Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

မသင်္ကာသူကို စစ်ဆေးရာမှ ဆိုင်ကယ် (၁၅)စီးခိုးမှုပေါ်


ရန်ကုန်၊ မတ် ၁၅

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှ တပ်ဖွဲ့ဝင်များသည် ထောက်ကြန့်နယ်မြေရဲစခန်း (ပ)၃၅၉/၂၀၁၃၊
ပုဒ်မ ၃၈၀အမှုဖြင့် မသင်္ကာစစ်ဆေးလျက်ရှိသော မိုးဇက်၊ (ဘ)ဦးအောင်ကျော်မိုး၊ လှိုင်သာယာမြို့နယ်နေသူကို ခိုးမှုများကျူးလွန်
ထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးရာ ၎င်းသည်၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ညအချိန်
များတွင် လှိုင်သာယာမြို့နယ်၊ (၉)ရပ်ကွက်မှ KENBO 125အနက်ရောင်
ဆိုင်ကယ်(၁)စီးအားလည်းကောင်း၊ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်
ရပ်ကွက်မှ TATABO 110အနက်ရောင်ဆိုင်ကယ် (၁)စီးအားလည်းကောင်း ခိုးယူရောင်းချထားကြောင်းပေါ်ပေါက်ခဲ့ပါသည်။

၎င်းအပြင် ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလအတွင်းက ညအချိန်များတွင် လှိုင်သာယာမြို့နယ်၊ အတွင်းဗဒံရပ်ကွက်မှ KENBO 110 အနက်ရောင်
ဆိုင်ကယ် (၁)စီး၊ TOYOBO 125 အနက်ရောင်ဆိုင်ကယ် (၁)စီး၊
ကုလားကြီးစုတိုးချဲ့ရပ်ကွက်မှ KENBO 125အနက်ရောင်ဆိုင်ကယ်(၁)စီး၊ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်မှ MDL 125 အနက်ရောင်
ဆိုင်ကယ် (၁)စီး၊ မြို့သစ်(က+ခ)ရပ်ကွက်မှ KENBO 110 ကျောက်စိမ်း
ရောင်ဆိုင်ကယ် (၁)စီး၊ ကမ်းနားအနောက်ရပ်ကွက်မှ KENBO 125 ခဲ/နက်ရောင်ဆိုင်ကယ် (၁)စီးတို့အား လည်းကောင်း၊ဖေဖော်ဝါရီလ
အတွင်းက ညအချိန်များတွင် လှိုင်သာယာမြို့နယ်၊ (၂)ရပ်ကွက်မှ
KENBO 125 အနက်ရောင်ဆိုင်ကယ် (၁)စီး၊(၅)ရပ်ကွက်အတွင်းမှ
HIBOBO CZI 125 နီ/နက်ဆိုင်ကယ် (၁)စီး၊ (၁)ရပ်ကွက်အတွင်းမှ
JLM 125 နက်ပြာရောင်ဆိုင်ကယ် (၁)စီး၊ (၉)ရပ်ကွက်အတွင်းမှ
HIBOBO CZI 125 ကြက်သွေးရောင်ဆိုင်ကယ် (၁)စီး၊ အတွင်းဗဒံ
ရပ်ကွက်မှ FENGCI 110 အနက်ရောင်ဆိုင်ကယ်(၁)စီး၊ အင်းစိန်
မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်မှ NEW ANBO WAVE I 125 အပြာရောင်ဆိုင်ကယ် (၁)စီး၊ ကမ်းနားအနောက်ရပ်ကွက်မှ HUIDA 110 အနက်ရောင်ဆိုင်ကယ် (၁)စီးတို့အားလည်းကောင်း ခိုးယူရောင်းချ၊
ပေါင်နှံထားကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ယင်းကဲ့သို့ ဆိုင်ကယ်များခိုးယူခဲ့ကြောင်း ပေါ်ပေါက်သဖြင့် မိုးဇက်အား သက်ဆိုင်ရာရဲစခန်းများတွင် အမှုများအသီးသီးရေးဖွင့်ကာ သက်သေခံ
ဆိုင်ကယ်များပြန်လည်သိမ်းဆည်းခဲ့ပြီး ဆက်လက်အရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB