Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

သာသနာ့အလံကိစ္စ အမေရိကန်သူနှင့်တွေ့၍ စုံစမ်းရေးကော်မရှင် အဖြေထုတ်မည်

                                                       စစ်တွေဒေသခံအချို့၏၀င်ရောက်ဖျက်ဆီးခံရသော INGO ရုံးတစ်ရုံး(ဓာတ်ပုံ − စိုးသန်းဝင်း/အေအက်ဖ်ပီ)

 ရန်ကုန်− စစ်တွေအကြမ်းဖက်မှု ဖြစ်စဉ်တွင် သာသနာ့အလံကို မဖွယ်မရာပြုလုပ်သည်ဟု စွပ်စွဲခံ ထားရသော မာတီဆာအင်တာ နေရှင်နယ် အိုင်အင်န်ဂျီအိုအဖွဲ့မှ အမေရိကန်နိုင်ငံသူမစ္စက် yvonne Dunton ကို စုံစမ်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမည်ဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

‘‘သူ့ကို ထိန်းသိမ်းမထားပါ ဘူး။ သမ္မတကြီးဖွဲ့ထားပေးတဲ့ စုံစမ်းရေးအဖွဲ့က မေးမှာပါ။ ဒါမှ လည်း အဖြစ်မှန်ကိုဖော်ထုတ်နိုင် မှာပါ’’ဟု ၎င်းက ပြောသည်။
လတ်တလောတွင် အမေရိ ကန်နိုင်ငံသူနှင့် ၎င်း၏ ခင်ပွန်းဖြစ် သူတို့မှာ ရန်ကုန်မြို့တွင်ရှိနေပြီး ၎င်းတို့ကို မည်သူကမှ တိုင်ချက် ဖွင့်ထားခြင်းမရှိသေးကြောင်း ဦးရဲထွဋ်က ဆက်လက်ပြောကြား သည်။

မတ်လ ၂၇ ရက်က မာတီ ဆာအဖွဲ့ ငှားရမ်းထားသော ဂို ဒေါင်တွင် အဆိုပါဂိုဒေါင်၏ပိုင် ရှင်က သာသနာ့အလံလွှင့်ထူ ထားခြင်းကို အမေရိကန်နိုင်ငံသူ က ဖြုတ်ယူပြီးနောက် ဘောင်းဘီ အိတ်အတွင်း ထည့်သွင်းသည်ဟု လည်းကောင်း၊ ခါးတွင်ထဘီကဲ့ သို့
ပတ်ဝတ်ခဲ့သည်ဟုလည်း ကောင်း ဝေဖန်ပြောဆိုမှုများပေါ် အခြေခံ၍ အကြမ်းဖက်မှုဖြစ်စဉ် များဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
‘‘လက်ရှိအချိန်ထိ သူအလံ ကိုဖြုတ်တယ်ဆိုတာအထိတော့ အတည်ပြုလို့ရပါတယ်။ အလံကို သူဘာဆက်လုပ်တယ်ဆိုတာ တော့ ထပ်ပြီးစစ်ဆေးရဦးမှာပါ’’ ဟု ၎င်းက ပြောသည်။

အမေရိကန်နိုင်ငံသူနှင့် ခင်ပွန်းတို့သည် မာတီဆာအင် တာနေရှင်နယ်အိုင်အင်န်ဂျီအို အဖွဲ့တွင် program coordinator အဖြစ် လုပ်ကိုင်နေသူများဖြစ်ပြီး ၂၀၁၃ ခုနှစ် မေလမှစတင်၍ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက် ရှိခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်မှုများကြောင့် ၎င်းတို့ ဇနီးမောင်နှံနှစ်ဦးအပါ အဝင် နိုင်ငံတကာအင်န်ဂျီအိုများ မှ နိုင်ငံခြားသားဝန်ထမ်း စုစု ပေါင်း ၃၁ ဦးကို ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရပြီး ကျန် ရှိသည့် နိုင်ငံခြားသား ၂၉ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေး ဆောင်ရွက်ပေးထားရကြောင်း အစိုးရက သတင်းထုတ်ပြန်ထား သည်။ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေး ရန် သမ္မတဦးသိန်းစိန်က မတ်လ ၂၈ ရက်တွင် အဖွဲ့ဝင်ငါးဦးပါဝင် သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းထားသည်။

အေးသူစံ
7 Day Daily

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB