Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

မိုးကြိုးပစ်၍ လူတဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

လွိုင်ကော်မြို့  နွားလ၀ိုး အုပ်စု ပဒါးညေးကျေးရွာမှာ မနေ့ ကနေ့ လည် (၄၊၄၊၂၀၁၄ ရက်စွဲဖြင့်) ၁၂နာရီ မိနစ် ၂၀ တွင် မိုးကြိုးပစ်၍ လူတဦးသေဆုံးပြီး ၅ဦးထိခိုက်ဒဏ်ရာရ ကြောင်းသတင်းရရှိသည်။

၎င်း ၆ဦးမှာ မိမိတို့ အလုပ်လုပ်နေသည့်တောင်ယာ လုပ်ငန်းခွင် အတွင်းရှိနေစဉ် မိုးကြိုးပစ်ခံရခြင်းဖြစ်သည်။

မိုးကြိုးပစ်ခံရသူ ၆ ဦးအနက် အသက် ၂၀ အရွယ်ရှိ ခွန်တီးကျားမှာ ပွဲခြင်းပြီးသေဆုံးသွားပြီး နန်းခင်စိမ်းမှာ ထိခိုက်မှုပြင်းထန်၍ ဆေးရုံသို့ပို့ဆောင်ကာ ကုသမှုခံယူနေကြောင်း နှင့်ကျန်သူများမှာ မိုးကြိုးဒဏ်ကြောင်းမူးဝေနေခဲ့ကြောင်းသိရသည်။


“သူတို့ တောင်ယာသွားပြီး သစ်ငှတ်တူးတာကနေ နေ့ လည်ထမင်းစားနားကြချိန် မိုးရွာလာ၍ သစ်ပင်အောက်မှာ ၆ ယောက်စလုံး ခိုနေကြတယ်။ အဲဒီ မှာပဲမိုးကြိုးပစ်ပြီး ၆ ယောက်စလုံး ထိတယ်။ တဦးတော့သေသွားတယ် နောက်တဦးက ဒဏ်ရာ ပြင်းထန် ရပြီး ဆေးရုံပို့ လိုက်တယ် ။ကျန်လူတွေက တအားမထိခိုက်ဘူး မူးမေ့ ကြပြီးပြန်သတိရလာကြတယ် ” လို့ ရွာသူကြီး ဦးလှဝင်း ကပြောပါတယ်။

သေဆုံးသွား သူမှာ အသက် ၂၀ ရှိသည့် ဦးသောင်းနှင့်ဒေါ်ဗျူး သား ၅ ယောက်မြောက် ခွန်တီးကျား ဖြစ်ပြီး ဒဏ်ရာ ပြင်းထန်စွာရရှိသော နန်းခင်စိမ်းနှင့် ကျန်လေး ယောက်မှာ ခွန်ကျော်စိန်၊ နန်းဟုန်ကီး၊ နန်းမနော်၊ နန်းခမ်းဆင့် တို့ ဖြစ်ကြောင်သိရသည်။ ၎င်းမိုး ကြိုး ပစ်တဲ့ နေရာ မှာ ရွာ နှင့် ၁ မိုင် အကွာအဝေးရှိသော တောင်ယာခင်း မှာဖြစ်သည်။

ယခုလို ခွန်းတီကျားတို့ သူငယ်ချင်းတသိုက် မိုးကြိုးပစ်ခံရသော နေရာတ၀ိုက်တွင် ၃ နှစ် ၁ ခါ လောက် မိုးကြိုးပစ်လေ့ရှိပြီး မိုးကြိုးပစ် ပြီး သေဆုံးသွားသောတဲ့ လူတွေထဲ မှာ ခွန်တီးကျား က ၄ ယောက်မြောက် သေဆုံးသူဖြစ်ကြောင်း ပဒါးညေး ရွာသူကြီးက ဆက်ပြောသွားသည်။

Written by ရှားမြာ

ကန္တရဝတီတိုင်း(မ်)

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB