Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ကမ္ဘောဒီးယား သစ်ခုတ်သမား ၁၅ ဦးကို ထိုင်းစစ်တပ် ပစ်သတ်

ထိုင်းနယ်မြေတွင်းသို့ တရားမဝင် ဝင်ရောက်ပြီး အဖိုးတန်သစ်များ ခုတ်ယူရန် ကြံစည်သည့် ကမ္ဘောဒီးယား ရွာသား ၁၅ ဦးကို ထိုင်းစစ်သားများက သောကြာနေ့တွင် ပစ်သတ်ခဲ့သည်ဟု ကမ္ဘောဒီးယား တပ်မတော်က စွပ်စွဲ ပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

သစ်ခုတ်သမားများကို ထိုင်းတပ်မတော်က ပစ်သတ်သည်ဟု ကမ္ဘောဒီးယားက စွပ်စွဲ ပြောကြားခဲ့သော်လည်း ထိုင်းအရာရှိများက ၎င်းသတင်းကို ငြင်းဆိုထားသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ကလည်း ထိုင်းနယ်မြေတွင်းသို့ ကျူးကျော် သစ်ခုတ်သည့် ကမ္ဘောဒီးယား သစ်ခုတ်သမား ၁၂ ဦး ပစ်သတ်ခံခဲ့ရပြီး ယင်းမတိုင်ခင် ရက်သတ္တတစ်ပတ် အတွင်းကလည်း သုံးဦး ပစ်သတ် ခံခဲ့ရကြောင်း ကမ္ဘောဒီးယား ထောက်လှမ်းရေး အရာရှိ ပရတ်က ပြောကြားသည်။
“နယ်စပ်ဖြတ်ကျော်ပြီး သစ်မခုတ်ဖို့ အာဏာပိုင်တွေက ပြည်သူတွေကို ပညာပေး ပြောကြားတာပဲ။ ဒါပေမဲ့ သစ်မာက အရမ်းကို တန်ဖိုးကြီးတယ်” ဟု ၎င်းကပြောကြားသည်။

ယင်းကဲ့သို့သော ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း နယ်မြေခံ ကမ္ဘောဒီးယား စစ်ဒေသမှူး ပန်ဆောင်က အတည်ပြု ပြောကြားလိုက်သည်။
“ကမ္ဘောဒီးယား သစ်ခုတ်သမားတွေကို မသတ်ဖို့ ထိုင်းစစ်တပ်ကို အကြောင်း ကြားထားပါတယ်။ သူတို့ကို ဖမ်းဆီး ထိန်းသိမ်းဖို့၊ ဒဏ်ရိုက်ဖို့ပဲ ပြောထားပါတယ်။ ဒါပေမဲ့လည်း ထိုင်းတွေက ဆက်သတ် နေကြပါတယ်။ ကျွန်တော်တို့တွေလည်း ဘာဆက်လုပ်ရမလဲ မသိပါဘူး” ဟု ပန်ဆောင်က ဆက်လက်ပြောကြားသည်။

သို့သော်လည်း ယင်းကဲ့သို့သော ပြောကြားချက်ကို ဒေသခံ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုလိုက်ပြီး ကမ္ဘောဒီးယားနိုင်ငံသား အများအပြားသာ သတ်ဖြတ်ခံရပါက ဖနွမ်းပင်ထံမှ တရားဝင် ကန့်ကွက်မှုများ ပေါ်ပေါက်လာမည် ဖြစ်သည်ဟု တုံ့ပြန်လိုက်သည်။

ဒေါ်လာထောင်နှင့် ချီတန်သော သစ်မာများကို ရှာဖွေနိုင်ရန် ထိုင်းနယ်မြေတွင်းသို့ ကမ္ဘောဒီးယား သစ်ခုတ်သမားများ မကြာခဏ ခိုးဝင်လေ့ရှိပြီး တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့တွင် သစ်မာ ဝယ်လိုအား များပြားလျက် ရှိသည်။

ကမ္ဘောဒီးယား နိုင်ငံတွင်း နှစ်ပေါင်းများစွာ မဆင်မခြင် သစ်ခုတ်လှဲ ခဲ့ခြင်းကြောင့် နိုင်ငံ၏အဖိုးတန် သစ်တောသယံဇာတများ ဆုံးရှုံးခဲ့ရပြီး ယခုကဲ့သို့ ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက် ရှာဖွေနေရခြင်း ဖြစ်သည်။

ယင်းကဲ့သို့သော ဝင်ရောက် ခုတ်လှဲသူများကို ပစ်သတ်ခြင်း မပြုဘဲ ဖမ်းဆီး ထိန်းသိမ်းပေးရန် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် အပါဝင် အစိုးရ အရာရှိများစွာက ထိုင်းနိုင်ငံကို မကြာခဏ တိုက်တွန်း ပြောကြားထားသည်။

ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံကြားရှိ နယ်နိမိတ်ကိုလည်း လက်ရှိအချိန်ထိ တရားဝင် သတ်မှတ်ရခြင်း မရှိသေးဘဲ နယ်စပ် ဖြတ်ကျော် ဝင်ရောက်သည့် ကမ္ဘောဒီးယား သစ်ခုတ်သမား ၆၉ ဦးကို ပြီးခဲ့သည့် နှစ်အတွင်း ထိုင်းတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ကြောင်း ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly




No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB