Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ကော်မရှင် နှင့် ဥပဒေများ မပြင်ပါက ရွေးကောက်ပွဲ သည် လွတ်လပ် နိုင်သော်လည်း တရား မျှတမှု မရှိနိုင် ဟု ဆို

ရွေးကောက်ပွဲ ကော်မရှင် တွင် ခန့်ထား သူများနှင့် ရွေးကောက်ပွဲ နှင့် သက်ဆိုင်သော ဥပဒေ များကို မ ပြင်ဆင် ပါက လာမည့် ၂၀၁၅ ရွေးကောက်ပွဲ သည် လွတ်လပ် နိုင်သော် လည်း တရား မျှတ မှုမရှိ နိုင်ကြောင်း NLD ပါတီ ၏ ပြောရေး ဆိုခွင့် ရှိသူ ဦးဉဏ်ဝင်း က The Messenger သတင်းစာ သို့ ပြောသည်။

တရားမျှတဖို့ဆိုရင် ကော်မရှင်ကို လည်းပြောင်းလဲ သင့်တယ်။ ဥပဒေ တွေကို လည်း ပြင်ရမယ်။ ဖွဲ့ စည်းပုံ အခြေခံဥပဒေ တွေလည်း ပြင်ရမယ်။ ဒါတွေ မပြင်ဘဲနဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ လွတ် လပ်ချင် လွတ် လပ် မယ်။ တရားမျှတမှု မရှိနိုင်တော့ ဘူးလို့ ထင်တယ်”” ဟု ဦးဉာဏ်ဝင်း က ပြော သည်။ ရွေးကောက် ပွဲ တွင် ပါတီများ မှန်ကန်စွာ ယှဉ်ပြိုင်နိုင်ရေးအတွက် လူမှုအဩအစည်းများ ၏ အကူအညီယူမည်ဆိုပါကလည်း လွတ် လပ် သောအကူအညီဖြစ်၊ မဖြစ် စောင့်ကြည့်မည် ဖြစ်ကြောင်း၊ NLD ပါတီ အနေ ဖြင့် ဥပဒေ အရ တရားဝင်
မှတ်ပုံတင်ထားသောကြောင့် ရွေးကောက်ပွဲဝင်ရမည်ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် ရွေးကောက်ပွဲနှင့် ပတ် သက် ၍ ကြေညာချက်များ မထွက်ရှိသေးသောကြောင့် အသေးစိတ် မပြောနိုင်သေးကြောင်း ဦးဉာဏ် ၀င်းက ဆိုသည်။ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ဟာ ကွက်မရှိစေဘဲ အောင်မြင်စွာ ကျင်းပနိုင်ရန် နှင့် လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပနိုင် ရေးဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ထိုသို့ အောင် မြင်စွာ ဆောက်ရွက်နိုင်ရေးအတွက် အခန်း (၁၂) ခန်း ပါရှိသော ၂၀၁၄-၂၀၁၈ ငါးနှစ်တာ မဟာဗျူဟာ စီမံကိန်းကို ၂၀၁၃ ခုနှစ်၊ ဇွန်လ မှ စ၍ ရေးဆွဲခဲ့ကြောင်း၊ ထိုသို့ ရေးဆွဲ ရာ တွင် အခြားနိုင်ငံများတွင် ရေးဆွဲခဲ့ သော မဟာဗျူ ဟာ စီမံကိန်းများကို လေ့လာခဲ့သည့် အပြင် ပညာရှင်များကလည်း နည်းပညာများအကူ အညီ ပေးခဲ့ကြောင်း၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက်္ကဋ္ဌ ဦးတင်အေးက မတ်လ (၁၃) ရက်နေ့တွင် ပြော ကြား ထားသည်။

၂၀၁၀ ရွေးကောက်ပွဲမှာ တချို့က သပိတ်မှောက်တာတွေ၊ အချို့ ပါတီ တွေ က ၀င် ပြိုင်တာတွေ ရှိခဲ့တယ်။ မဲ မသမာမှုတွေ ရှိခဲ့ တယ်လို့ အင်တာနက်တွေ၊ မီဒီယာ တွေမှာ တွေ့ရပါတယ်။ အထူးသဖြင့် ကြို တင်မဲ ဆိုတဲ့ မဲနဲ့ အနိုင်ယူတာလည်း ကျွန်တော်တို့ ကြုံခဲ့ရ တော့၊ အခု ကော်မရှင် ကတော့ ပြောနေတယ်။ ကျွန်တော်တို့ အပါအ၀င် တော်တော်များများ က အခြားနည်းလမ်းတစ်ခုနဲ့ ဖြစ်လာမလား ဆိုတာ စိုးရိမ်နေတယ် ဟု ရခိုင် အမျိုးသား ပါတီ ပထမခေါင်းဆောင် ဦးအေးသာအောင် က The Messenger သတင်းစာသို့ ပြော သည်။

၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတမှု ရှိစေရန် နိုင်ငံ တကာ မှ တိုက်တွန်း ပြောဆိုမှု များလည်း ရှိနေ သည်။ ၂၀၁၅ ရွေးကောက်ပွဲ တွင် အဓိက ပါတီကြီး နှစ်ခုဖြစ်သော USDP နှင့် NLD ပါတီတို့ ယှဉ်ပြိုင်ရမည် ဖြစ် သည်။ USDP ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၂၀၁၅ တွင် တရား မျှတစွာ ယှဉ်ပြိုင်လိုသည်ဟု ပြောကြား ထားကာ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကလည်း ရွေးကောက်ပွဲ ၀င်၊ မ၀င် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်၊ မပြင် ကြည့်၍ ဆုံးဖြတ်မည်ဟု ပြောကြားထားသည်။ ၂၀၀၅ ခုနှစ် ရွေးကောက်ပွဲတွင် ပါတီများ မှန်ကန်စွာ ယှဉ်ပြိုင်ရေးနှင့် မဲရုံအဖွဲ့ ဝင်များ ဥပဒေနှင့် အညီ ဆောင်ရွက်ရေးအတွက် လူမှုအဖွဲ့ အ စည်းများမှ စောင့်ကြည့် သည့် အဖွဲ့ များကို လည်း ခွင့်ပြုမည်ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက်္ကဋ္ဌက ပြောကြားထားသည်။

Messenger News Journal

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB