Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

မတ်လအတွင်း မှုခင်းငါးမျိုးဖြစ်ပွားမှု ၂၄၉၇ မှုရှိ ရန်ကုန်တိုင်းဒေသကြီး၌ အများဆုံးဖြစ်ပွား

မြန်မာနိုင်ငံတစ်ဝန်းတွင် ပြီးခဲ့သည့် မတ်လအတွင်း အများဆုံးဖြစ်ပွားခဲ့သည့် မှုခင်းငါးမျိုး၏ စာရင်းဇယား များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဧပြီ ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါကြေညာချက်အရ လွန်ခဲ့သည့် မတ်လအတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ဖြစ်ပွားမှုအများဆုံး မှုခင်း ငါးမျိုးမှာ လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု ငါးမျိုး၊ နာကျင်(ရိုးရိုး)နှင့် ယာဉ် တိုက်မှုတို့ဖြစ်ကြောင်း သိရသည်။ အဆိုပါ မှုခင်းငါးမျိုးဖြစ်ပွားခဲ့သည့် စုစုပေါင်းအရေအတွက်မှာ ၂၄၉၇ မှုရှိသည်။ ယင်းမှုခင်း ငါးမျိုးတွင် ယာဉ် တိုက်မှု အများဆုံးဖြစ်ပွားပြီး ဖြစ်ပွားမှု
စုစုပေါင်း ၁၃၁၀ ရှိခဲ့သည်။ ယာဉ်တိုက်မှုဖြစ်ပွားရသည့် အကြောင်း ရင်းများမှာ မဆင်မခြင်မောင်းနှင်ခြင်း၊ မူးယစ်သောက်စား မောင်းနှင်ခြင်း၊ မီးပွိုင့်အချက်ပြမီးများကို သတိမမူဘဲ မောင်းနှင်ကြခြင်းကြောင့် လည်း
ကောင်း၊ သတ်မှတ်မြန်နှုန်းထက် ပိုမိုမောင်းနှင်ကြသောကြောင့်လည်း ကောင်း အများဆုံးဖြစ်ပွားရကြောင်း သိရသည်။


ပြီးခဲ့သည့်လအတွင်း နာကျင်မှု(ရိုးရိုး)ဖြစ်ပွားမှု အရေအတွက်မှာ ၅၇၆ မှုထိရှိခဲ့ပြီး ဒုတိယနေရာမှ လိုက်နေ သည်။ လူငယ်အချင်းချင်းစနောက်ရာမှ စကားများရန်ဖြစ်ကြ ခြင်းကြောင့် လည်းကောင်း၊ လုပ်ငန်း
ခွင်အတွင်း မတော်တဆထိခိုက်မိရာမှလည်းကောင်းဖြစ်ပွားသည်ဟု ဆိုသည်။
ယင်းနောက်တွင် ဖြစ်ပွားမှုစုစုပေါင်း ၄၁၄ မှုရှိသည့် ခိုးမှု ငါးမျိုးက တတိယနေရာမှ လိုက်နေသည်။ မုဒိမ်းမှုဖြစ်ပွားသည့် အရေအတွက်မှာ၇၄ မှုရှိခဲ့ပြီး လွန်ခဲ့သည့် ၁၀ နှစ်တာ ကာလအတွင်း လစဉ်ပျမ်းမျှ မုဒိမ်းမှု ၁၅ မှုသာဖြစ်ပွားခဲ့သည်နှင့် နှိုင်းယှဉ်ပါက ဖြစ်ပွားမှုပိုများလာခဲ့သည်။မုဒိမ်းမှု ဖြစ်ပွားမှုအရေအတွက်မှာ ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပွားပြီး တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ချင်းပြည် နယ်တို့တွင် ဖြစ်ပွားမှုမရှိပေ။

ကယားပြည်နယ်တွင် ယခင်လအတွင်းက လူသတ်မှုဖြစ်ပွားမှု လုံးဝမရှိဘဲ ချင်းပြည်နယ်တွင် လူသတ်မှု တစ်မှုသာဖြစ်ပွားခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီးတွင် လူသတ်မှု နှစ်မှုသာဖြစ်ပွားခဲ့သည်။ နေပြည်တော်၊ တိုင်းဒေကြီး / ပြည်နယ်များအလိုက်လူသတ်မှုဖြစ်ပွားသည့် အရေအတွက် စုစုပေါင်း ၁၂၃ မှုရှိခဲ့သည်။ လွန်ခဲ့ သည့် ၁၀ နှစ်တာ ကာလအတွင်း လစဉ်ဖြစ်ပွားခဲ့သည့် ပျမ်းမျှလူသတ်မှုအရေအတွက်မှာ ၁၀ မှုသာရှိခဲ့သည်။

အဆိုပါမှုခင်း ငါးမျိုးဖြစ်ပွားမှုအများဆုံးဒေသမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး စုစုပေါင်း ၆၄၅ မှု ဖြစ်ပွားခဲ့သည်။ ယင်းနောက်တွင်ဖြစ်ပွားမှုစုစုပေါင်း ၂၉၈ မှုရှိသည့် မန္တလေးတိုင်းဒေသကြီးက ဒုတိယ နေရာတွင်ရှိနေသည်။ ချင်းပြည်နယ်သည် မှုခင်း ငါးမျိုးဖြစ်ပွားမှု ရှစ်မှုသာရှိပြီး မတ်လ၏မှုခင်းဖြစ်ပွားမှု အနည်း ဆုံးဒေသဖြစ်သည်။

MOI Webportal Myanmar

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB