Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ကိုယ့်ရဲ့သရုပ်ဆောင်ပိုင်းကို စိတ်တိုင်းမကျသေးဘူးလို့ ဆိုတဲ့ ဆေးကျောင်းသူလေး ပိုင်ဖြိုးသု


ငယ်ငယ်ကတည်းက အနုပညာနဲ့ရင်းနှီးကျွမ်းဝင်ခဲ့တဲ့  ပိုင်ဖြိုးသုဟာ ခုဆိုရင်ဖြင့် ကျောင်းတစ်ဖက်နှင့် အနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်လာနေပြီဖြစ်ပါတယ်။ ကျောင်းတက်လိုက်၊ အနုပညာအလုပ်လုပ်လိုက်နဲ့ သူမရဲ့အချိန်တွေကို အကျိုးရှိစွာ အသုံးချနေတဲ့ ပိုင်ဖြိုးသုကို ရှုတင်တစ်ခုမှာတွေ့ဆုံခိုက် သိလိုရာတွေကို မေးမြန်းကြည့်လိုက်တော့ သူမက ‘ခုရိုက်နေတဲ့ ကားလေးက ရိုးမြေကျခေါင်းခါသည်တဲ့။ အန်ကယ်လေးနဲ့ပါ။ ညီမက အဖေနဲ့မိထွေးနဲ့နေရတယ်။ ပိုက်ဆံသိပ်မရှိဘူး။ ရပ်ကွက်ထဲမှာ ကရာတေးတွေ ဘာတွေသင်တယ်။ မိထွေးနဲ့နေရတော့ ဂျစ်ကျတာပေါ့။ ယောကျာ်းဆန်တဲ့ ကာရိုက်တာမျိုးလေးပေါ့။ အ၀တ်အစားကအစ ယောင်္ကျားဆန်ဆန် အကွက်လေးတွေနဲ့ဆံပင်ဆို စည်းလိုက်တယ်။ မိတ်ကပ်ကို ခပ်ဖျော့ဖျော့ပဲ တင်ထားပါတယ်’တဲ့။


 လက်ရှိမှာ ထွက်ထားတဲ့ ဆဌမမြောက်အခန်းကားလေးနဲ့ပတ်သတ်ပြီးတော့လည်း ‘အဲ့ဒီကားလေးကို ကြိုက်ကြ တယ်လို့ပြောကြပါတယ်။ အမူအရာလဲဆန်းတယ်။ ကာရိုက်တာလဲ ဆန်းတယ်ဆိုတော့ ကြည့်တဲ့သူတွေကတော့ သဘောကျတယ်လို့ပြောတယ်။ အခွေထွက်လာလို့ ပြန်ကြည့်တဲ့အခါကျတော့ သရုပ်ဆောင်ပိုင်းကတော့ တစ်ခုမဟုတ်တစ်ခု လိုနေတာပဲ။ တစ်ခါမှ စိတ်တိုင်းကျတယ်လို့ကို မရှိဘူး။ ဒါပေမဲ့ အဲဒီကားလေးကို ရိုက်ခွင့်ရတဲ့အတွက် ကျေနပ်တယ်။ ဇာတ်လမ်းလေးက ဆန်းတာကိုး။ ပျော်လဲပျော်ပါ။ အခုက တစ်လတစ်ကားပဲရိုက်ဖြစ်တယ်။

ဒီတစ်လထဲ နှစ်ကားဖြစ်သွားတယ်။ ရှေ့လကျရင် သုက စာမေးပွဲဖြေရမှာဆိုတော့နားမှာလေ။ အဲ့ဒါကြောင့် ဒီလကို နှစ်ကားပေးလိုက်တာပါ။ ကျောင်းကတက်ဖက်၊ အနုပညာအလုပ်က တစ်ဖက်ဆိုတော့ သုမှာ အားလပ်ချိန်ဆိုတာ တကယ်ကိုမရှိဘူး။ အမှန်အတိုင်းပြောရရင် သုမှာ ကျူရှင်နဲ့ကျောင်းနဲ့၊ ရှုတင်နဲ့ဆေးရုံနဲ့ကို အလျင်မီအောင်သွားရတယ်။ ဒါရိုက်တာတွေကလဲ သုအခန်းမပါရင်ပြန်ခိုင်းပါတယ်။ ညှိပြီး လုပ်နေရတာပေါ့နော်။ အရမ်းပင်ပန်းလာတဲ့ခါဆိုရင် ရှုတင်ကအပြန် စာလုံးဝမကျက်တော့ဘူး။ တချို့ရက်တွေဆို အရမ်းပင်ပန်းရင် စာမကြည့်ဘဲ သူငယ်ချင်းတွေနဲ့ဖုန်းပြောတယ်။ အင်တာနက်သုံးတယ်။ ရုပ်ရှင်ကတော့ သုတော်တော်ကြည့်ဖြစ်တယ်။ ဒီရက်ပိုင်းမှ မကြည့်ဖြစ်တော့တာ’လို့ သူက ပြောပါတယ်။

Trend Myanmar

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB