Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ဒန်နီဝဲလ်ဘက်ခ်ကို ပေါင် သန်း ၂၀ ဖြင့် ခေါ်ယူရန် တော့တင်ဟမ် စီစဉ်နေ

တော့တင်ဟမ်သည် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဒန်နီ ဝဲလ်ဘက်ခ်ကို ပေါင် သန်း ၂၀ ဖြင့် ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။
အင်္ဂလန် တိုက်စစ်မှူးသည် မန်ချက်စတာယူနိုက်တက်နှင့် နှစ်နှစ်စာချုပ် ကျန်ရှိနေသေးသော်လည်း အသင်း အနေဖြင့် တော့တင်ဟမ်၏ ကမ်းလှမ်းချက်ကို လက်ခံဖွယ်ရှိကြောင်း ဆိုသည်။
တော့တင်ဟမ်သည် ပရီးမီးယားလိဂ် အတွေ့အကြုံရှိသည့် ထိပ်တန်း တိုက်စစ်မှူးကို ရှာဖွေလျက်ရှိပြီး ဝဲလ်ဘက်ခ်မှာ ၎င်းတို့ စိတ်ဝင်စားနေသည့် တိုက်စစ်မှူး စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်လျက်ရှိသည်။
တော့တင်ဟမ် လာမည့်နှစ် ဘောလုံးရာသီတွင် နည်းပြ အပြောင်းအလဲ မပြုလုပ်သည့်တိုင် ကစားသမားသစ်များကို ခေါ်ယူဖွယ်ရှိပြီး အဲဗာတန်တွင် အငှားဖြင့် ကစားနေသည့် ချယ်ဆီး တိုက်စစ်မှူး ရိုမီလူ လူကာကူသည်လည်း အသင်းမှ စိတ်ဝင်စားနေသည့် စာရင်းတွင် ပါဝင်ကြောင်း သိရသည်။
အသက် ၂၃ နှစ်အရွယ် ဝဲလ်ဘက်ခ်သည် ယခုနှစ် ဘောလုံးရာသီတွင် ယူနိုက်တက်၌ ပုံမှန် ပါဝင်ခွင့် ရရှိခဲ့သော်လည်း ဗဟိုတိုက်စစ်မှူး အနေဖြင့် ကစားခွင့် မရရှိခဲ့ပေ။
ယူနိုက်တက်သည်လည်း နွေရာသီတွင် ကစားသမား အပြောင်းအရွှေ့များ ပြုလုပ်ရန် စီစဉ်နေပြီး သင့်တော်သည့် ပြောင်းရွှေ့ကြေး ရရှိပါက ဝဲလ်ဘက်ခ်ကို ရောင်းချသွားဖွယ်ရှိသည်။
အင်္ဂလန်အသင်း၏ ကမ္ဘာ့ဖလား လူစာရင်းတွင် ပါဝင်ခွင့် ရရှိထားသည့် ဝဲလ်ဘက်ခ်ကမူ ယူနိုက်တက်တွင် ဆက်လက်နေထိုင်ရန် ဆန္ဒရှိသော်လည်း ဗဟို တိုက်စစ်မှူး အနေဖြင့် ကစားခွင့်ရရန် ခက်ခဲဖွယ်ရှိကြောင်း သိရသည်။
Ref: Mirror
Soccer Myanmar

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB