တစ်ပြည်လုံး အပစ်ခတ်ရပ်စဲရေးအတွက် အစိုးရနဲ့ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲမှာ ညှိနှိုင်းမှုတွေ မပြီးပြတ်သေးတဲ့
အတွက် မနက်ဖြန်တစ်ရက် ထပ်တိုးလိုက်ကြောင်း ဆွေးနွေးပွဲအပြီး ကျင်းပတဲ့
ဒီနေ့ညနေပိုင်း သတင်းစာရှင်းလင်းပွဲမှာ နှစ်ဖက်ခေါင်းဆောင်တွေက ပြောကြား
လိုက်ကြ ပါတယ်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ မနေ့ကစပြီးကျင်းပတဲ့
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲ ဒုတိယနေ့အပြီးမှာ
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကိုယ်စားပြုတဲ့ NCCT အဖွဲ့ကိုယ်စားလှယ်
ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ၂
ပဒိုစောကွယ်ထူးဝင်းက အခုလို ရှင်းပြခဲ့ပါတယ်။
"အခြေခံမူအပေါ် မူတည်ပြီးတော့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ရှေ့ဆက်ဘယ်လို
ဆောင်ရွက်မလဲဆိုတဲ့အပေါ်မှာ မူတည်တဲ့အတွက်ကြောင့် ကျနော်တို့
မနက်ဖြန်ဆက်ပြီးတော့ ဆွေးနွေးသွားမယ်လို့ ဆုံးဖြတ်ထားတယ်"
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အစိုးရနဲ့
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နှစ်ဖက်သဘောတူ လက်ခံနိုင်မယ့်
မူကြမ်းရရှိဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ မူကြမ်းမရသေးပေမယ့်
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဟာ လိုအပ်ချက်ဖြစ်ကြောင်း၊ အဲဒီကနေ
နိုင်ငံရေးဆွေးနွေးပွဲတွေအထိ ဖြစ်လာအောင် ကြိုးစားသွားမှာဖြစ်ကြောင်းလည်း
ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
RFA Burmese
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်
အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ
Subscribe to:
Post Comments (Atom)
No | Title | Singer | Listen/Download | Size |
---|---|---|---|---|
1 | မောင့်ချစ်သူ | သားသား | Click Here !! | 2.00 MB |
2 | အဝေးရောက်ချစ်သူ | ဆိုတေး | Click Here !! | 2.00 MB |
3 | တောင်းပန်တယ် | အောင်လ | Click Here !! | 2.00 MB |
4 | အချစ်ကိုသိချိန် | မီးမီးခဲ | Click Here !! | 2.00 MB |
5 | ဒွိဟ | Bobby Soxer | Click Here !! | 2.00 MB |
6 | နာရီတွေ ရပ်ထားမယ် | ကောင်းကောင်း | Click Here !! | 2.00 MB |
7 | သနပ်ခါးချစ်သူ | Rဇာနည် | Click Here !! | 2.00 MB |
8 | လိုက်ဖက်တဲ့ဘဝ | Rဇာနည် ဝိုင်းစုခိုင်သိန်း | Click Here !! | 2.00 MB |
9 | နင်မရှိရင် | Bunny Phyo | Click Here !! | 2.00 MB |
10 | အပိုဆု | ဆောင်းဦးလှိုင် | Click Here !! | 2.00 MB |
11 | သုည | လင်းလင်း | Click Here !! | 2.00 MB |
12 | နှလုံးသား အရင်းအနှီး | အိုင်းရင်းဇင်မာမြင့် | Click Here !! | 2.00 MB |
No comments:
Post a Comment