Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

သူ့ဘဝနဲ့ပတ်သက်တဲ့ သီချင်းတစ်ပုဒ်ရေးဖို့ ဆန္ဒရှိနေတဲ့ ကြက်ဖ

ခေတ်ရဲ့ပြောင်းလဲလာမှုတွေနဲ့ အတူ သူကိုယ်တိုင်လည်း ပြောင်းလဲမှုတွေရှိလာခဲ့ပြီလို့ပြောလာတဲ့ အနု ပညာရှင်ကတော့ ကြက်ဖပဲဖြစ်ပါတယ်။ ” ကျွန်တော့်အနေနဲ့ အသက် အပိုင်းအခြားအရလည်း ဘဝကတစ်ဝက်ကျိုးသွားပြီလေ။ အဲဒီတော့ ရှေ့ဆက်ပြီးတော့လမ်းမှန်ကို လျှောက်ဖြစ်တော့မယ်လို့ ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ နမော်နမဲ့ တအား နိုင်ခဲ့တယ်။ သင်ခန်းစာတွေလည်း အများကြီးရှိခဲ့ပြီဆိုတော့ ဒါကိုအကျိုးရှိရှိအသုံးချဖြစ်မယ်လို့ ထင်ပါတယ်” လို့ ယခုလက်ရှိအရွယ်မှာ ဘဝနဲ့ပတ် သက်ပြီး သိလာခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်းကို ကြက်ဖက ပြောပြပါတယ်။ ဖြတ်သန်းခဲ့ရတဲ့ ဘဝရဲ့တစ်စိတ်တစ်ဒေသကို ဖော်ကျူးနိုင်မယ့်သီချင်း မျိုးတွေ လည်းရေးဖို့အစီအစဉ်ရှိ ကြောင်းပထမဆုံးအနေနဲ့ဘဝနဲ့ ပတ်သက်တဲ့ သီချင်းတစ်ပုဒ်ကိုရေးဖို့ စီစဉ်ထားခဲ့ပြီးပြီဖြစ်ပေမယ့် အတီးပိုင်းနဲ့ပတ် သက်ပြီးခေါင်း စားနေရ ခြင်း ပဲ ဖြစ်ကြောင်းကြက်ဖကပြောပါတယ်။

” ကျွန်တော့်အနေနဲ့ အဖေ သီချင်းနဲ့စပေါက်ခဲ့တယ်။ အဖေ သီချင်းကို အိမ်တွင်းရေးဆိုပြီး နာမည်ပေးခဲ့တယ်။ ပြီးတော့ ဒါငါ့အမေဆိုပြီး အမေသီချင်းရေးခဲ့တယ်။ အဲဒီ သီ ချင်းနှစ်ပုဒ်မှာမှ ကျွန်တော်မှားခဲ့တဲ့ကျွန်တော့်ရဲ့ခံယူချက်လေးတွေ၊ ကျွန်တော့်ရဲ့ခံစားချက်လေးတွေကို ပြင်ဖြစ်ပြီး အခုလက်ရှိ ခံစားချက်အနေနဲ့ သီချင်းသစ် တစ် ပုဒ်ရေးနေတယ်။ အိမ်တွင်းရေး(၃)ဆိုတာလည်းဖြစ်လာနိုင်ပါသေးတယ်။ ဘာ ကြောင့်လဲဆိုတော့ ကျွန်တော့်အနေနဲ့ မိဘနေရာမရောက်သေးတဲ့ အတွက်မိ ဘတွေ ရဲ့ခံ စားချက်ကိုနားမလည် နိုင်သေးတာလည်းပါတယ်။အခုရေးမယ့် သီချင်းတွေအပေါ်မှာလည်းမှားမှာကို ကြောက်တယ်။
ကျွန်တော့်ကိုယ် ကျွန် တော် မယုံရဲဘူးဖြစ်နေတာပေါ့” လို့ လက်ရှိခံစားချက်အရ ရေးချင်စိတ်ဖြစ် ပေါ်နေတဲ့သီချင်းတွေနဲ့ပတ်သက်ပြီး ကြက်ဖကပြောပြပါတယ်။အခု လတ်တလောမှာတော့ကြက်ဖက ဒါရိုက်တာဝင်း ထွန်းထွန်းရိုက်ကူးတဲ့ ” စနစ်တကျဆိုးသွမ်းကြသူများ” ဗီဒီယိုဇာတ်ကားကို မြင့်မြတ်၊ ယုန်လေးတို့နဲ့ပါ ဝင် သရုပ်ဆောင် ထားပါတယ်။

လင်းအက္ခရာ/popularmyanmar

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB