မတ်လ ၃ဝ ရက်နေ့၊ ပြည်သူ့ရင်ပြင် မှာ ဖျော်ဖြေမယ့် ထိုင်း-မြန်မာ ချစ်ကြည်ရေး အနုပညာပွဲ တော်မှာ လူရွှင်တော် အဖြစ် ဖျော်ဖြေမယ့် နန်းသူဇာက ပွဲမတိုင်မီ ပြက် လုံးတွေ ကြိုတင် တိုက်ရင်း၊ ရင်ခုန် စိတ်လှုပ်ရှား မိနေကြောင်းကို
“ပရော်ဖက်ရှင်နယ် လူရွှင် တော်ကြီးတွေ နဲ့
တိုင်ပင်ပြီးတော့ လုပ်နေပါတယ်။ လူစုံရင် ဆိုင်းတွေ ဘာတွေနဲ့ သေသေ ချာချာ
တိုက်ရပါတယ်။ မှားမှာတော့ စိုးတာပေါ့။ စင်ပေါ်မှာ ရိုးရိုး သီချင်းဆိုရတာ
မဟုတ်ဘဲ လူရွှင်တော် လုပ်ရမှာဆိုတော့ တာဝန် ကြီးတာပေါ့။ ပြီးတော့ SkyNet
ကလည်း Live လွှင့်မှာဆို တော့ နည်းနည်းတော့ ရင်ခုန် မိပါတယ်”လို့ နန်းသူဇာက
ပြောပါတယ်။
ငယ်ငယ်က တည်းက အငြိမ့်၊ နှစ်ပါးသွား
တို့ကို ကြည့်ရှု အားပေးခဲ့တဲ့ နန်းသူဇာက သူအကြိုက်ဆုံး လူရွှင်တော်တွေကို
ပြောပြတာက “ငယ်ငယ် ကတော့ ရှုမဝ အငြိမ့်က နာမည် ကြီးခဲ့ပါတယ်။ သူတို့အငြိမ့်
ကို အမြဲတမ်း ကြည့်ဖြစ်တယ်။ ဦးဇာဂနာ ဆိုလည်း သေသေချာချာ ပြန်တွေ့ရပြီ။
ဦးဇာဂနာဆို ငယ်ငယ် ကတည်းက အားပေးခဲ့ပါ တယ်။ နန်းသူဇာတို့ လူရွှင်တော်
လုပ်တော့မယ် ဆိုတော့လည်း ဒီလူရွှင်တော် ကြီးတွေကပဲ သင်ပေးတယ်။ ဒီပွဲ လေးမှာ
နန်းသူဇာ တို့အမှားတွေ ပါခဲ့ ရင်လည်း ခွင့်လွှတ်ပေး ကြပါ။ နန်းသူဇာတို့
အတတ်နိုင်ဆုံး ကြိုးစားသွားပါမယ်” လို့ နန်းသူဇာက ပြောပါတယ်။
မတ်လထဲမှာ ရိုက်ကူး ပြီးစီးသွား ခဲ့တဲ့
နန်းသူဇာ တို့ရဲ့Let’s Go Program ပုဂံ ခရီးစဉ်နဲ့ ပတ်သက် ပြီး ပရိသတ်ကို
အကြို အနေနဲ့ နန်းသူဇာက “ဒီတစ်ခေါက် Let’s Go
ခရီးစဉ် ပုဂံမှာကျတော့ နန်းသူ ဇာတို့ ဘုရားတွေ ဖူးရတယ်။ ပရိသတ်တွေ
ပျင်းမှာစိုးတဲ့ အတွက် နန်းသူဇာတို့ ခရေစေ့တွင်း ကျမသိ ပေမယ့် ကိုယ်တွေ
သိသလောက် ရှင်း ပြထားတယ်။ အဓိကကတော့ ကလေးတွေတော့ ပိုကြည့်မှာပေါ့။
ဘာပဲဖြစ်ဖြစ် နန်းသူဇာတို့ ဘုရားတွေ အစုံလိုက်ဝင်ပြီး ဘုရားဖူးတဲ့
ပုံရိပ်တွေကို ပရိသတ်တွေ ကြည့် ရမှာပါ။ Let’s Go နဲ့ ထပ်ပြီး ခရီးသွား
ဖို့လည်း ရှိပါတယ်”လို့ပြောပါတယ်။
မျိုးမောင်/popularmyanmar
No comments:
Post a Comment