Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

အမေရိကန်အဆင့်မြင့် နည်းပညာသုံး ကိရိယာနဲ့ မလေးလေယာဉ်ပျောက်ရှာဖွေ

                                                                            မလေးရှားခရီးစဉ် MH 370 ကိုရှာဖွေနေတဲ့ ရေပြင်ဧရိယာ။

 လယာဉ်ပျံသန်းမှုကို မှတ်တမ်းတင်တဲ့ black box ကိုရှာဖွေနိုင်မယ့် အမေရိကန်လုပ် အဆင့်မြင့်နည်းပညာသုံးစက်တပ်ထားတဲ့ Australia စစ်သင်္ဘောတစီး
ပျောက်နေတဲ့ မလေးရှားလေကြောင်းလိုင်းလေယာဉ်ကို ရှာဖွေဖို့သွားနေပြီလို့ Australia တာဝန်ရှိသူတွေကပြောပါတယ်။

လေယာဉ်ပျက်ကျခဲ့တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရတဲ့နေရာဆီ  black box  ရှာ စက်တပ်ထားတဲ့ HMAS Ocean Shield စစ်သင်္ဘော ရောက်ဖို့ ရက်အနည်းငယ်ကြာမှာ ဖြစ်ပါတယ်။ Australia နိုင်ငံ Perth မြို့ရဲ့ အနောက်ဖက် India သမုဒ္ဒရာထဲက ကျယ်ပြောလှတဲ့နေရာမှာ သင်္ဘော ၁၀
စီးနဲ့ လေယာဉ် ၁၀ စီးသုံးပြီး လေယာဉ်ပျောက်ကို ဒီကနေ့ တနင်္ဂနွေနေ့မှာရှာနေကြပါတယ်။


တချိန်တည်းမှာပဲ ဒေါသထွက်နေကြတဲ့ တရုတ်မိသားစုဝင် ဒါဇင်နဲ့ချီဟာ မလေးရှားနိုင်ငံ Kuala Lumpur မြို့ဆီ ဒီကနေ့ ရောက်လာကြပါတယ်။ အရေးကြီးတဲ့သတင်းအချက်အလက်တွေကို မလေးရှားအစိုးရက ဖုံးကွယ်ထားတယ်လို့ စွပ်စွဲပြီး သူတို့မိသားစုဝင်တွေ ပါသွားတဲ့ လေယာဉ်
ဘာဖြစ်သွားတာလဲဆိုတာကို ထဲထဲဝင်ဝင်ပြောပြဖို့ တောင်းဆိုနေကြပါတယ်။

၈ ရက်နေ့ကတည်းက ပျောက်သွားတဲ့ လေယာဉ်ပေါ်မှာ တရုတ်လူမျိုးတွေ အများစုပါသွားတာဖြစ်ပါတယ်။ မလေရှားလေကြောင်းလိုင်းလေယာဉ်နဲ့
အရောင်ဆင်တူတဲ့ အရာဝတ္ထုတွေကို တရုတ် ရှာဖွေရေး လေယာဉ်တွေပေါ်ကနေ စနေနေ့က တွေ့ရှိခဲ့ပါတယ်။

အဲဒီအရာဝတ္ထုတွေရော ဆယ်ယူနိုင်ခဲ့တဲ့ အရာတွေပါ မလေးရှားလေယာဉ် အပိုင်းအစတွေဖြစ်တယ်ဆိုတာ အတည် မပြုနိုင်သေးဘူးလို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB