Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်မြို့ လူထုဆန္ဒခံယူပွဲ တက်ရောက်မည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် စနေ၊ တနင်္ဂနွေဖြစ်တဲ့ မတ်လ ၂၂ နဲ့ ၂၃ ရက်နေ့တွေမှာ မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့မှာကျင်းပမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲကို တက်ရောက်မိန့်ခွန်း ပြောကြားမှာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးတိုင်းခရီးစဉ်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးက RFA ကို အခုလို ပြောပါတယ်။


"ကျနော်တို့ ၂၂ ရက်နေ့ စနေနေ့ မနက်ပိုင်း နေပြည်တော်ကနေ ထွက်ခွာမယ်၊ ညနေပိုင်းမှာ မိုးကုတ်မြို့က ဘောလုံးကွင်းမှာ လူထုဟောပြောပွဲလုပ်ပါမယ်၊ မိုးကုတ်မှာညအိပ်ပြီး နောက်တစ်နေ့မနက်ပိုင်းမှာ ကျပ်ပြင်မှာ ဟောပြောပွဲတခါလုပ်ပါမယ်၊ အခြေခံဥပဒေပြင်ဆင်ရေး ခေါင်းစဉ်အောက်မှာပါ၊ ပြီးတာနဲ့ ပြင်ဦးလွင်က တော်ဝင်နှင်းဆီခြံမှာ ပြီးခဲ့တဲ့ ဧရာဝတီစာပေပွဲတော်တုန်းက အကြောင်းကြောင်းကြောင့် မတွေ့ဆုံလိုက်ရတဲ့ မန္တလေးကစာပေအသိုင်းအဝိုင်းနဲ့ တွေ့ဆုံတဲ့ပွဲပါ၊ ပြီးတာနဲ့ နေပြည်တော်ပြန်မှာပါ"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးတိုင်းခရီးစဉ်မှာ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်နဲ့ အခြားပါတီ အလုပ်အမှုဆောင်တွေလည်း လိုက်ပါသွားမယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ကိုပြင်ဆင်ဖို့အတွက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ပူးပေါင်းပြင်ဆင်သွားဖို့ ပူးတွဲကြေညာချက်လည်း ထုတ်ပြန်ထားပါတယ်။

RFA Burmese

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB