္ဂလာပါ အသစ်တစ်ဖန်မွေးဖွားခြင်း ဘလော့ကို ခုလို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ် လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့နိုင်ပါတယ် အဆင်ပြေတယ်ဆိုရင်Fb မှာ LIKE နှိပ်ပေးခဲ့ပါနော်'

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB