Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

သမီးလေးရွာသားတွေကို စောင့်ရှောက်ပေးခဲ့တဲ့ ဘုန်းတော်ကြီးကျောင်း ပြောင်းရွှေ့ဖို့ အမိန့်ထုတ်ပြန်

သမီးလေးကျေးရွာကို အာဏာပိုင်တွေက ၀င်ရောက် ဖျက်ဆီးခဲ့စဉ်

သမီးလေးကျေးရွာကနေ ရွှေ့ပြောင်းခံရတဲ့ ဒုက္ခသည်တွေကို စောင့်ရှောက်ပေးခဲ့တဲ့ အောင်သိဒ္ဒိဘုန်းတော်ကြီးကျောင်းနဲ့ ဘုန်းတော်ကြီးပညာသင်ကျောင်းဝင်းတခုလုံးကို ဖယ်ရှား ပေးဖို့ ပဲခူးတိုင်း ဆည်မြောင်းဦးစီးဌာနက စာထုတ်လိုက်တယ်လို့ ကျောင်းထိုင်ဆရာတော် ဦးအဂ္ဂဓမ္မက ဒီဗွီဘီကို မိန့်ပါတယ်။

ပဲခူးမြို့နယ်မှာ ရှိတဲ့ အလိုင်နီ ရေလှောင်တမံရဲ့ ပိုင်နက်အတွင်းမှာ ဘုန်းကြီးကျောင်းက ပါနေတာကြောင့် ရွှေ့ပြောင်းခိုင်းတာလို့ ဧပြီ ၁ ရက်နေ့က သက်ဆိုင်ရာက စာထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။

အောင်သိဒ္ဓိဘုန်းကြီးကျောင်းဝင်းဟာ ၄ ဧကခန့် ကျယ်ဝန်းပြီး စာသင်ကျောင်း အပါအ၀င် သီတင်းသုံးရာ ကျောင်းဆောင် စုစုပေါင်း ၆ ဆောင် ရှိပါတယ်။ ဘုန်းတော်ကြီး ပညာသင်ကျောင်းအဖြစ် အလယ်တန်းပညာ သင်ကြားတဲ့ကျောင်းလည်း ဖြစ်ပါတယ်။
အောင်သိဒ္ဓိဘုန်းကြီးကျောင်းမှာ ရဟန်းသံယာ ၂၀ နီးပါးလောက် သီတင်းသုံးနေကြပြီး စာသင်ကျောင်းမှာ စာသင်ကြားနေသူ ၂၀၀ ကျော်ခန့် ရှိပါတယ်။

အလိုင်နီ ရေကာတာ မတည်ဆောက်ခင်နဲ့ တည်ဆောက်နေစဉ်ကာလက ဒီဘုန်းကြီးကျောင်းကို ဖယ်ရှားခြင်းမရှိပဲ သမီးလေးကျေးရွာက ဒုက္ခသည်တွေကို ခိုလှုံခွင့်ပေးခဲ့ပြီးနောက် ခုလို ရွှေ့ပြောင်းဖို့ စာထွက်လာတာပါ။

လတ်တလော သမီးကလေးကျေးရွာသားတွေကတော့ ယာယီဒုက္ခသည်စခန်းကနေ ဒီကေဘီအေ ထိန်းချုပ်ရာ ထိုင်းမြန်မာနယ်စပ် သောင်းရင်းမြစ်နဘေးက ကျေးရွာတရွာကို ပြောင်းရွှေ့ နေကြပါတယ်။

DVB Burmese

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB