Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

လင်းလင်း တို့စုံတွဲရဲ့ The Music ဆိုင် အကြောင်း


ပူပူနွေးနွေး အိမ်ထောင်ရှင် စုံတွဲဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့က အိမ်ထောင် မကျခင် ချစ်သူဘဝမှာ ကတည်းက ဒဂုံ တက္ကသိုလ် အတွင်းမှာ The Music ဆိုတဲ့ စားသောက် ဆိုင်လေး တစ်ဆိုင် ဖွင့်လှစ်ထားတယ်လို့သိရပါတယ်။ ဝါသနာလည်း ပါတာမို့ စီးပွားရေး သဘောအနေ နဲ့ မဟုတ်ဘဲ ကျောင်းသား ကျောင်းသူတွေ အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့ The Music ဆိုင် လေးနဲ့ပတ်သက်လို့ လင်းလင်းက “ကျွန်တော်တို့ ချစ်သူ ဖြစ်ပြီး တစ်နှစ်လောက် အကြာမှာ ဖွင့်ဖြစ်တယ်။ ဆိုင်ဖွင့် ဖို့ စဉ်းစားတဲ့ အခါ စီးပွားရေးကြီး အနေနဲ့တော့ မဖွင့်ချင်ဘူး။ အဲဒီတော့ ဝါသနာအရ လည်းဖြစ်ရမယ်။ ပျော်ပျော် ပါးပါးလည်းဖြစ်ရမယ် ဆိုပြီးကျောင်း သားကျောင်းသူတွေ နဲ့ လည်းတွေ့ရမယ့် နေရာမျိုးမှာ ဖွင့်ကြမယ်ဆိုပြီး ဒဂုံ တက္ကသိုလ်ထဲမှာ The Musicဆို တဲ့ နာမည်နဲ့ ဆိုင်လေး ဖွင့်ဖြစ်တယ်။ ၃နှစ်ကျော် ၄နှစ် ဝန်းကျင် လောက်ရှိပြီ။ ဆိုင်လေးက အဆင်ပြေပါတယ်။


ကျွန်တော် တို့က လာစားကြတဲ့ ကျောင်းသား ကျောင်းသူတွေ ကသန့်သန့်ရှင်းရှင်း နဲ့ သက်သက်သာသာ စားသောက်နိုင်ဖို့ ရည်ရွယ်တယ်။ အဲဒီအတွက်လည်း ရောင်းအားက ပိုကောင်းလာတယ်။ ထပ်ပြီး တိုးချဲ့ဖို့တော့ မရှိပါဘူး။ ကျွန်တော်တို့က ကျောင်းသားတွေ လူငယ်တွေ နဲ့ ထိတွေ့ရတာ ကြိုက်တယ်။ အဲဒီအတွက် အစားအသောက် သန့်ရှင်းမှုကိုလည်း အဓိကထားပါတယ်။ စီးပွားရေး သက်သက်ကြီး လုပ် တာတော့ မဟုတ် ဘူး”လို့ သူတို့ဆိုင်လေးရဲ့ အကြောင်းကို လင်းလင်း က ပြောပါတယ်။

လင်းလင်း အနေ နဲ့အိမ်ထောင် ကျပြီးချိန်နဲ့ အိမ်ထောင်မကျခင်မှာ ကောဘာတွေ ဘယ်လိုပြောင်းလဲသွား  လဲ။ အနုပညာဖန်တီးမှု ပိုင်းမှာရော အရင်နဲ့ ဘာတွေ ကွာခြား ပြောင်းလဲသွားနိုင် မလဲဆိုတာတွေကိုတော့ လင်းလင်းက “ဘာမှတော့ သိပ်ပြီး ပြောင်းလဲ သွားတာမျိုး မရှိဘူး။ အရင်လင်းလင်း တုန်းကလည်း ရည်ရွယ်ချက် ကဒါပဲ။ အခု လင်းလင်းလည်း ရည်ရွယ်ချက် ကဒါပဲ။ ပြီးတော့ ပိုပြီး အားတက်စရာကောင်း တာက ကိုယ်နဲ့ အိမ်ထောင်ကျတဲ့ သူက လည်း ကိုယ်နဲ့ စိတ်တူကိုယ်တူ ဖြစ်တဲ့ အတွက်ပိုပြီး အားအင်ပြည့်တယ်။ အရင်ကထက် ပိုပြီး လုပ်စရာ ရှိတာတွေ လုပ်နိုင်မယ် ထင်တယ်”လို့ ပြောတဲ့ လင်းလင်းက အနုပညာ ဖန်တီးမှု နဲ့ ပတ်သက်ပြီး လည်း “ဖန်တီးတဲ့အနု ပညာကပြောင်းလဲမှု မရှိဘူး။ဘာ ဖြစ်လို့ ဆိုတော့ အိမ်ထောင်ကျပြီး ပေမယ့်လည်း ရည်ရွယ်ချက် ပြောင်း မသွားတဲ့ အတွက်ပေါ့။ 

ဒါပေမဲ့ လူပျို လူလွတ် တုန်းကထက် အိမ်ထောင် ကျသွားတဲ့ အခါမှာ အရင်တုန်းက လွတ်လွတ်လပ်လပ် လုပ်တဲ့ အရာ တွေက အကန့် အသတ်လေးတွေ ရှိလာတာ မျိုးဖြစ်နိုင် တယ်။ ဒါ ပေမဲ့ ကျွန်တော့် အနေ နဲ့ကတော့ ရည်ရွယ်ချက် လည်း မပြောင်း တဲ့အတွက် လွတ်လွတ်လပ်လပ် ဖန်တီးပြီးပဲ လုပ်သွားမှာပါ” လို့လင်းလင်း က ပြောပြ ခဲ့ပါတယ်။

ရဲရဲ/popularmyanmar

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB