အဲဒီ ကတည်းက ကမ္ဘာက အာရုံစိုက်ပြီးသား ကိစ္စတစ်ခုကို ကမ္ဘာ မှာ ပြန်လည် တင်ပြမယ်ဆိုပြီး ကချင်ဝတ်စုံကို ရွေးချယ်ခဲ့တယ်။ ငြိမ်းချမ်းရေး အတွက် ဝတ်ဆင်ပါတယ် ဆိုပြီး ဝတ်ခဲ့ တယ်။ ကိုယ်ကိုယ်တိုင် ကမ္ဘာမှာ Show case တစ်ခုအနေနဲ့ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံ အတွက်နဲ့ အဲဒီဒေသ အတွက်လည်း ဂုဏ်ရည် တစ်ခုခုပြန်လုပ်ပေးချင် မိပါတယ်။ ဂျပန်နိုင်ငံ မှာလည်း ရန်ပုံငွေပွဲတွေ လုပ်ခဲ့တယ်။ မြန်မာနိုင်ငံ ရောက်တော့လည်း အဲဒီအတွက် ရန်ပုံငွေတွေ ဆက်ကောက်ရင်း နဲ့ပဲ ကချင်ဒေသမှာ စစ်ဘေး ဒုက္ခခံစားနေ ရတဲ့ ကလေးတွေရဲ့ ပညာရေးကို ပံ့ပိုးပေးဖို့ စိတ်ကူး လိုက်ပါ တယ်။ ဂုဏ်ရည်တို့ နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံပါ။ ပညာရေးက တအား လိုအပ် ပါတယ်။ စစ်ဘေးဒုက္ခ သည်တွေ အတွက် လိုအပ်ချက်တွေ အများကြီးရှိပါ တယ်။ အစား အသောက် လှူမယ်ဆိုရင် ကုန်သွားရင် ဗိုက်ပြန်ဆာမယ်။ အဝတ်အစားတွေ ဟောင်းနွမ်း သွားရင် ထပ်ပြီး လိုအပ်နေဦးမယ်။ ပညာ ရေးကတော့ ဘယ်တော့မှ မကုန်ခမ်းနိုင်ဘူး။ ပညာရွှေအိုး လူမခိုးပေါ့။ ပညာရေးကို ပံ့ပိုးပေးခြင်းဖြင့် အဲဒီပညာနဲ့ သူတို့ အသက်မွေး ဝမ်း ကျောင်းပြန် လည်ပြုလုပ်လာ ပြီးတော့ သူတို့ဘဝ အတွက် ခိုင်မာသွား မယ် ဆိုရင် ဂုဏ်ရည်တို့ လုပ်ဆောင်ပေးရ ကျိုးနပ်ပါပြီ” လို့ ပြောပါ တယ်။ ပေ၂ဝ ပတ်လည် အခန်း၂ဝ ရှိတဲ့ စာသင်ကျောင်း တစ်ကျောင်းကို ကချင်ဒေသမှာ မတ်လထဲ ကျောင်း သွားဆောက်ဖို့ စိတ်ကူး ထားပေမယ့် ရန်ပုံငွေ လိုအပ်ချက်ကြောင့် ဧပြီလ နောက် ဆုံးထားပြီး သွားဆောက် မှာဖြစ်ကြောင်း ဂုဏ်ရည်အေးကျော် က ပြောပါတယ်။
ခိုင်ဝေလွင်/popularmyanmar.
No comments:
Post a Comment