Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 ရဲ့ ဆက်သွယ်ရေး စနစ်တွေကို ခြေရာခံလို့မရအောင် လေယာဉ်ပေါ်က တစ်စုံတစ်ယောက်က ရည်ရွယ်ချက်နဲ့ ပိတ်ပစ်ခဲ့တယ်လို့ မလေးရှား ၀န်ကြီးချုပ် Najib Razak က ပြောလိုက်ပါပြီ။

ထပ်မံသိရှိရတဲ့ ဂြိုဟ်တုနဲ့ ရေဒါ အချက်အလက်တွေ အရ လေယာဉ်ဟာ ခြေရာပျောက်သွားပြီးနောက်မှာ လမ်းကြောင်းပြောင်းလိုက်ပြီး နောက်ထပ် ၇ နာရီလောက် ဆက်လက် ပျံသန်းနေခဲ့တယ်လို့ သူက ပြောပါတယ်။

လေယာဉ်ဟာ ထွက်ခွာပြီး တစ်နာရီလောက်အထိ အရှေ့ဘက် တောင်တရုတ်ပင်လယ်ကို ဦးတည် ပျံသန်းနေခဲ့ပြီးမှ ဗီယက်နမ် လေပိုင်နက်နဲ့ မလေးရှား လေပိုင်နက် စပ်ကြား အရောက်မှာ လေယာဉ်ကို ခြေရာခံနိုင်တဲ့ transponder ကို တစ်စုံတစ်ယောက်က ပိတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်သုံး ရေဒါက တွေ့ရှိချက်အရ အဲဒီနောက်မှာ မလေးရှားဘက် ပြန်လှည့်ခဲ့ပြီး တစ်ခါ အနောက်မြောက်ဘက်ကို ဦးတည် ပျံသန်းနေခဲ့ရာမှာ ၇ နာရီလောက် အကြာမှာတော့ ဂြိုဟ်တုတစ်လုံးက လေယာဉ်ဆီက အချက်ပြမှုကို တစ်ကြိမ် ဖမ်းယူရရှိခဲ့ပါတယ်။

အဲဒီ ဂြိုဟ်တုဟာ လေယာဉ်ရဲ့ နောက်ဆုံးတည်နေရာ အတိအကျကို မပြောနိုင်ပေမယ့် ကာဇက်စတန်ကနေ ထိုင်းနိုင်ငံမြောက်ပိုင်း အထိ မြောက်ဘက်လမ်းကြောင်း၊ သို့မဟုတ် အင်ဒိုနီးရှားကနေ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းအထိ တောင်ဘက်လမ်းကြောင်းမှာ ရှိနေနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အခု အချက်အလက်သစ်တွေအရ လေယာဉ်ပျောက် ရှာဖွေသူတွေအနေနဲ့ လိုက်ပါသွားတဲ့ ခရီးသည်တွေကို ပစ်မှတ်ထားပြီး ရှာဖွေဖို့ ဖြစ်လာပြီလို့ မလေးရှား ၀န်ကြီးချုပ်က ပြောပါတယ်။

တစ်ခါ လေယာဉ်ဟာ ပြန်ပေးဆွဲခံရတာပါလား ဆိုတဲ့ မေးမြန်းချက်ကိုတော့ အတည်မပြုနိုင်သေးပါဘူးလို့သာ သူက ဖြေကြားသွားပါတယ်။

BBC Burmese


No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB