အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ နာယက သတင်းစာဆရာကြီး ဟံသာဝတီ
ဦးဝင်းတင်၏ ကျန်းမာ ရေးအခြေအနေမှာ ကောင်းမွန်လာကြောင်း ၎င်းနှင့်နီးစပ်သူ
မိတ်ဆွေများက ဧပြီလ ၆ ရက် ည ၇ နာရီ ကျော်တွင် မဇ္ဈိမကို အတည်ပြု
ပြောကြားသည်။
ဦးဝင်းတင်၏ မိတ်ဆွေတစ်ဦးဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က
“တော်တော်လေး ကောင်းလာပါပြီ။ တဖြည်းဖြည်း တိုးတက်လာပါတယ်။ အရင်ကထက်စာရင်
တိုးတက်လာတယ် ပြောရ မယ်။ ဒီလိုရောဂါမျိုးတွေကတော့ တစ်မုဟုတ်ချင်း
ပျောက်သွားတာတော့ မရှိပါဘူး။ ဖြည်းဖြည်းနဲ့မှန်မှန် တိုးတက်လာတယ်”ဟု
ဆိုသည်။
ဒီလှိုင်းဂျာနယ် အမှုဆောင်အယ်ဒီတာ မုံရွာအောင်ရှင်ကလည်း “တော်တော်ကောင်းသွားပါပြီ။ အခြေအနေ တိုးတက်လာပါတယ်”ဟုဆိုသည်။
လက်ရှိအချိန်တွင် ဦးဝင်းတင်ကို နိုင်ငံခြားသို့ သွားရောက်ဆေးကုသရန် အစီအစဉ်မရှိသေးဟုလည်း ဦးထွန်း ကြည်က မဇ္ဈိမကို ပြောသည်။
ဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လာစေရန်အတွက်ဆုတောင်းပွဲများကို ရန်ကုန်အပါအ၀င် မန္တလေးမြို့ကြီးများတွင် ပြုလုပ်ခဲ့သည်။
တင်ဇာအောင်
Mizzima - News in Burmese
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်
အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ
Subscribe to:
Post Comments (Atom)
No | Title | Singer | Listen/Download | Size |
---|---|---|---|---|
1 | မောင့်ချစ်သူ | သားသား | Click Here !! | 2.00 MB |
2 | အဝေးရောက်ချစ်သူ | ဆိုတေး | Click Here !! | 2.00 MB |
3 | တောင်းပန်တယ် | အောင်လ | Click Here !! | 2.00 MB |
4 | အချစ်ကိုသိချိန် | မီးမီးခဲ | Click Here !! | 2.00 MB |
5 | ဒွိဟ | Bobby Soxer | Click Here !! | 2.00 MB |
6 | နာရီတွေ ရပ်ထားမယ် | ကောင်းကောင်း | Click Here !! | 2.00 MB |
7 | သနပ်ခါးချစ်သူ | Rဇာနည် | Click Here !! | 2.00 MB |
8 | လိုက်ဖက်တဲ့ဘဝ | Rဇာနည် ဝိုင်းစုခိုင်သိန်း | Click Here !! | 2.00 MB |
9 | နင်မရှိရင် | Bunny Phyo | Click Here !! | 2.00 MB |
10 | အပိုဆု | ဆောင်းဦးလှိုင် | Click Here !! | 2.00 MB |
11 | သုည | လင်းလင်း | Click Here !! | 2.00 MB |
12 | နှလုံးသား အရင်းအနှီး | အိုင်းရင်းဇင်မာမြင့် | Click Here !! | 2.00 MB |
No comments:
Post a Comment