မြေငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၆ ဦးသေဆုံးခဲ့ရပြီး လူပေါင်း ကိုးသိန်း ခုနှစ်သောင်းကျော်ကို ရွှေ့ပြောင်းမှု လုပ်ထားပါတယ်။
အမေရိကန် ဘူမိဗေဒ ပညာရှင်တွေရဲ့ အဆိုအရ မြေငလျင်ဟာ ချီလီနိုင်ငံ မိုင်းတွင်းများတဲ့ အီကီးကေး (Iquique) ဒေသနဲ့ ၈၆ ကီလိုမီတာ ဝေးတဲ့နေရာမှာ ဗဟိုပြု လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ငလျင် လှုပ်ခတ် မှုကြောင့် လျှပ်စစ်မီးပြတ် တောက်မှုတွေ၊ မီးလောင်မှုတွေနဲ့ မြေပြို မှုတွေ ဖြစ်နေပြီး နောက် ဆက်တွဲ ငလျင်တွေလည်း မနေ့ညအထိ လှုပ်ခတ်နေဆဲ ဖြစ်ပါတယ်။
မြေငလျင် လှုပ်ခတ်မှုကနေ ထွက်ပြေး လွှတ်မြောက်နေတဲ့ အမျိုးသမီး အကျဉ်းသား အယောက် ၃၀၀ လောက်ကို ရဲတွေက လိုက်လံ ရှာဖွေနေပြီး အဲဒီထဲက ၂၆ ယောက်ကို ပြန်လည် ဖမ်းဆီးနိုင် ခဲ့ပါတယ်။
မြေငလျင်ဒဏ် အဆိုးဝါးဆုံး ခံရတဲ့ဒေသကို ချီလီသမ္မတ Michelle Bachelet မီရှဲလ်ဘာချူလက် က သွားရောက် လေ့လာခဲ့ပြီး အခြေအနေ ထိန်းသိမ်းနိုင်ဖို့ ရဲနဲ့ စစ်သားတွေ တိုးချဲ့စေလွှတ် မယ်လို့ ကတိပေး လိုက်ပါတယ်။
ချီလီနိုင်ငံမှာ မြေငလျင် လှုပ်ခတ် မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆူနာမီရေ လှိုင်းဟာ ပစိဖိတ် သမုဒ္ဒရာ အရှေ့ဘက်ခြမ်းအထိ ရောက်လာဖို့ ရှိတဲ့အတွက် ဂျပန်နိုင်ငံကလည်း ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
ဒီမနက်မှာပဲ ဆူနာမီရေလှိုင်းက ဂျပန်နိုင်ငံ Hokkaido ဒေသကို ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံကလည်း ဆူနာမီဒဏ် ခံရနိုင်တဲ့အကြောင်း အေဘီစီသတင်းထောက် Michael Vincent က သတင်းပေးပို့ထားပါတယ်။
ABC Radio Australia
No comments:
Post a Comment